တစ်ဖက်သတ်

Linn LettSeptember 28, 20101min00

တူနှစ်ကိုယ် မချစ်ခဲ့ရပါတဲ့
မေ့လိုမရတဲ့ သူ့ကို ‘ချစ်သူမို့လား’….လို့မေးရင်
No …. လိုဖြေရလိမ့်မယ်
သံယောဇဉ်ရယ်လို့ ဖြစ်တည်ခဲ့တဲ့
အချိန်လေးတွေ အတိတ်က အရိပ်တွေလို ‘ကျန်ခဲ့သလား’…လို့မေးရင်
No …. လို့ဖြေရလိမ့်မယ်
အကြင်နာအမှတ်တရနဲ့ ရင်မှာအသက်တမျှ ‘ချစ်ခဲ့ကြသလား’ …လို့မေးရင်
No …. လို့ဖြေရလိမ်မယ်….
တူနှစ်ကိုယ်တွေ့ဖို့ လွမ်းအားတွေပိုနေတဲ့
ကျွန်မ ရင်ထဲမှာ ‘ဘာတွေကျန်ခဲ့သလဲ’… မေးရင် …
သူပေးခဲ့တဲ့ဒဏ်ရာတွေနဲ့….
Mail တွေ (အလွမ်းပြေ)ပဲ ကျန်ခဲ့တယ်လို့ ဖြေရလိမ့်မယ်
သေခြာတာတစ်ခုက တစ်ခြမ်းထဲပဲ ချစ်ခဲ့မိတယ်လို့
ဒါမှမဟုတ်……
ကိုယ့်ဘက်က မရိုးဖြောင့်မိခဲ့တာပဲ သေချာမိမှာပါ…….

Leave a Reply

Your email address will not be published.