Do & Don’t – Rules for Writers – Must Read!

Xmas

မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ
တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။
၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။
ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။
ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။
မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။
သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။
၂) စာတင်နေသူများ ခင်ဗျား။
ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။
သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
(တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။
ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။ ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။
ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင် Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။
( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)
==================
စည်းကမ်းများ
- မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
- Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
- မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
- ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
- သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
- လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
- ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
- ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
- မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။
အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။
အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။
—
ပွိုင့်ပေးစံနစ်ဖြည့်စွက်
- တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁၀ခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
- တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀၀ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
========================
ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
– ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
– စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
– Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
– စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
– Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
– နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)

294 comments
ဆူး
October 18, 2010 at 6:52 am
အက်ဒမင်ကြီးတို့်ရေ.. မနေ့က တင်တဲ့ မမနှဲ ဒုက္ခ ဆိုတဲ့ ပိုစ်နဲ့ အခု တင်နေတဲ့ ကင်ချီ ပိုစ်နဲ့.. ရှုပ်ကုန်ပြီ။ တလွဲတွေ ဖြစ်ကုန်ပြီ.. မနှဲလေးနဲ့ ကင်ချီ အကြောင်းဖြစ်နေပြီး အကြောင်း အရာ လုံးဝ မဆက်ဆပ်တော့ ထပ်နေတော့ စာဖတ်သူတွေ အတွက် ရီစရာကြီး ဖြစ်နေပြီ နာမည်နဲ့ ပိုစ်လွဲနေတယ်.. ပိုစ် အသစ် တင်လို့ မရဘဲ အဟောင်းမှာဘဲ ထပ်နေတယ်
kai
October 18, 2010 at 8:26 am
လူတွေအရမ်းများနေပါတယ်..။
ဆာဗာလည်းမနိုင်ပြန်ဘူူးထင်တယ်..။
85 visitors online now
Max visitors today: 110 at 04:22 am UTC
အဲဒီကင်ချီ ပိုစ့်ဖျက်လိုက်တော့ အဆင်နည်းနည်းပြေသလိုပဲ..။
အဇူဗာကျောင်းက ပို့စ်တွေလည်းဖျက်လိုက်ရတယ်..။
ဆူး
October 18, 2010 at 9:09 am
အဆင်ပြေသလို သာ လုပ်ပါ.. နောက် ဆာဗာ အားရှိမှ တင်မယ်.. အခုတော့ အားနည်းနေလို့.. မတင်တော့ဘူး..
ဆူး
October 18, 2010 at 9:29 am
ကောင်းသွားပြီနဲ့ တူတယ်.. ကြော်ညာတွေ ပြန်တက်လာပြီး စောစောက ကြော်ညာတွေ မတက်ဘူး အဲဒီ နေရာမှာ ကွက်လပ်ကြီး ဖြစ်နေသလို ဘာလင့်မှ မပေါ်ဘူး။ အခုတော့ ပုံမှန် အနေ အထား အတိုင်း ဖြစ်နေပြီလို့ ထင်တယ်။ အချိန်ကလည်း ညနေစောင်းပြီကိုး.. ဒီဆိုက်က ညနေစောင်းရင် နေကောင်းတယ် မနက်ဆို နဲနဲ ဖျားချင်သလို ဖြစ်ပြီး နေ့လည်မှာ အဖျားတက်တယ်။
kohtoo
October 20, 2010 at 9:41 am
Dear Admin ရေ၊
ကျ နော် တင် ထား တဲ့ Post – တွေး မိ တွေး ရာ (၃) …က တင် တုန်း က တော့ အ ပေါ် မှာ တွေ့ လိုက် ပါ တယ်။ ဒါ ပေ မဲ့ Monday 18/10/2010 နေ့ ပြန် ကြည့် တော့ မ တွေ့ တော့ ပါ။ ရှာ ရင်း နဲ့ ဒီ နေ့ မှ TRASH ထဲ မှာ ပြန် တွေ့ ပါ တယ်။ ဘာ ဖြစ် လို့ ပါ လဲ။ မ တင် သင့် ဘူး ဆို ရင် လည်း ဖျက် ပေး ပါ။
စာ ရေး တဲ့ အ ကျင့်၊ လေ့ ကျင့် ပေး တဲ့ နေ ရာ ဖြစ် လို့ ၊ဒီ ထက် မ က၊ POST ကောင်း များ များ တင် နိုင် ကြ ပါ စေ။ Web page များ ကို တန် ဘိုး ရှိ ရှိ အ သုံး ပြု နိုင် ကြ ပါ စေ။
ကျေး ဇူး တင် စွာ ဖြင့်
kai
October 21, 2010 at 10:02 pm
အဲဒါပို ့စ်တင်တုံး .. တခုခုဖြစ်တာမို ့..ကျန်တဲ့ပို ့စ်တွေတင်မရပဲ..အဲဒှပိုစ့်နဲ့တစ်နေလို့ ဖျက်တာပါ။
အထဲက ရေးထားတာနဲ့မဆိုင်ပါဘူး..။
ပုံမှန်အတိုင်း.ပြန်တင်စေလိုပါကြောင်း..
bigcat
October 28, 2010 at 10:45 pm
ဆရာခိုင်ရေ
ဆိုက်ကပြောင်းလိုက်တိုင်း မိုဇီလာဖိုင်းယားဖောက်နဲ့ ဝင်ရတာ စာလုံးတွေ အဆင်မပြေလို့ သတိပေးနေရပါတယ်။ အခုလည်း အဆင်မပြေပါ။ အရင်လို လည်ပတ်သူအရေအတွက်ကို ပို့စ်မျက်နှစာမှာ ထည့်ပေးထားနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။
kai
October 28, 2010 at 10:52 pm
ညကျပြန်ပြင်ပါ့မယ်။ အခုက ရုံးက ခိုးလုပ်နေရတာ.. 🙂
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ နဲ့ညိလားမသိဘူး..။
bigcat
October 28, 2010 at 11:00 pm
မပူပါနဲ့။ မုသာဝါဒကံပဲ မြောက်ပါတယ်။
weiwei
October 29, 2010 at 3:51 pm
ဒီနေ့ အသစ်ပြောင်းလိုက်တယ့်ဒီဇိုင်းက မဆိုးပါဘူး .. ဒါပေမယ့် စာလုံးတွေကျတော့ ပိုသေးပြီး အရောင်မှိန်သွားသလိုပဲ .. ဓါတ်ပုံတင်တော့လဲ ဆိုဒ်အသေးတောင်မှ full size နဲ့တင်မရလို့ large နဲ့ပြန်လုပ်လိုက်ရတယ် … ခါတိုင်းတုန်းက screen အပြည့်ဓါတ်ပုံပေါ်ပြီး အခု အကွက်နေရာသေးသေးပဲပေါ်နေတော့ မြင်ရတာ အဆင်မပြေဘူးဖြစ်နေပါတယ် ..
ဆူး
October 29, 2010 at 5:20 pm
ဖြစ်စေချင်တာကတော့ အပေါ့ပါးဆုံးနဲ့ အမြန်ဆုံး သုံးလို့ရတဲ့ ဟာမျိုး ဖြစ်စေချင်တယ်.. ဖေ့ဘွတ်ကတော့ ဝင်လို့ရတယ် တနေလုံး.. ဒီဆိုက်က အချိန်ပိုင်း လုဝင်နေရတာ.. ပင်ပန်းတယ်။ နည်းလမ်းရှိရင် အကြံထုတ်ပါအုန်းနော်..
ဆူး
October 29, 2010 at 6:11 pm
အရင်လို ရှေ့နောက် တင်ထားတဲ့ ပို့စ်တွေ စာမျက်နှာတွေ ပေါ်မှာ မတွေ့ဘူးနော်.. အဲဒါလေး ထည့်ပေးပါလား… ပထမ စာမျက်နှာမှာ မတက်လည်း ဟိုဘက် ဒီဘက် နိးစပ်ရာ သွားလို့ လွယ်အောင်
bigcat
October 29, 2010 at 11:56 pm
အန်တီဆူးပြောတာကို မဖောက်မပြန် ထောက်ခံပါတယ်။ ပို့စ်တခုချင်းစီကို လာရောက်ကြည့်သူ အရေအတွက်ကိုလည်း တင်ပေးသင့်ပါတယ်။ ကျနော်ကတော့ အဟောင်းမက်တယ်ပဲ ဆိုချင်ဆို မူလပုံစံကိုပဲ နေသားတကျဖြစ်တယ်။
kai
October 30, 2010 at 1:31 am
PM ကိုဖွင့်စေချင်လို့ ဒီလိုဖြစ်နေတာပါ။ ဒီ Themeကမန်င်ဘာအချင်းချင်း ဆက်သွယ်လို့ရတယ်လေ.။
ပို ့စ်ကောင့် တခုချင်းစီအပေါ်ဘယ်ဖက်ထောင့်မှာပေါ်နေပါပြီ
ကျန်တာလေးတွေ ဖြည်းဖြည်းဆက်လုပ်ပါမယ်..။
R Ga
November 9, 2010 at 1:29 pm
စကားမစပ် အတ်ဒမင်ရေ …..ပွိုင့်ပေးပုံစနစ်များ ပြောင်းသွားသေးလားလို့…
ပိုစ် တစ်ခု ကို ၈ဝ ဖြစ်သွားလားလို့ဗျာ..။ အခြားလူဖြစ်မဖြစ်တော့မသိဘူးဗျ..။
ကျွန်တော်တစ်ယောက်တည်းဖြစ်နေသလားလို့ပါ။
ဆူး
October 30, 2010 at 2:50 am
စာပို့လို့ ရပါသော်လည်း.. ရှေ့စာမျက်နှာမှာ အတင်မခံရတဲ့ ပိုစ်တွေ လူတွေ သိပြီ ဖတ်စေချင်ရင် ကွန်မန့်ပေးပြီး အမှတ်အသားထားရ မလိုဖြစ်နေပြီ.. အဟင့်.. ပိုစ်တင်ရင် လူလည်ကျရမလို ဖြစ်နေပြီ..
မိုက်ကယ်ဂျော်နီအောင်ပု
October 30, 2010 at 10:12 am
တစ်ခါမှ မတောင်းဆိုဘူးလို ့ ခေတ်မှီအောင် တောင်းဆိုလိုက်ပါသည်
တောင်းဆိုတယ်ဆိုပေမယ့် ထင်တာကို ပြောတာပါ အခြေနေမဟန်ရင်တော့ ပြေးရုံပါဘဲ
ယ္ခု ဂေဇက်စာမျက်နှာစခရီန် ကို ကြည့်ရတာ စခရီန်ရဲ ့ ရီဖလိက်စ် ရောင်ပြန်ဟာ မျက်စေ့ကို တော်တော်ဝါးစေပါတယ် လို ့ထင်ပါတယ်
အခြားမော်နီတာနဲ ့ ကြည့်တော့လည်း မျက်စေ့ကို ရောင်ခြည်စူးပါတယ် အရင်ပုံစံလောက်လည်း မဂွတ်ဘူးလို ့ထင်ပါတယ်
ဒါပေမယ့် ဆိုက်ရဲ ့အခက်ခဲတော့ I ဒုန်းနိုးပါ
kopauk mandalay
October 30, 2010 at 5:15 pm
တောင်းဆိုတာမှန်သမျှကိုလိုက်လျှောပေးဘို့ အစည်းအဝေးထိုင်နေပါပြီ။
မားမားခေါက်ဆွဲလိုပြောလိုက်မယ် 3 မိနစ်ပဲစောင့်
winkyawaung
October 30, 2010 at 5:39 pm
ကျွန်တော်တို့ကတော့ IT နည်းပညာတွေကို နားမလည်ပါ။ အားလုံး အဆင်ပြေအောင်သာ ဆောင်ရွက်ပေးကြပါခင်ဗျာ.။ ကွန်နရှင် က မကောင်း တော့ ပို့စ်တင်ရတာ တော်တော်ကို အချိန်ယူနေရပါတယ်..။ မန္တလေး ဂေဇက် ကို တိုက်ခိုက်မယ့် အန္တရာယ်ကင်း ပါစေ..။
မိုက်ကယ်ဂျော်နီအောင်ပု
November 7, 2010 at 1:10 pm
အကို………….
ဟိုလေ
ဟို
ကော်မန် ့ပေးတဲ့ အထည်းမှာလေ
အသံဖိုင် သေးသေးလေးတွေ( KB လောက်ပေါ့ ) ထည့်လို ့ရအောင် လုပ်ပေးလို ့မရဘူးလားဟင်
ဥပမာပေါ့ ကိုရယ် ဟီဟီး တို ့ ဟားဟား တို ့တစ်ခြား ဘရုပ်သုတ်ခ အသံဗလံလေးတွေနဲ ့မန်းရင်
ပျော်စရာကောင်းမလားလို ့ ပြောကြည့်တာ
မရရင်လည်း
ကို ့ဘော
ကို ့ဘော
bigcat
November 7, 2010 at 1:16 pm
ကိုပု ခင်ဗျားက ကိုခိုင်ကိုလား၊ ဖြိုးကိုလား။ ဆိုင်ကယ်နှစ်စီး အပြိုင်စီးဖို့တို့ မကြိုးစားနဲ့နော်။
doekalay
November 9, 2010 at 3:14 am
Admin ကြီးရေ ကယ်ပါအုံး။ကျွန်တော် ့ပို ့စ်တွေတင်တိုင်းပျောက်ပျောက်နေတယ်ဗျာ။ကူညီပါအုံး။
bigcat
November 9, 2010 at 3:55 am
ပျောက်တာမဟုတ်ဘူး၊ ဖျောက်လိုက်တာ။ အက်ဒမင်ကြီးက လ္ဘက်ရည်သောက်ချင်လို့၊ အဲဒါအလိုက်သိရင် ဘာလုပ်ရမလဲဆိုတာ သဘောပေါက်။ ကိုကြောင်ကြီးတုန်းကတော့ ငါးသုံးလုံးစီးကရက်တတောင့် လက်ဆောင်ပေးလိုက်ရတယ်။
kyawnaykha
November 9, 2010 at 5:47 am
ကျွန်တော်နာမည်ကျော်နေခပါ
kyawnaykha
November 9, 2010 at 5:52 am
အခုလိုအစီအစဉ်လေးတစ်ခုဖြစ်လာတာဝမ်းသာပါတယ်ကျွန်တော်အားလည်းပေးပါတယ်ADMIN တွေကိုလေးစားတဲ့နေနဲ့အရင်ကျေးဆုံးစာသားလေးတွေကိုတင်သွင်းသွားပါတယ်အကောင်းဆုံးသောအရေးပါတဲ့စာတွေကိုစုဆောင်းတင်သွင်းပေးပါမယ်လို့ဂတိပေးလိုက်ပါတယ်ကျော်နေခ
naywoonni
November 9, 2010 at 2:09 pm
ပို့စ်တွေကရှည်ရင်အောက်ကလေးငါးကြောင်းလောက်ပျောက်သွားတတ်တယ်
နောက်ကော်နက်ရှင်ကြောင့်မရသေးဘူးထင်ပြီးပတ်လစ်ထပ်နှိပ်မိတာ….
ပို့စ်ကဒါချည့်နှစ်ခုဖြစ်သွားတယ်..။ပြန်ဖျက်လို့မရဘူး
ဒလိ(တ)်လုပ်ဖို့ခလုပ်မတွေ့ဘူးဗျ
နောက်မတင်တော့ဘူးဆိုပြီးစာသားတွေပြန်ဖျက်ပြီးလော့ဒ်အောက်ထွက်ခဲ့တာ နောက်နေ့ကျတောဒရပ်ဒ်ဖြစ်နေတယ်။ပြန်ဖျက်တာမရပြန်ဘူး
ဘယ်လိုလုပ်ရမယ်ပြောပေးကြပါဦး
nyimalay
November 10, 2010 at 7:31 am
new site change lite tar use to ma phyit wo phyit nay tal ……… doat kha par pae 😛
R Ga
November 10, 2010 at 8:11 am
စကားမစပ် အတ်ဒမင်ရေ …..ပွိုင့်ပေးပုံစနစ်များ ပြောင်းသွားသေးလားလို့…
ပိုစ် တစ်ခု ကို ၈ဝ ဖြစ်သွားလားလို့ဗျာ..။ အခြားလူဖြစ်မဖြစ်တော့မသိဘူးဗျ..။
ကျွန်တော်တစ်ယောက်တည်းဖြစ်နေသလားလို့ပါ။
(မှတ်ချက်) အက်ဒမင်မမြင်လို့ ထပ်တင်တာပါ။
administrator
November 10, 2010 at 9:13 am
Yes, we are.
ဒီလထဲ ပွိုင့်ပေးပုံတွေ နည်းနည်းပြောင်းမယ်။
Group, Forum, Link, Gift, Photo Upload စသဖြင့်လည်း Point ပေးပါမယ်။
We will Announce soon.
R Ga
November 10, 2010 at 11:37 am
ကျေးဇူးပါ ဒါပေမဲ့ သေချာလေးတော့ ရှင်းပြပေးစေချင်ပါတယ်။
Group, Forum, Link, Gift, Photo Upload တွေကို ဘယ်လို အသုံးချရင် ဘယ် လို Point ပေးမယ်ဆိုတာကစလို့ပေါ့။
မိုက်ကယ်ဂျော်နီအောင်ပု
November 10, 2010 at 11:58 am
အခုက ဒေါ်လာဈေး ကျနေတယ်လေ မောင်ပီလိုရဲ ့
ရှစ်ဆယ်ဆိုပေမယ့် အလျှင် ငွေလဲနှုန်းနဲ ့တွက်ရင်
အတူတူပါဘဲ
တတ်နိုင်ရင်တော့ ကြော်ငြာတွေ များများကလိပေးကြပါလို ့
သားစရိတ် မယားစရိတ် ဘာစရိတ် ညာစရိတ်
သူလဲ လူထဲက လူမို ့
ကိုပေါက်စကားကို ငှားပြောလိုက်တယ်
သဘောပေါက် x ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
သဘောပေါက်
R Ga
November 10, 2010 at 1:37 pm
အော် ဂလိုလား…..ပေါက်ပြီ….ဗျို့…….(မှတ်ချက် ဖင်တော့မဟုတ်ပါ။ သဘော ဖြစ်သည်။)
unclegyi1974
November 11, 2010 at 4:16 pm
ကွန်မန့်ပေးတဲ့နေရာမှာလိုသွားတာ ပိုသွားတာ
စာလုံးပေါင်းမှားသွားတာ ပြန်ပြင်လို့ရရင်ကောင်းမှာပါ
bigcat
November 12, 2010 at 1:05 am
အန်တယ်ဂျီးကလည်း အဲလိုပြင်လို့ရမှတော့ လူတွေက ဆဲစာရေးပြီး နောက်ငါမရေးပါဘူးလုပ်ကြမှာပေါ့။ ကောင်မလေးတွေကို ရည်းစားစာရေးပြီး အတိုင်ခံရမှ အနိစ္စ ဒုက္ခ အနတ္တ လို့ပြင်လိုက်ရက်မခက်လား။
ဆူး
November 12, 2010 at 4:21 am
ချက် ကို ထည့်ပေးထားတာ.. မကောင်းဘူး ထင်တယ်ဗျို့.. ဆန့်ငင် ဆန့်ငင်နဲ့.. ချက် လုပ်ချင်တဲ့ လူ သတ်သတ် စာမျက်နှာ ခွဲပေးလိုက်ရင် ပိုကောင်းမလာဘဲ.. စာမျက်နှာတိုင်းမှာ ချက်ပါနေတော့.. ရိုက်တဲ့ စာတောင် ရိုက်ပြီးတာနဲ့ မပေါ်ဘူး.. အချိန်နဲ့ တပြေးညီ လုသုံးနေရတာ ဆိုတော့.. အဲဒီ လို နှေးနေတာ ကြိုက်ဘူးကွဲ့..
ွှ့Thaw Zin Loikaw
November 13, 2010 at 5:24 am
ခုလို စာတွေကူးချတာသိရတော့ လန့်မိတယ်ဗျာ ဆိုဒ်ပေါ်မှာ ခဏခဏ စာမတင်ဖြစ်ပေမယ့်လို့ ကြောက်မိရပါတယ်။ ကျနော်လည်း တလောက Commentတစ်ခုကြောင့် မသိုးမသန့်ဖြစ်ရပါသေးတယ် ။ဆူး ဆိုသူတစ်ယောက်က ကျနော့်ရဲ့ မှားမိလေခြင်း Postကို ဒီဆောင်းပါးလေး ဒီမှာ အရင်က ဖတ်ဘူးတယ်.. စာရေးသူ မေ့ပြီး ၂ခါများ တင်မိလေသလား..ရယ်လို့ရေးလာပါတယ်။ စာတစ်ပုဒ်ကိုတော့ နှစ်ခါမတင်မိပါဘူး။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူးပေါ့။ အချိန်မရတာကြောင့် သေသေချာချာလည်း မကြည့်မိပါဘူး။ တစ်ခုသိချင်တာက Gmail.ကနေ စာတွေတင်လို့ရရင် ပိုပြီးအစဉ်ပြေမယ်လို့ထင်ပါတယ် ။ ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ ကျေးဇူးပြုပြီးပြောပြပေးစေချင်ပါတယ်။စာတွေတင်စရာအများကြီးရှိလို့ပါ။ ကျေးဇူးတင်ပါတယ်။
bigcat
November 13, 2010 at 5:54 am
အဲဒီဆူးဆိုတာကိုတော့ သွားမစလေနဲ့ဗျို့၊ ဗမာ့လက်ဝှေ့ပထမတန်း ထိုးလာတယ်ပြောတာပဲ။ တွေ့တာနဲ့ ဆော်မယ်တီးမယ်ဆိုတာပဲ၊ အားလုံးကသူ့ကို ကြောက်ရတယ်။
ဆူး
November 13, 2010 at 8:22 am
ဟုတ်ပါပြီ ဆရာရေ.. မှားမိပါတယ်.. တနေရာရာမှာ ဖတ်မိတာတော့ အမှန်ဘဲ.. သို့တည်းမဟုတ်.. အာရုံရနေလို့ ဇတ်လမ်း မဖတ်ခင်ကတည်းက ကြိုသိတာ ဖြစ်နေမလားဘဲ.. ကူးချတယ်လို့ တလုံးမှ မသုံးဘူးဘူး.. ဘာပဲဖြစ်ဖြစ်.. စိတ်မကောင်းပါဘူး.. ပြန်တောင်းပန်ပါတယ်။
bigcat
November 13, 2010 at 8:30 am
အေးပေါ့ဗျာ၊ ပြောလို့ဝမှ ဆောရီးဆိုတော့ ခံရသူခင်မျာ ပိဿလေးနဲ့ ခေါင်းကိုအပစ်ခံရပြီးမှ တောင်းပန်ပါတယ်ဆိုပြီး ပါရာစီတီမောတလုံးပေးသလိုဖြစ်နေတာပေါ့။ ကိုကြောင်ကြီးနဲ့ ဒီကိစ္စကဘာမှ မဆိုင်ဘူးနော်။ မတရားလွန်းလို့ အမုန်းခံပြီးဝင်ပြောတာ။ သတ္တတွေအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဆူး
November 13, 2010 at 8:36 am
မပူပါနဲ့ ဦးကြောင်ကြီး သူစိတ်မကောင်း ဖြစ်နေမှန်း သိလို့.. အရင် တောင်းပန်တာပါ.. အခု အချိန်မှာ အရင်က ဖတ်ခဲ့ မိတဲ့ နေရာ ဘယ်မှာ များလဲ ဆိုပြီး ရှာနေတာ အမှန်ပါ။ အခုထိတော့ ရှာတုန်းဘဲ..
mandalaywith
November 13, 2010 at 7:41 am
talking info~!
white
November 13, 2010 at 7:42 am
အက်ဒမင်ကြီးရေ ………
တောင်းဆိုချင်တာလေးတွေ ရှိလို့ရေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်က MG မှာ register လုပ်တဲ့အချိန်တုန်းက စာရေးရင်သုံးဖို့ nickname တစ်ခုနဲ့ နာမည်အမှန်နဲ့ ပေးခဲ့ပါတယ်။ နာမည်အမှန်ကိုတော့ gazette မှာ privacy အနေနဲ့ပဲ အမြဲတမ်း ရှိနေမယ် ထင်လို့ပါ။ အခုက post တစ်ခုတင်လိုက်တဲ့အခါ နာမည်ရင်းတွေ ပါလာတာ တွေ့ရလို့ပါ။ ဘယ်လို ဖော်ပြထားသလဲဆိုတော့ ကို်ယ်တင်တဲ့ post အောက်ခြေမှာ
About the Author: white
—————– has wrote 32 articles on this blog.
“A beauty of life not depend on how happy you are, but depend on how the others happy because of you.”
* View all posts by white →
* Blog
—————– က register လုပ်ထားတဲ့ နာမည်ပါ။ ဒီအတိုင်းဖော်ပြထားတာ တွေ့ရလို့ပါ။ နာမည်ရင်းကိုတော့ ဖျောက်ထားပေးစေလိုပါတယ်။
ပြီးတော့ post တစ်ခုရဲ့အောက်မှာ ကိုယ်က comment ရေးလိုက်တဲ့အခါ စာရေးသူဆီကို ကိုယ်ရဲ့ emaill လိပ်စာရယ်၊ ရေးလိုက်တဲ့ comment ရယ် ရောက်သွားတာကို တွေ့ရပါတယ်။ တစ်ချို့ email တွေက နာမည်ရင်းတွေနဲ့မို့ email ကိုလည်း ဖျောက်ထားပေးစေလိုပါတယ် ခင်ဗျာ။
စာရေးသူတွေရဲ့ privacy အတွက် လိုအပ်မယ်ထင်လို့ပါ။
ကျေးဇူးတင်လျှက်
white
kai
November 13, 2010 at 8:10 am
ယူဆာနာမယ်တွေက ကိုယ်တိုင်ပြန်ပြင်လို့ရပါတယ်..။
ကိုယ်ဖြည့်တာ ပေါ်နေတာပါ..။ အခု White အတွက်တော့ ပြင်ပေးလိုက်ပါတယ်.။
အီးမေးလ်က ဘယ်လိုပြင်ရသလဲမသိဘူး..
Wordpress နားလည်တဲ့သူတွေများရှိပါသလား..။ အကြံပေးကြပါဦး..။
white
November 13, 2010 at 8:50 am
ကိုခိုင်ရေ
user name ပြင်ပေးလိုက်တယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ပြင်ဖို့ လိုက်ရှာပေမယ့် မတွေ့လို့ပါ။
weiwei
November 15, 2010 at 5:55 am
ဒီနေ့ ပို့စ်အသစ်တင်မရဖြစ်နေပါတယ် … Internal Error ပြနေတယ် …
ဆူး
November 15, 2010 at 6:03 am
နက်ဝေါ့ ကြိုးကို ဖြုတ်ဆေးလိုက်ပါ။ ကောင်းသွားမှာပါ
weiwei
November 15, 2010 at 6:51 am
ဆူးပြောသလိုလုပ်ကြည့်မလို့ဟာ နက်ဝေါ့က ကြိုးမပါဘူးဖြစ်နေတယ် … မည်သို့မည်ပုံ အင်တာနက်ရသည်မသိ … အလိုလို မိနေသော ကြိုးမဲ့စနစ် ဖြစ်နေလို့ပါ … တခြားနည်းပြောင်းပြောကြည့်ပါ ..
fatty
November 15, 2010 at 7:02 am
screen ကို နာရီဝက်လောက် ဆပ်ပြာရေနဲ့ စိမ်ပြီး brush နဲ့နာနာပွတ်ဆေးလိုက်ပါ ။ ပွဲတွေ့ဖြစ်ပါသည်။
onlinezz
November 15, 2010 at 8:25 am
ကူညီပါအုံး။အက်မင်တို ့။ဘာစာမှ တင်မရဘူး။ new post ယူလိုက်တာနဲ ့sever error ပြနေတယ်။ဘယ်လိုလုပ်ရမလဲဟင်:(
R Ga
November 15, 2010 at 9:31 am
အားလုံး အူတူတူ အဲ အတူတူပါပဲ တင်လို့မရပါဘူး..။ ဘာဖြစ်နေသလဲတော့ မသိဘူး..။ ဒါကလည်း ဂေဇက်ရဲ့ ဖြစ်ရိုးဖြစ်စဉ်ထဲက တစ်ခုလိုဖြစ်နေတော့ သိပ်တော့ မထူးဆန်းတော့သလိုပါပဲ………….။ ပြောနေအာခြောက်နေရုံပဲရှိမှာပေါ့…..နော့်………။
ဆူး
November 15, 2010 at 9:39 am
မီးပျက် ရေပြတ် မထူးဆန်းတဲ့ အရာ ဆိုတော့.. ဂေဇတ် တခါတလေ မရတာ ဆိုတော့.. ထူးဆန်းဘူးပေါ့.. အဲလိုပြောချင်တာလားကွဲ့.. ကိုအာဂရေ..
သည်းခံမှု ပါရမီ ပြည့်ဝတဲ့ လူတွေ နေထိုင်ကြတဲ့ ရွာကလေးပါ။
bigcat
November 16, 2010 at 6:46 am
ဆရာခိုင်ရေ ကျနော်ကို မပြောမဆိုနဲ့ ကန်ထုတ်လိုက်တယ်။ ပြန်ဝင်တော့ ကိုရင်မောင်ဆိုတဲ့လူဖြစ်နေတယ်။ အခုလည်း nwl ဆိုတဲ့သူ ဝင်ဝင်ခြင်း လော့ဂ်အင်မှာပေါ်နေပြီး အခုပို့စ်မှာ သတင်းပို့ဖို့ဝင်လိုက်တော့ ကြောင်ပြန်ဖြစ်သွားတယ်။ အစောပိုင်းကထဲက ပို့စ်တင်ဖို့ ကြိုးစားနေတာ error တက်တက်နေလို့ လက်လျော့လိုက်ရတယ်။ ပြန်စစ်ပေးပါအုံး။ ကြောင်ကြီးကို နှောက်ယှက်သူများရန်မှ ဆန့်ကျင်ကြ။
ဆူး
November 16, 2010 at 6:50 am
ဦးလေး ကြောင်ကြီးရေ.. ဆူးလည်း ကွန်မန်း ပေးပြီးသား ပိုစ်ကို ဝင်လိုက်တာနဲ့ အကောင့်က ပြန်ထွက်သွားတယ်။ စာတော့ ပို့ပြီး တိုင်ထားတယ်
antimoe
November 17, 2010 at 12:35 pm
တခုမေးချင်ပါတယ်။
စာရိုက်ရင် (ရကောက်)နဲ့၇(ခုနှစ်) ကို ခွဲခြားထားပါသလား။
အမှားအမှန်ရှိရင် ညွှန်ပြပေးသင့်ပါတယ်။
အနည်းဆုံးတော့ နောက်တင်မယ့် ပို့စ် မှာမမှားနိုင်တော့ဘူးပေါ့။
kai
November 19, 2010 at 9:07 am
မှန်ပါတယ်..။ antimoe ကိုကျေးဇူးတင်ပါတယ်..။
စာရိုက်ရင် (ရကောက်)နဲ့၇(ခုနှစ်) ကို ခွဲခြားရိုက်ပေးကြပါခင်ဗျား..။
၇(ခုနှစ်) က Shift key မခံပဲရိုက်ရတာဖြစ်ပြီး..ရ (ရကောက်)ကတော့ Shift key ခံရိုက်ရမှာဖြစ်ပါတယ်..။
thelark
November 19, 2010 at 9:03 am
………………………Admin ကို ပြောချင်လို.၊ အကြံပေးချင်လို.ပါ……………………
********Category တွေ ခွဲထားတာက လိုအပ်တာထက်ပိုများနေသလားလို.ပါ……**************
Category တွေကို ဆယ်ခုထက်ပို ခွဲမထားသင့်ဘူးထင်ပါတယ်………..Category နဲနဲ နဲ. ကျစ်ကျစ်လစ်လစ် ဖြစ်သင့်တယ်ထင်ပါတယ်၊………….အခုတော့ Category တွေအရမ်းများနေတော့ ကိုယ်ကြည့်ချင်တဲ့ Topic ဘယ်ထဲသွားကြည့်ရမှန်းမသိတော့ဘူး။
Post တင်တဲ.သူတွေကလဲ Category တွေအရမ်းများတော့ ကိုယ်ရေးတဲ့ Post ကို ဘယ် Category ထဲ ထည့်ရမှန်းမသိတော့ဘူး။ အဲဒီတော့ Category တစ်ခုထဲမှာ ဆိုင်တာတွေရော မဆိုင်တာတွေရော ရှုပ်နေပါတယ်။ ***Admin အနေနဲ. အဲဒါတွေကို ပြန်ပြီး Editing လုပ်ပေးရင် ကောင်းမယ် ထင်ပါတယ်***
ကြည့်နေကြ၊ Post တင်နေကြ Member တွေ အတွက်ရော၊ New member or visitor တွေအတွက်ပါ ကြည့်လို.အဆင်ပြေအောင် Category တွေ ကို Edit လုပ်ပေးဖို. Admin တွေကို တောင်းဆိုပါတယ်၊
thelark
November 19, 2010 at 9:04 am
………………………Admin ကို ပြောချင်လို.၊ အကြံပေးချင်လို.ပါ……………………
********Category တွေ ခွဲထားတာက လိုအပ်တာထက်ပိုများနေသလားလို.ပါ……**************
Category တွေကို ဆယ်ခုထက်ပို ခွဲမထားသင့်ဘူးထင်ပါတယ်………..Category နဲနဲ နဲ. ကျစ်ကျစ်လစ်လစ် ဖြစ်သင့်တယ်ထင်ပါတယ်၊………….အခုတော့ Category တွေအရမ်းများနေတော့ ကိုယ်ကြည့်ချင်တဲ့ Topic ဘယ်ထဲသွားကြည့်ရမှန်းမသိတော့ဘူး။
Post တင်တဲ.သူတွေကလဲ Category တွေအရမ်းများတော့ ကိုယ်ရေးတဲ့ Post ကို ဘယ် Category ထဲ ထည့်ရမှန်းမသိတော့ဘူး။ အဲဒီတော့ Category တစ်ခုထဲမှာ ဆိုင်တာတွေရော မဆိုင်တာတွေရော ရှုပ်နေပါတယ်။ ***Admin အနေနဲ. အဲဒါတွေကို ပြန်ပြီး Editing လုပ်ပေးရင် ကောင်းမယ် ထင်ပါတယ်***
ကြည့်နေကြ၊ Post တင်နေကြ Member တွေ အတွက်ရော၊ New member or visitor တွေအတွက်ပါ ကြည့်လို.အဆင်ပြေအောင် Category တွေ ကို Edit လုပ်ပေးဖို. Admin တွေကို တောင်းဆိုပါတယ်၊
kai
November 19, 2010 at 9:13 am
Category တွေ ခွဲထားတာ လိုတယ်တောင်ထင်နေသေးလို့ဗျာ..။ တခုတခု ..တချို့ထောင်ဂဏန်းတောင်ရောက်ကုန်ပြီလေ..။
တကယ်က ပို့စ်တင်သူတွေ အုပ်စုလိုက်စံနစ်တကျတင်သွားရင် ..နောက် ၄-၅နှစ်ကြာရင်လည်း ဖတ်ရလွယ်တော့မပေါ့..။
အခုတော့ .. စစ်ရတာက ပြသနာသိပ်မရှိပေမဲ့..စစ်နေရင်.. ဘယ်သူမှပို့စ်တင်လို့မရပဲ.. ဆာဗာအယ်ရာဖြစ်ပါတယ်.။
အဲဒါကြောင့် .. ဘယ်လိုလုပ်ရမလည်းတွေးရင်းတွေးရင်း ..ပိုပိုများလာတော့တာပါပဲ..။
တခုခုတော့ လုပ်ပါဦးမယ်..။ ဗော်လန်တီယာ စစ်ပေးမဲ့သူ(မော်ဒရိတ်တာ)လည်း မန်ဘာထဲက ..ရွေးဦးမယ်စဉ်းစားထားတာပါပဲ..။
bigcat
November 20, 2010 at 7:57 am
မော်ဒရေတာ ဗော်လံတီယာရာထူးအတွက် အန်တီဆူးနဲ့ အန်တီဝေတို့ နှစ်ယောက်ကို အဆိုပြုပါတယ်။