ကျွန်မ ရဲ့ အမျိုးသားက ကွန်ပျူတာပေါ်တွင် ဘာကြည့်နေတာလဲ

ကကြာခဏဆိုသလို သင့်အမျိုးသားက သူ့ ကွန်ပျူတာကို အသုံးပြုနေပါသလား? သူ ကွန်ပျူတာကို အသုံးပြုနေချိန်တွင် သူ ဘာလုပ်နေတယ်ဆိုတာကို အလွန်ကာကွယ်နေတာနဲ့ သံသယရှိတဲ့ အပြုအမူမျိုး လုပ်နေပါသလား? သင့် အမျိုးသားက ကွန်ပျူတာပေါ်တွင် အလုပ်လုပ်နေချိန်မှာ သူက အလွန် သီခြား ဆန်နေပါသလား? သူက အလုပ်နည်းနည်းပါးပါး လုပ်ရုံလောက်နဲ့ သို့မဟုတ် ကြုံရာလေးတွေ ကြည့်နေတယ်ဆိုတာကို သူ အမြဲတမ်း ပြောနေပါသလား? သူ ဘာလုပ်နေတယ်ဆိုတာကို သင် မမြင်ရအောင် ကွန်ပျူတာအနားကို သင်ရောက်သွားတဲ့ အချိန်တိုင်း သင့် အမျိုးသားက သူ့ ဝင်ဒိုး ( Window ) အားလုံးကို ပိတ်လိုက်ပါသလား? ကွန်ပျူတာပေါ်တွင် သင့် အမျိုးသား ဘာကြည့်နေတယ်ဆိုတာကို သင် သိချင်ပါသလား?

သူတို့ အမျိုးသားများက နေ့နဲ့ ည အချိန်တိုင်းလိုလိုမှာ ကွန်ပျူတာကို မနားတမ်း သုံးလာတဲ့ အခါ ဇနီးသည် အများစုက သံသယ ဖြစ်လာကြပါတယ်။ အရာရာတိုင်းရဲ့ ရေသောက်မြစ်တစ်ခု ဖြစ်တဲ့ ကွန်ပျူတာနဲ့ အင်တာနက်ကို သုံးပြီး ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝတွေမှာ အသုံးပြုလာကြပါတယ်။ အဲဒီပေါ်တွင် သင် စဉ်းစားနိုင်တဲ့ အရာမှန်သမျှ ရှိနေတာကြောင့် သူတို့ သိသာမူကို မည်သူမဆို သိချင်လာကြပါတယ်။ သူ့ ကွန်ပျူတာပေါ်တွင် သင့်အမျိုးသား လုပ်နေမယ့် အဆုံးမရှိတဲ့ ဖြစ်နိုင်ချေများ ဖြစ်ပါတယ်။ သူမရဲ့ အမျိုးသား က ကွန်ပျူတာပေါ်တွင် ဘာကြည့်နေသလဲဆိုတာ မည်သည့် ဇနီးမဆို သိချင်ကြမှာ ပါပဲ။

သင့် အမျိုးသားက ကွန်ပျူတာပေါ်တွင် ဘာကြည့်နေသလဲဆိုတာ ထုတ်ဖော်ဖို့ ကြိုးစားနိုင်တဲ့ နည်းလမ်း အများကြီး ရှိပါတယ်။ သူမတို့ သံသယများရဲ့ အစောပိုင်း အဆင့်ရှိနေတဲ့ ဇနီးသည် အများစု တွေက ရှေးကျတဲ့ နည်းစနစ်ပေါ်တွင် မူတည်နေပါတယ်။ ဒီနည်းစနစ်မှာ လက်တွေ့ နည်းအရ သူမတို့ အမျိုးသားတွေရဲ့ ကွန်ပျူတာအနီးကို သွားပြီး ကွန်ပျူတာကို ကြည့်တာပဲ ဖြစ်ပါတယ်။ သူမတို့က ရှာဖွေရေး သမိုင်းတွေ ( Browsing History ) ၊ အီးမေး အကောင့်တွေ ( Email Account ) ၊ မရင်းနှီးတဲ့ ဝက်ဆိုက်တွေ၊ မလုပ်သင့်တဲ့ အရာတွေကို သူမတို့ အမျိုးသား လုပ်ဖို့ ဖြစ်စေနိုင်တဲ့ အရာမှန်သမျှကို ရှာဖွေပါတယ်။ သို့သော်လည်း ဒီနည်းစနစ်က အကျိုးရှိစေဖို့ ခက်ခဲပါတယ်။ ဇနီးသည် အများစုက မည်သည့် သတင်းအချက်ကိုမှ ရှာဖွေ မတွေ့ ရှိပါဘူး။ သင်ကို မမြင်တွေ့ စေချင်တဲ့ လုပ်ငန်း အရာတွေက် သင့် အမျိုးသားက ဖျက်ပစ်ကောင်း ဖျက်ပစ်ပါလိမ့်မယ်။ သို့မဟုတ် သူ့ ခြေရာများကိုလည်း ကောင်းကောင်း ဖွက်ထားပါလိမ့်မယ်။ ဒါပေမယ့် သင့် အမျိုးသား ကွန်ပျူတာပေါ်တွင် ဘာကြည့်နေသလဲဆိုတာ အမှန်တကယ် ထုတ်ဖော် ပြနိုင်မယ့် ပိုပြီး ကောင်းတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။

အမှန်တကယ်တမ်းကျတော့ ပိုပြီး အကျိုးရှိစေတဲ့ နည်းလမ်းတစ်လမ်း ရှိပါတယ်။ အဖြေကတော့ ကွန်ပျူတာ အသုံးပြုမူကို ထုတ်ဖော်တဲ့ ဆော့ဝဲ ပဲ ဖြစ်ပါတယ်။ ဒီဆော့ဝဲက သင့်အမျိုးသားရဲ့ ကွန်ပျူတာပေါ်တွင် လုပ်ဆောင်မူများကို ထုတ်ဖော်ပါတယ်။ ပြီးတော့ ချက်ချင်းဆိုသလို ကြည့်ဖို့ သင်အတွက် မှတ်တမ်းတင်ထားပါတယ်။ သင့်အမျိုးသားရဲ့ လုပ်ဆောင်ချက် အသေးအမွှားကိုတောင် ဒီဆော့ဝဲက မှတ်တမ်းတင်ပါတယ်။ သင့် အမျိုးသား ဝင်ရောက်ခဲ့တဲ့ ဝက်ဆိုဒ်များ၊ သူပို့ ခဲ့တဲ့ အီးမေးများ၊ သူလုပ်ဆောင်ခဲ့တဲ့ ဂူးဂဲလ် ရှာဖွေရေးများ ( Google Search ) ကို နာမည်ပေးပြီး ဒီဆော့ဝဲ နဲ့ မှတ်ထားနိုင်ပါတယ်။ သင့်ကိုယ်ပိုင် အားလပ်ချိန်တွေမျာ မည်သည့် အဝေးထိန်း ကွန်ပျူတာကနေ သင်ကြည့်လို့ ရအောင် သတင်းအချက်အားလုံးကို သင့် ကိုယ်ပိုင် အကောင့်ထဲ မှတ်တမ်းတင်ထားနိုင်ပါတယ်။ သင့် အမျိုးသားက သူ့ ကျွန်ပျူတာ နောက်ကြောင်းတွေကို ဖျက်ပစ်ခဲ့ရင်တောင်မှ သင်က ဒီဆော့ဝဲနဲ့ ကြည့်နိုင်ပါသေးတယ်။

ကွန်ပျူတာပေါ်တွင် သင့် အမျိုးသား ဘာလုပ်နေတယ်ဆိုတာ သိအောင် ကြိုးစားဖို့ သင့်အမျိုးသားရဲ့ ကွန်ပျူတာထဲကို ခိုးဝင်စရာ မလိုအပ်တော့ပါဘူး။ အဝေးထိန်း ကွန်ပျူတာ တစ်လုံးကနေ ယခု သင် အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် သင့် အမျိုးသားနဲ့ ဖြစ်စေမယ့် အန ္တရယ်လည်း မရှိတော့ ပါဘူး။

အကောင်းဆုံး ကွန်ပျူတာလုပ်ဆောင်ချက်များကို ထုတ်ဖော်တဲ့ ဆော့ဝဲအတွက် နဲ့ သင့် အမျိုးသား ကွန်ပျူတာပေါ်တွင် ဘာလုပ်နေတယ်ဆိုတာ သိစေဖို့ အတွက် ကျွန်တော့်တို့ ဝက်ဆိုဒ်ကို ဝင်ကြည့်လိုက်ပါ။ ဒီမှာ အမှန်တရားကို တွေ့ပါလိမ့်မယ်။

http://www.catchcheating.net/ways _to_catch_your_husband_cheating_online.html

( ဝန်ခံချက်။ ။ စာရေးဆရာ Verny L ရဲ့ ဆောင်းပါး What is My Husband Looking at on the Computer? ကို မြန်မာ ဘာသာသို့ ပြန်ဆိုပါတယ်။ )

6 comments

  • winkyawaung

    September 12, 2010 at 7:18 am

    စမ်းကြည့်ရမှာပဲ။ အနီးအနားက ကွန်ပျုတာမှာ တင်ထားရမှာလား။ မရှင်းလို့ပါ။

    Reply

  • mG

    September 12, 2010 at 12:46 pm

    မိုက်တယ်.။။။။။။။ဟုတ်မယ်ထင်တာပဲဗျ။ @winkyawaung ရေ။ကျွန်တော်လည်း တိတ်မသိဘူးဖြစ်နေတယ်။ဒါပေမဲ့ စမ်းကြည့်ရင်းနဲ့ သိသွားမှာပါ။

    Reply

  • လင်းငယ်

    September 12, 2010 at 1:01 pm

    ကို Winkyawaung ခင်ဗျာ၊ သူ့ကွန်ပျူတာပေါ်မှာ ဆော့ဝဲကို တင်ထားရမှာ ။ အဲဒါနဲ့ ပက်သက်လို့ နောက်ကျမှ အသေးစိတ်ရေးပေးပါတယ်။ ပြီးတော့လည်း ကျွန်တော့်ဆီမှာ Destop recording software တစ်ခု ရှိပါတယ်။ ခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါလို့။

    Reply

  • etone

    September 13, 2010 at 2:58 am

    သူ့ကွန်ပျူတာပေါ်တင်ထားတာတော့ဟုတ်ပါပြီ ။ ကိုယ်က သူ့စက်ကိုဖွင့်မှ ကြည့်လို့ရမှာလား ။… ဒါမှမဟုတ် network ချိတ်တဲ့စက်နဲ့ အဝေးက ကြည့်လို့ရတာလား ပြောပါဦး သေချာ။

    Reply

  • william hoe

    September 13, 2010 at 6:15 am

    ဟင်.. အဲလိုကြီးတော ့မပြောနဲ ့လေဗျ… ယောကျာ်းလေးတွေ ဘက် မကောင်းတာ မမြင်ပဲ နဲ ့ကိုယ့် အိမ်က ကလေးတွေဘာတွေ သုံးနေလဲလို ့ဆိုတဲ ့စကားလေးတွေ သုံးရင် ကောင်းမယ်ဗျ.. မဟုတ်ရင်တော ့ယောကျာ်းလေးတွေ အကုန် ထိခိုက်တယ်ဗျ.. 😛 😛 😛

    Reply

  • Gong Zhu

    September 17, 2010 at 7:03 am

    ယောကျာ်းတွေကလည်း မိန်းမက မကောင်းမြင်နေတယ်ဆိုတာ သိတာတောင် မဖြုံဘူး မသိချင်ယောင် ဆောင်ပြီး လန်းနေကြတာ ဟုတ်ဘူးလားလို့ . . .

    Reply

Leave a Reply to mG Cancel Reply

Your email address will not be published.