ဘန်ကောက်မြို့ မှာ သင် မလုပ်ရသေးတဲ့ လုပ်သင့်တဲ့ အချက် ၅ ချက်

Mon LayNovember 12, 20162min01

ကျွန်မတို့ အာရှတိုက် ရောက်တိုင်း ဘန်ကောက်မြို့ကို ခဏခဏ ရောက်ဖြစ်ခဲ့ပါတယ်။ ဘန်ကောက်မြို့ကြီး နဲ့ ပတ်သက်ပြီး တစ်ခေါက်နဲ့ တစ်ခေါက် မတူညီတဲ့ အတွေ့အကြုံတွေ ရရှိခဲ့သလို တွေ့ဖို့ ရေစက်ပါတဲ့ သူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဘန်ကောက်မြို့ဟာ အာရှတိုက်မှာ နာမည်အကြီးဆုံး နေရာ တွေ ထဲက တစ်ခုအပါအဝင်ပါ။ ဘန်ကောက်မြို့မှာ ညစ်ပတ်တာတွေ၊ လေထု ညစ်ညမ်းတာတွေ၊ ဖရိုဖရဲ ဖြစ် တာတွေ နဲ့ (ကျွန်မတို့ လုံးဝ အားမပေးတဲ့) လိင် ခရီးသွား လုပ်ငန်း ပေါများတာတွေ စတဲ့ မကောင်းတဲ့ အချက်တွေ ရှိနေပေမယ့် တစ်ဖက် မှာလည်း ကမ္ဘာအရပ်ရပ်က နိုင်ငံတော်တော်များများ နဲ့ ဆက်ဆံနေတဲ့ မြို့တစ်မြို့ဆိုတာ ငြင်းလို့မရပါဘူး။ ဘန်ကောက်မြို့မှာ ကျွန်မတို့ ရှာဖွေတွေ့ရှိထားတဲ့ နေရာကောင်းလေးတွေ ပြောပြမယ်နော်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဘန်ကောက် ကို ပထမအကြိမ် ရောက်တုန်းက ဘန်ကောက်မြို့ကို လုံးဝ မနှစ်သက်ခဲ့ပါဘူး။ ဘန်ကောက်ကို နောက်တစ်ခေါက်သွားတော့ ကမာ္ဘလှည့်ခရီးသွားတွေ သွားနေကျ လမ်းကြောင်း (အထင်ကရနေရာ) တွေကို ရှောင်ပြီး တခြား နေရာတွေ နဲ့ ဒေသခံ နေရာ တွေကို သွားခဲ့တယ်။ အဲဒီလိုနဲ့ ဘဲ ဘန်ကောက် မြို့ရဲ့ အလှအပတွေ ကို ပြန်လည်ရှာဖွေခဲ့နိုင်ပြီး ဘန်ကောက် မြို့ ကို စတင် နှစ်သက်လာခဲ့ပါတယ်။

ဒါ့ကြောင့် သင် ဘန်ကောက် မြို့ကို လည်ပတ်ရင်း ပုံမှန် ခရီးသွား လမ်းညွှန်တွေက ညွှန်းတဲ့ နေရာတွေ နဲ့ မတူ တမူထူးခြား တဲ့ အရာတွေ လုပ်ချင် မြင်ချင် ရင် အောက်က အချက် (၅) ချက် အတိုင်း လုပ်လိုက်ဖို့ မမေ့နဲ့နော်။

အကြံပြုချက် (၁) ။       ။HOF Eat & Art

five-pics-and-tips-for-bangkok-01

[googlemaps https://www.google.com/maps/d/embed?mid=1EgLWloFq8xiHJD_wilzIZSi2OdU&hl=en&w=100%&h=200]

အစားအသောက် အနံ့ မွှေးမွှေးလေးတွေ နဲ့ အနုပညာ ဆန်တဲ့ အသွင်အပြင်ရှိတဲ့ ဒီဆိုင်လေးထဲကို ဝင်လိုက်မိတာနဲ့ စွန်း ကျေနပ်မိတယ်။ HOF Eat & Art ဆိုင်လေးဟာ တစ်ဖက်က အနုပညာ ပြခန်းဖြစ်သလို တစ်ဖက်ကလည်း ဂျပန် သတ်သတ်လွတ်စားသောက်ဆိုင်လေး ဖြစ်တာကြောင့် ဘာမှ ထပ်ပြီး တောင်းဆိုစရာ တောင် မလိုတော့ပါဘူး။ ကျွန်မတို့ အတွက်တော့ အနုပညာ လက်ရာတွေ နဲ့ လှပတဲ့ ဒီဇိုင်းတွေ ကြည့်ရှု ခံစား ရင်း အရသာရှိလှတဲ့ အစားအစာ တွေ သုံးဆောင်ရတာ ဟာ အင်မတန် ဇိမ်ရှိလှပါတယ်။

အကြံပြုချက် (၂) ။       ။ Rod Fai Market (Rod Fai ညဈေး)

five-pics-and-tips-for-bangkok-02

အကယ်၍ သင်ဟာ ညဈေးသွားရတာကို ကြိုက်ပြီး အရသာရှိတဲ့ ထိုင်းအစားအစာတွေကို ကြိုက်နှစ်သက်သူ တစ်ယောက် ဆိုရင် Rod Fai Market ကို သွားဖြစ်အောင် သွားခဲ့ပါ။ ဒီညဈေးလေးဟာ လူသိနည်းသေးတဲ့ နေရာတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီမှာ သင့်လိုမျိုး ကမ္ဘာလှည့် ခရီးသည်တွေ အများကြီး ကို သင်တွေ့ရမှာပါ။

ညဈေးမှာ လျှောက်လည်ကြရင်း အရက်ဆိုင်တစ်ဆိုင်ဆိုင်ထဲဝင်ပြီး ဒေသခံ တီးဝိုင်းတွေကို နားထောင်ရင်း အရက် ၁ ခွက် ၂ ခွက် ဝင်သောက်နေကြတဲ့  ဒေသခံ တွေလည်း အပြည့်ပါဘဲ။

Rod Fai Market ရဲ့ လက်ရှိနေရာကို ပြန်ရှာကြည့်လိုက်ပါဦးနော်။ ကျွန်မတို့ သွားလည်ပြီးတည်းက နေရာအသစ် ကို ပြောင်းသွားပြီ လို့ ကြားလို့ပါ။

အကြံပြုချက် (၃) ။       ။ Gallery Drip Coffee

five-pics-and-tips-for-bangkok-03
[googlemaps https://www.google.com/maps/d/embed?mid=15av2BeqCzcv9pRUPHOJfyvvMvbU&w=100%&h=200]

သင် ဘန်ကောက်ရောက်တုန်း ကော်ဖီကောင်းကောင်း သောက်ချင်ရင်တော့ Gallery Drip Coffee ကို သွားဖို့ ညွှန်းလိုက်ပါမယ်။ ဒီကော်ဖီ ဆိုင်လေးဟာ နွေးနွေးထွေးထွေး နဲ့ သက်သောင့်သက်သာရှိပြီး ဆိုင်အပြင်အဆင်ကောင်း ရုံသာမက အရည်အသွေးမြင့် ကော်ဖီ ရတဲ့ ဆိုင်လေးပါ။ ကော်ဖီစေ့ကို ကြိတ်တာက စပြီး ကော်ဖီကို ခွက်ထဲ ထည့်တာအထိ အားလုံး လက်နဲ့ ချည်း လုပ်ထားတာမို့ လက်ဖျော် ကော်ဖီကောင်းကောင်း သောက်ချင်သူတွွှေ အဖို့ နိဗ္ဗာန် ဘုံလေးပါဘဲ။ ကော်ဖီအရသာကလည်း စွဲမက်စရာ အလွန်ကောင်းပါတယ်။

အကြံပြုချက် (၄) ။       ။ Kai3 Studio

five-pics-and-tips-for-bangkok-04[googlemaps https://www.google.com/maps/d/embed?mid=1DHsroWak3ItjUwxmr-NOwk0LCRM&w=100%&h=200]

 

ကျွန်မတို့က ပေါ့ပေါ့ပါးပါး ခရီးသွားချင်တာ ကြောင့် များသောအားဖြင့် လက်ဆောင်ပစ္စည်း သိပ်ဝယ်လေ့မရှိပါဘူး။ ဒါပေမယ့် ဒေသခံ ထိုင်း စတူဒီယိုလေး တစ်ခု ဖြစ်တဲ့ Kai3 က လုပ်ထားတဲ့ စွန်းမိုက် တဲ့ တီရှုပ် လှလှလေး တွေ မြင်တော့ မဝယ်ဘဲ မနေနိုင်ခဲ့ပါဘူး။ ကျွန်မတို့မှာ ရှိတဲ့ အပေါက်အပြဲတွေ အပြည့်နဲ့ အပေါ်ဝတ်အကျီ တွေ နေရာမှာ အသစ်ဝယ်ပြီး အစားထိုးရမှာကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။ အကယ်၍ မြို့ထဲက ဈေးဆိုင်တိုင်းမှာ တွေ့နိုင် ဝယ်နိုင်တဲ့ ပုံမှန် လက်ဆောင်တွေနဲ့ မတူ တမူထူးခြားတဲ့ အိမ်ပြန် လက်ဆောင်ဝယ်သွားချင်ရင်၊ ဒီဒေသခံ ဆိုင်လေး ကို အားပေးလိုက်ရင်တော့ စွန်းလန်းတဲ့ တီရှုပ်လေးတွေ က သင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

အကြံပြုချက် (၅) ။       ။ Khao San Road ကို သွားဖို့ ၂ ခါ ပြန် စဉ်းစားပါ။

five-pics-and-tips-for-bangkok-05

ဘန်ကောက်မြို့ ရဲ့ သရုပ်မှန် ကို ကြည့်ချင် မြင်ချင်ရင် Khao San Road ကို နောက်ဆုံးမှ သွားပါလို့ သတိပေးခဲ့ပါတယ်။

အကယ်၍ သင် ထိုင်းနိုင်ငံနဲ့ ဘန်ကောက်မြို့ရဲ့ ယဉ်ကျေးမှု ကို အမှန်တကယ် တွေ့ကြုံ ခံစားချင်တယ်ဆိုရင်တော့ Khao San Road ကို မသွားပါနဲ့ လို့ အကြံပြုချင်ပါတယ်။ သင် ကျွန်မတို့လိုမျိး သိချင်စိတ်နဲ့ သွားတာ (ဒါမှမဟုတ်) ဒီလို အတွေ့အကြုံမျိုး အတိအကျ ရှာနေတာ ဆိုရင်တော့ သွားချင်သွားပေါ့။

Reference :www.angloitalianfollowus.com
Image Credit : www.angloitalianfollowus.com

One comment

  • Shar Thet Man

    May 30, 2017 at 5:31 pm

    နောက်တစ်ခေါက်သွားမယ်

    Reply

Leave a Reply

Your email address will not be published.