သူသိစေချင်တယ်……..

badbabylay09@gmail.comSeptember 11, 20101min05

ငါလား ‘အ’ တာ
မ ‘အ’ ပါဘူးဟာ
နင့်ကို ချစ်လို့ မသိချင်ယောင်ဆောင်နေတာပါ။

ငါလား နင့်ကို ယုံကြည်လွန်းတာ
အယုံလွယ်တာ မဟုတ်ပါဘူး
နင့်ကိုချစ်လွန်းလို့ နင်ပြောသမျှ ခေါင်းငြိမ့်နေတာပါ။

ငါလား နင့်ကို ပြန်မပြောရဲတာ
မပြောရဲတာမဟုတ်ဘူး
နင်လုပ်သမျှက ချစ်စရာကောင်းနေလို့ မပြောတာပါ။

ငါလား နင့်ကို ဂရုသိပ်စိုက်တာ
အဲလိုမဟုတ်ပါဘူး
နင့်ကို ချစ်လို့ ငါက နင်အတွက် စိုးရိမ်ပေးနေတာပါ။

ငါလား နင်ထားခဲ့မှာ ကြောက်မယ့်ကောင်
ဒီလိုသဘောတော့ မဟုတ်ပါဘူး
နင့်ကို မြတ်နိုးလို့ နင်နဲ့ ဝေးရမှာသာ ကြောက်တာပါ။

ငါလား နင့်မိဘတွေ သဘောမတူမှာ စိုးရိမ်တာ
အဲလိုမဟုတ်ပါဘူး
ငါ့ရဲ့ အားနည်းချက်ကြောင့် နင်နဲ့ ဝေးရမှာပဲ ကြောက်နေတာ။

ငါလား နင်နဲ့ အတူနေရမယ့် ဘဝကို လိုချင်တာ
နည်းနည်းတော့ မှန်ပါတယ်
ဒါပေမယ့် အမြဲတမ်း နင်နဲ့ အတူနေချင်တာလေး က ပိုပါတယ်။

ငါလား နင်စိတ်ကောက်မှာ ကြောက်တာ
မှန်တယ်ဆိုလဲ ရပါတယ်
ဒါပေမယ့် ငါက နင့်ကို အမြဲပျော်နေစေချင်တာပါ။

ဘာဖြစ်ဖြစ်ပါလေ ငါဆိုတာက နင့်ကို အမြဲတမ်း
ပျော်ရွှင်မှု့တွေ ၊ စိတ်ချမ်းမြေ့မှု့တွေ
နင့်ဘဝမှာ နင့်အလိုကျလေးပဲ ဖြစ်စေချင်တာပါ။

ဒါကို ငါ့အတွက်ဘာအကျိုးမှ မရှိ ရင်နေ
နင်နားလည်ရင်ကိုက
ငါကျေနပ်ပါတယ် ချစ်သူ……….

5 comments

  • snowking

    September 11, 2010 at 4:39 pm

    very nice words. I like these words.

    Reply

  • khunmyat

    September 12, 2010 at 6:22 am

    တကယ်ခံစားနေရတာတွေထင်တယ် … သူသိအောင် ပြောပြလိုက်ပေါ့

    Reply

  • thidar

    September 12, 2010 at 11:02 am

    ပြောထားသလိုအတိုင်းလိုက်နေရင်ကောသူက ကိုယ့်အပေါ်ချစ်လာနိုင်လား ဒါလေးပါဖြေပေးပါလား

    Reply

  • လင်းငယ်

    September 12, 2010 at 1:16 pm

    ခံစားချက်ချင်းတိုက်ဆိုင်တဲ့အတွက် ခံစားပေးလို့ ရပါတယ်။ အဲဒါက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။

    Reply

  • Gong Zhu

    September 16, 2010 at 3:23 am

    မိုက်လှချည်လား . . .
    ငါလား နင်ထားခဲ့မှာ ကြောက်မယ့်ကောင်
    ဒီလိုသဘောတော့ မဟုတ်ပါဘူး
    နင့်ကို မြတ်နိုးလို့ နင်နဲ့ ဝေးရမှာသာ ကြောက်တာပါ။

    ငါလား နင်နဲ့ အတူနေရမယ့် ဘဝကို လိုချင်တာ
    နည်းနည်းတော့ မှန်ပါတယ်
    ဒါပေမယ့် အမြဲတမ်း နင်နဲ့ အတူနေချင်တာလေး က ပိုပါတယ်။

    ဟတ်ကိုထိသွားတာပဲ ။

    Reply

Leave a Reply

Your email address will not be published.