မိန်းမ များယူတော့မယ်ဆိုရင်

badbabylay09@gmail.comSeptember 11, 20101min06

မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု
ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁
ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး
မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း
မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု
သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ
ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့
လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ
အိ်မ်ပြန်ရောက်လာသော သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော
ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန်
ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက်
ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ
ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင်
ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား
ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏
မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍
မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော
စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန်
စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန်
လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင်
သင် အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည်
ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင်
ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ…………….

6 comments

  • annku7781

    September 11, 2010 at 8:20 pm

    လျှောက်ပြောနေတယ် အကုန်အတူတူကြီးပဲဟာ

    Reply

  • mzm

    July 1, 2011 at 11:31 am

    ခင်ဗျားပြောပုံဆိုရင်ကျူပ်ဘုန်းကြီးပဲဝတ်တော့မယ်

    Reply

  • king

    July 1, 2011 at 11:53 am

    ကျွန်တော့်အဖေက တော့ ပြောတယ်ဗျ
    ဆရာမလည်း မယူနဲ့ အနာဝ လည်း မရှူနဲ့တဲ့
    ကျွန်တော်ကတော့ ………………………………..
    အစဉ်အလာပျက်လို့ ဘယ်ဖြစ်မလဲနော့ …. 😛 😀 🙂

    Reply

  • Oakar Bo

    July 1, 2011 at 12:43 pm

    ဟုတ်ပါ့ဗျာ LCCI Level III အောင်ထားတဲ့ ကောင်မလေးဆိုပြီး ယူလိုက်မိတာ ၊ ကျွန်တော် လစာထုတ်တဲ့ နေ့တိုင်း စကားများရတယ်။ လစာထုတ်ရင်ဗျာ pay slip ပါအပ်တော်မူရပါတယ်။ ” ဘဝဆက်တိုင်း ဘဝဆက်တိုင်း LCCI များ MYOB များ ACCA စာရင်းကိုင် အမျိုးသမီးများ နှင့် ကွေကွင်း ရပါလိုဧ။် “

    Reply

  • naywoonni

    July 1, 2011 at 2:26 pm

    ဒါဆို ဘယ်လို မျိုး ကိုရွေးယူ ရပါ့ ?

    Reply

  • nature

    July 1, 2011 at 2:36 pm

    ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ…
    မစဉ်းစားပဲယူနိုင်တာလေးတွေလည်းရေးပေးဦးလေ။ ဒိုင်လျှိုမထားနဲ့လေ။

    Reply

Leave a Reply

Your email address will not be published.