အဲလိုမျိုး မတွေ့ဘူးပါဘူး

ကျွန်တော်က ငယ်ရွယ်တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်သောကြောင့် အလောင်းမြုပ်နှံရေး ခေါင်းဆောင်က မိသားစုမရှိ၊ မိတ်ဆွေမရှိတဲ့ အိမ်မဲ့ လူတစ်ယောက်ကို အုတ်ဂူဆောက်လုပ်ရေးတွင် ဦးဆောင်ဖို့ တောင်းပန်ပါတယ်။ ဈာပနအခမ်းအနားက ကျေးလက်ဒေသရဲ့ သုသာန်ကို သွားတဲ့ လမ်းပေါ်တွင် ဖြစ်ပါတယ်။ ဒါက သုသာန်အသစ်တစ်ခု ဖြစ်ပါတယ်။ ဒီလူက အဲဒီနေရာမှာ ပထမဦးဆုံး အနားယူ လဲလျောင်းရမဲ့လူ ဖြစ်ပါတယ်။

ကျွန်တော်က ဒီဒေသနဲ့ အကျွမ်းမဝင်တာကြောင့် လမ်းပျောက်သွားပါတယ်။ ခေါင်းမာတဲ့ လူတစ်ယောက်ဖြစ်သောကြောင့် ဘယ်သူကို မှ လမ်း မမေးပါဘူး။ နောက်တစ်နာလောက်ကြာတော့ ကျွန်တော် သုသာန်ကို နောက်ဆုံး တွေ့လိုက်ပါတယ်။ အဲဒီနေရာတွင် ပေါက်ပြားတွေရှိပြီး လူတစ်စုက နေ့လည်စာ စားနေကြပါတယ်။ မသာယာဉ်ကို တော့ မတွေ့ရသေးပါဘူး။

ကျွန်တော်က အလုပ်သမားများကို နောက်ကျတဲ့အတွက် တောင်းပန်းလိုက်ပါတယ်။ ပွင့်နေတဲ့ အုတ်ဂူကို ကြည့်လိုက်သောအခါ အဲဒီနေရာတွင် တူးထားတဲ့ ကျင်းကို တွေ့ပါတယ်။ ကျွန်တော်က အလုပ်သမားများကို အချိန်မကြာချင်တဲ့အကြောင်း ပြောပါတယ်။ ဒါကလည်းလုပ်သင့်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ နေ့လည်စာ စားနေတဲ့ အလုပ်သမားများက ကျင်းအနားကို စုလာပါတယ်။

ကျွန်တော်က ငယ်ရွယ်ပြီး စိတ်အားထက်သန်တာကြောင့် နှလုံးသားနဲ့ ထပ်တူ တရားဟောပါတယ်။ အလုပ်သမားများကလည်း “Praise the Lord”, “Amen” “Glory!’ စသဖြင့် ပါဝင်လာကြပါတယ်။ ကျွန်တော်ကလည်း Genesis ကနေ Revelation အထိ တရားဟောပါတယ်။

လုပ်ဆောင်မူ ပြီးစီးသွားသောအခါ ကျွန်တော်က ဆုတောင်းပေးပြီး ကျွန်တော့်ကားဆီကို လျှောက်သွားပါတယ်။ တံခါးဖွင့်လိုက်သောအခါတွင် အလုပ်သမားတစ်ယောက် ပြောလိုက်သော အသံကို ကြားလိုက်ပါတယ်။

“အရင်က ဒီလိုမျိုး အဖြစ်အပျက် တစ်ခါမှ မကြုံဖူးဘူး။ ငါက နှစ်နှစ်ဆယ်လောက် ပိုက်လိုင်းလုပ်ငန်းမှာ လုပ်ခဲ့တာပါကွာ။”

One comment

  • Shwe lay

    September 12, 2010 at 7:00 am

    haaa haaaa…nice….joke…

    Reply

Leave a Reply

Your email address will not be published.