“ဆိတ်ဂတုံးသား.. မစားရ”

kaiJanuary 10, 20242min01

ဆိတ် ကိုဂျိုဖြုတ်လိုက်ရင်.. ခွေး‌နဲ့တူတာမို့… ဆိတ်ဂတုံးဆိုတာ.. ခွေးကို.. အမည်ဝှက်ပေးခေါ်တာလို့… သိကြမှာပါ..။ “ခွေး”ကို.. ခွေးလို့ခေါ်ပြီး.. စားရင်… ခွေးက.. သိတာမို့… အမည်ဝှက်ပေးခေါ်ပြီး..မြန်မာတွေ… ဝါးတီးဆွဲကြတာမို့ပါ..။

ခွေးသားရဲ့… နောက်အမည်ဝှက်ကတော့… “ဆတ်သားခြောက်”.. တဲ့..။

အဝတ်မှာဆိုးတဲ့.. ဆေးနီဖြန်း/စိမ်ဆိုးထားတဲ့.. ဆတ်သားခြောက်ဆို… မြန်မာတွေ.. ကြိုက်မှကြိုက်..။ ‌ 😛

မြန်မာတိုင်းရင်းသားတချို့… ခွေးသားစားကြပြီး.. ချိုင်းနား.. ဗီယက်နာမ်… ထိုင်ဝမ်… တောင်ကိုရီးယားတို့မှာလည်း..ခွေးသားဟင်းလျှာတွေ… ခေတ်စားပါတယ်..။

ခွေးသားမှာ… အပူဓာတ်ရှိတာမို့.. သက်လုံကောင်းအောင်… စားကြသတဲ့..။

အခုတော့.. တောင်ကိုရီးယားလွှတ်တော်က.. ‌”ဆိတ်ဂတုံးသားကို.. မွေးမြူ..သတ်ဖြတ်ပြီး.. စားသောက်ဆိုင်တွေသွင်းနေတဲ့.. လုပ်ငန်းစဉ်ကို.. ရပ်တန့်ဖို့.. ကြိုးစားတဲ့အနေနဲ့… ဥပဒေပြုလိုက်ပါသတဲ့..။

မွေးမြူ..သတ်ဖြတ်ရင်.. ထောင်၃နှစ်နဲ့.. ဒဏ်ကြေး ဝမ်ငွေ.. သန်း၃၀ ဆောင်ရမတဲ့..။

ဝမ်ငွေ.. သန်း၃၀ ဆိုလို့.. လန့်ဖြန့်တက်မသွားပါနဲ့.. ၁ဒေါ်လာ = ၁၃၁၅ ဝမ်ပါ..။

ကိုရီးယန်းတွေက.. ခွေးသားကြိုက်ပုံရပြီး.. အခုလိုလုပ်လိုက်တာကြောင့်.. ခွေးမွေးမြူရေးစခန်း ၃၅၀၀ နဲ့.. စားသောက်ဆိုင်ပေါင်း ၃၀၀၀ကျော်.. ခွေး၁သန်းခွဲကို.. သက်ရောက်မယ်လို့ဆို…။

အဲ.. ဥပဒေက.. ချက်ချင်းကြီးတော့ ..မသက်ရောက်ပါသေး..။

နောက် ၃နှစ်မှ…တဲ့..။

ကြားထဲ… အဝ တီးထား‌ကြပေါ့…။

မြန်မာပြည်မယ်ကျ… ခွေးကမွေးရလွယ်.. ကြွေးရလွယ်သမို့… ကိုရီးယန်းအခက်…မြန်မာအချက်ကောက်ပြီး… မြန်မာ့ပလယာခွေးတွေ.. ‌အကောင်လိုက်..အသားစို.. အသားခြောက်.. ခွေးအူချောင်း.. ခွေးစတိတ်..စသဖြင့်… တင်ရောင်းရင်.. တွက်ခြေကိုက်မလား…မသိ..။

ခွေးဆိုပြီး.. ပြဿနာတက်မှာစိုးရင်.. ထုံးစံအတိုင်း..မုသာဝါဒါ ဝေရမဏိ နာနာရွတ်ပြီး.. ဆိတ်ဂတုံးသား.. ပေါ့..။ Bald Goat meat ဆို.. ပြီးတာပဲ..။

https://www.cnn.com/2024/01/09/asia/south-korea-bill-bans-dog-meat-bill-intl-hnk/index.html

One comment

  • သင့်အေးရိပ်

    January 13, 2024 at 9:07 pm

    ခွေးဆိုရင် လမ်းဘေးခွေးကအစ ချစ်တဲ့သူမို့၊
    ခွေးသား စားရက်ဖို့ မပြောနဲ့၊ ခွေးအမွေးတပင်တောင် ဆွဲမနှုတ်ရက်သူမို့၊
    ဒီသတင်း ကြားရ၊ မြင်ရတာ စိတ်ထဲ ကလိကလိ၊
    ဆတ်သားခြောက်၊ အမဲခြောက်ဆိုတာတွေလည်း မစားတော့ပါ။

    Reply

Leave a Reply

Your email address will not be published.