“မြန်မာတို့ရဲ့.. အကောင်းဆုံးတွေ” – The best of Myanmar

kaiApril 9, 20243min00

“မြန်မာတို့ရဲ့.. အကောင်းဆုံးတွေ”

အသီးမှာ သရက်

အသားမှာ ဝက်

အရွက်မှာ လက်ဖက်

ပန်းမှာ မြတ်လေး

အအေး သီတာ

ရေမှာမိုးများ

ယောက်ျားတွင်ပေ၊ ပရမေ သုရာ

မိန်းမ ကညာ

ပြည်တွင်ဗာရာ၊

မြစ်မူဂင်္ဂါ၊ ထူးမြတ်စွာ။

( ယောက်ျားတွင်ပေ၊ ပရမေ သုရာ = ရဲရင့်သူ)

ဖတ်ဖူးမှတ်ဖူးတာက.. ကြာပါပြီ..။ မှတ်မိသလောက်ချရေးလိုက်ပါတယ်..။ ( မှားရင်ပြင်ပါ)

အမှတ်မမှားရင်.. မန်လည်ဆရာတော်ကြီးရဲ့.. မဃဒေဝထဲပါတာဖြစ်၏.။

အဲဒါကို.. အသီးမှာ.. တစ်ရက်၊ အသားမှာ တစ်ဝက်..။ အရွက်မှာလက်ဖဲ့.. ထလုပ်တဲ့သူနဲ့… ဟို.. Asian SEA Story ပေ့ချ်ကလည်း.. မြန်မာအကောင်းဆုံးသတ်မှတ်တဲ့.. နိုင်ငံတော်အသီးက.. သခွားသီးဖြစ်လိုဖြစ်နဲ့မို့… တတ်သလောက်မှတ်သလောက်ပြန်တည့်ပေးလိုက်ပါကြောင်း…။

တကယ်တော့.. အဲဒီ အကောင်းဆုံးအထူးဆုံးဆိုတာကလည်း.. (ထုံးစံအတိုင်း).. အိန္ဒိယက.. ယူထားတာပါ..။ မြန်မာတွေရဲ့.. ဘာသာရေး.. ထေရဝါဒက.. ဟိန္ဒူနွယ်သမို့.. ဟိန္ဒူအယူလွှမ်းထားတယ်.. ဆိုပါစို့..။

မြစ်မူဂင်္ဂါ ကိုကြည့်ရင်ဖြစ်ဖြစ်.. ပြည်တွင်.. ဗာရာ(ဗာရဏသီပြည်) ကိုကြည့်ရင်ဖြစ်ဖြစ်..၊ မိန်းမ.. ကညာ (အသက်ဆယ်နှစ်)ကိုကြည့်ရင်ဖြစ်ဖြစ်.. သိသာပါတယ်..။

အခုခေတ်မတော့.. မြန်မာတွေလည်း. ကမ္ဘာအနှံ့ခြေဆန့် နိုင်ကြပြီမို့.. ဗားရှင်းအသစ်ထုတ်ချင်ထုတ်နိုင်ပါကြောင်း..။

ပန်းမှာ ပိတောက်

မြစ်မူ ဧရာ

ပြည်တွင် ပေါက္ကံ (အရိမဒ္ဒနပူရ)

မိန်းမ မျက်ဝန်း (နှစ်ဆယ်) လောက်တော့ လုပ်ပေါ့….။ 😛

https://www.facebook.com/AsianSEAStory/posts/pfbid02xr56qooeKxy3vo7AhEmJnwf77DfKm9Qsv5wLs4q7vqNdbSRS6mYK63nAQAPLnvMol

Leave a Reply

Your email address will not be published.