ကြေပါစေတော့

Linn LettSeptember 28, 20101min00

အို ………… ချစ်သူ
မနေ့ညက အိမ်မက်ဆိုးတွေမက်တယ်
ကမ္ဘာတစ်ပတ် ပတ်ပြေးရသလို မောဟိုက်ပြီး
ချွေးတွေရော မျက်ရည်တွေပါ
ရွှဲနစ်လို့ နိုးထလာခဲ့ရတယ်
မနက်လင်းတဲ့အထိ
အိမ်မက်က ဖျောက်ဖျက်မရခဲ့ဘူး
ဘယ်သူ့ကိုသွားပြီးရင်ဖွင့်ပြောပြရမလဲ …..။
အို …………. ချစ်သူ
ကိုယ့် ရင်ထဲမှာ လွမ်းဆွတ်နေတဲ့ အကြောင်းပြောပြချင်ပေမယ့်
ချစ်သူအားတဲ့အချိန် ကိုယ် ကမရှိ
ကိုယ် အားတဲ့အချိန်ကြချစ်သူကမလာ
လွမ်းဆွတ်တဲ့အကြောင်းလေးတွေ
ဘယ်သူ့ကိုသွားပြီးရင်ဖွင့်ရပါ့မလဲ…..။
အိုချစ်သူ
ဒါတွေဟာဝဋ်ကြွေးတွေဖြစ်ခဲ့ရင်
ဒီဝဋ်ကြွေးဒီမှာတင်ကျေပါစေတော့
သံသရာအဆက်ဆက်ရှိနေသမျှ
ဘယ်သောအခါမှ
ချစ်ရသောချစ်သူနှင့်
ဝေးကွာနေသောဘဝမျိုး
မဖြစ်ပါရစေနဲ့လို့
ဆုတောင်းနေမိခဲ့တာအကြိမ်ကြိမ်ပါ
ဒီဝဋ်ကြွေး ဒီဘဝ
ဒီညနဲ့သာ ကြေပါစေတော့…..ကြေပါစေတော့ …။

Leave a Reply

Your email address will not be published.