အမေပိုင်တဲ့မဏ္ဍိုင်ဆိုတာ

Mom

ဘဝမှာ အကြီးမားဆုံးအတ္တတစ်ခုကို ပြောပါဆိုရင် အမေ လို့ပဲ ပြောရမယ်ထင်တယ်။

ငယ်ငယ်ကတည်းက စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့ရတဲ့အရာက အဖေနာမည်ဖြည့်ရတဲ့အရာပါပဲ။ ဘာလို့ အဖေ့နာမည်ပဲ ဖြည့်ရပြီး အမေ့နာမည်ကို မဖြည့်ရတာပါလိမ့်။ အမေဆိုတာ အရေးမပါတာလား။ အမေဆိုတာ သိစရာမလိုတာလား။ အဖေ့နာမည်တစ်ခုတည်းနဲ့ ကိုယ့်ဘဝက ပြီးပြည့်စုံသွားတာလား။ ကျွန်မမှာ အတွေးတွေ အများကြီးပါပဲ။

အထူးသဖြင့် စာမေးပွဲမှာ ဆုရလို့ ဂုဏ်ပြုလွှာတွေ ရလာတိုင်း အမေ့နာမည်မပါဘဲ အဖေ့နာမည်ပဲပါရင် အမြဲတမ်းစိတ်မကောင်းဖြစ်ရတယ်။ မိဘနှစ်ပါးမှာ ဘယ်သူကမှ ပိုအရေးမပါရင်တောင် အတူတူအရေးပါကြတာပါပဲ။ သားသမီးတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတိုင်းအတွက် အမည်ခံရမယ်ဆို အဖေရော အမေပါ အမည်ခံသင့်ပါတယ်လေ။

ငယ်ငယ်ကဆို ကျွန်မနာမည်ကိုပြောလိုက်တိုင်း အဖေ့သမီးလို့ လူတိုင်းသိကြပေမယ့် အမေ့သမီးလို့ သိကြတာ ရှားတယ်။ တစ်ချို့ဆို အဖေနဲ့အမေ့ကိုတောင် တွဲမသိကြလို့ ကျွန်မကို အမေ့သမီးမှန်း မသိကြတဲ့သူတွေတောင် ရှိတယ်။ အမေကတော့ အေးအေးဆေးဆေးပါပဲ။ ကျွန်မရဲ့ အောင်မြင်မှုအတွက်လည်း နောက်ကွယ်ကနေ ပံ့ပိုးဝမ်းသာပေးတယ်။ ကျရှုံးမှုတွေအတွက်လည်း နောက်ကွယ်ကနေ ခွန်အားပေးခဲ့တယ်။ ကျွန်မ အောင်မြင်နေရင်ကို ကျေနပ်နေပြီ။

ကျွန်မကတော့ အဲဒီလိုမဟုတ်ဘူး။ အမေ့ကို လူကြားထဲမှာ ဂုဏ်ယူရတဲ့သူ ဖြစ်စေချင်တာ။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်မ ကြိုးစားခဲ့တာတွေဟာ ကျွန်မကိုယ်တိုင်အတွက်က တစ်ဝက်၊ အမေ့ကို ဂုဏ်ယူစေချင်တာက တစ်ဝက် ပါပါတယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်ရဲ့ ဇနီးအဖြစ် မရှိချင်သေးဘဲ အမေ့ရဲ့ သမီးအဖြစ် ရှိနေပြီး အမေတစ်ယောက်တည်း ပိုင်ပိုင်နိုင်နိုင် ဂုဏ်ယူရတဲ့သူ ဖြစ်ချင်နေခဲ့တာ။ အောင်မြင်မှုတစ်ခုခုရှိတိုင်း အမေ့လက်ကို တွဲကိုင်ထားချင်ခဲ့တာ။

အမေက ညတိုင်း ဘုရားရှိခိုးရင် ကျွန်မနာမည်နဲ့ မေတ္တာပို့ပေးတာ၊ ဘဝရဲ့အရေးကြီးဆုံးအချိန်တွေတိုင်းမှာ ဘုရားရှိခိုးပေးပြီး မေတ္တာပို့ပေးတာတွေဟာ ကျွန်မအတွက်တော့ စိတ်လုံခြုံမှုနဲ့ ခွန်အားတွေပါပဲ။ ဘာပဲလုပ်လုပ် အမေ့ကို ထည့်စဉ်းစားလိုက်တိုင်း အမေလက်ခံနိုင်လောက်တဲ့အတိုင်းအတာလောက်အထိပဲ လုပ်ဖြစ်တယ်။ ဆင်ခြင်ဖြစ်သွားတယ်။

အခုချိန်အထိတော့ ကျွန်မဟာ အမေတစ်ယောက်တည်းပိုင်တဲ့ မဏ္ဍိုင်တစ်ခုအဖြစ် ရှိနေသေးတုန်းပါပဲ။

11 comments

  • kai

    February 9, 2019 at 12:23 pm

    အမေက..ဘယ်သူလည်း….သေချာတယ်လေ…။
    အဖေကတော့.. သေချာချာမချာချာ.. နာမည်ထည့် ဖမ်းချုပ်တာဝန်ခံခိုင်းထားတာ..
    အဖေတွေဘဝ..သနားစရာ.. 🙂

    Reply

  • ဇီဇီ

    February 11, 2019 at 12:01 pm

    အိမ်ရှင်မ အမေတွေမှာ
    ပိုင်ဆိုင်တာ တန်ဖိုးထားစရာက ကိုယ့်ယွကျား နဲ့ သားသမီးတွေပဲ ရှိတာရယ်။
    ယွကျား နဲ့ သားသမီးတွေက လိမ္မာရင် အဲ့ဒါ သူတို့အင်အားဖြစ်နေရော။
    တစ်သက်လုံး အမေတစ်ယောက်တည်းပိုင်တဲ့ မဏ္ဍိုင်တစ်ခုအဖြစ် နေသွားပါ့လား

    :k:

    Reply

      • Swal Taw Ywet

        April 13, 2019 at 4:29 pm

        အပိုဂျီး လုပ်ခိုင်းတာဟေ့စ်စ်စ်။
        သိရဲ့သား နဲ့။
        စ်စ်စ်
        With respect,
        Swal Taw Ywet.

        Reply

  • Shar Thet Man

    February 11, 2019 at 2:54 pm

    ဂွတ်

    Reply

  • Thint Aye Yeik

    February 14, 2019 at 1:14 pm

    ခုချိန်ထိ…
    အမေတစ်ယောက်တည်းပိုင်တဲ့ မဏ္ဍိုင်တစ်ခုအဖြစ် ရှိနေသေးတုန်းပဲလား..
    အမေတွေကို မြေးတွေ မွေးပြီး လက်ဆောင် ပေးလည်း
    အမေတွေက ပိုတောင် ပျော်သေး။
    :k:

    Reply

  • manawphyulay

    March 4, 2019 at 2:54 pm

    မေမေ့ မူပိုင်ရှင်လေးပေါ့နော်…..

    Reply

  • Foreign Resident

    April 1, 2019 at 11:34 am

    အဲ့ပုံက ဘာဘွဲ့ဝတ်စုံလဲဟင်

    Reply

Leave a Reply

Your email address will not be published.