ဥရောပရဲ့ အလှပဆုံးနဲ ့ ဆွဲဆောင်မှုအရှိဆုံး ရွာများ

Mon LayNovember 12, 20161min01

မကြာသေးခင်အချိန်များကပင် CNN သတင်းဌာနက ဥရောပရဲ့အလှဆုံးနဲ့ postcard တွေမှာ ထည့်သွင်းဖော်ပြဖို့အတွက် အကောင်းဆုံး ရွာတွေကို စာရင်းထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲ့ဒီ့ရွာတွေရဲ့ အလှအပတွေကိုလေ့လာ ကြည့်ရှုပြီးတဲ့နောက် မှာတော့ ခရီးသွားအများစုက သွားနေကြနေရာတွေနဲ့မတူ အသစ်အဆန်းဖြစ်တဲ့ ဝေးလံပြီး လူသူသိပ်မသိတဲ့ ဒေသတွေကို သွားဖို့စိတ်အား ထက်သန်လာကြပါတယ်။

ဒီလို ကမ္ဘာတစ်ဝှမ်းသိအောင်ကြေညာထားတဲ့ စာရင်းထဲမှာပါဝင်ဖို့အတွက်ဆိုရင်တော့ အချက်အလက်တော်တော် များများနဲ ့ပြည့်စုံတဲ့ရွာတွေဖြစ်ဖို့လိုပါတယ်။ ပထမဆုံးနဲ့ အချက်ကတော့ ထူးခြားတဲ့တည်နေရာဖြစ်ပြီး၊ ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ သွင်ပြင်တွေလည်းရှိရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ ခရီးသွားတွေအတွက် စိတ်လှုပ်ရှားစရာနေရာတစ်ခု ဖြစ်ဖို့ပါပဲ။

ကဲ….. ဘယ်လိုရွာတွေဖြစ်မလဲဆိုတာ ကြည့်ရအောင်။

 

  1. Tellaro, Italy

tellaro-italy

မြေထဲပင်လယ်ဒေသမှာရှိတဲ့ ဒီဆိပ်ကမ်းရွာလေးကတော့ ၎င်းရဲ့ ကမ်းပါးပေါ်မှာဖောက်ထားတဲ့ လမ်းတွေနဲ့ အသေးစား ဆိပ်ကမ်းလေးတွေကို ခရီးသွားတွေကြောင့်မပျက်စီးသွားရအောင် စီမံထားပါးတယ်။ ဒီရွာလေးက ကဗျာဆရာတွေရဲ့ပင်လယ်ကွေ့လို့တင်စားခေါ်ဝေါ်တဲ့ ပင်လယ်ကွေ့ရဲ့ အရှေ့ဘက်ကမ်းက အစွန်ဆုံးရွာလေးဖြစ်ပါတယ်။ ဒီရွာလေးမှာရှိတဲ့ အထင်ကရတွေ ထဲကတစ်ခုကတော့ San Giorgio ကျွန်းကို မြင့်မြတ်တဲ့ ကျွန်းလို့ သတ်မှတ်ပေးခဲ့တဲ့ ဘုရားကျောင်းအိုကြီးပါပဲ။ အဲ့ဒီ့ဘုရားကျောင်း အိုကြီးကတော့ ဆေးရောင်စုံတွေသုတ်ထားတဲ့ အိမ်တွေရှိရာ ရပ်ကွက်နဲ့ ကပ်လျက်တည်ရှိနေပါ တယ်။

 

  1. Bibury, England

bibury-england

ဒီရွာရဲ့ဘေးပတ်လည်ဒေသ တစ်ခုလုံးကတော့“ထင်ရှားတဲ့ သဘာဝအလှများရှိရာ နယ်မြေ” လို့ သတ်မှတ်ခံထားရပါတယ်။ Bibury ကျေးရွာကတော့ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိပြီး အင်္ဂလန်ရဲ့အလှဆုံးရွာတစ်ရွာလို့ တင်စားကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့အလှပဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးရွာတစ်ရွာ အဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။

ဒီရွာရဲ့အကျော်ကြားဆုံး ဆွဲဆောင်မှုတစ်ခုကတော့ Coln မြစ်ကမ်းဘေးက ရှေးကျောက်တုုံးတွေနဲ့ဆောက်ထားတဲ့ ၁၇     ရာစုကကျေးလက်  အိမ်လေးတွေရှိရာ Arlington လမ်းသွယ်လေးပဲဖြစ်ပါတယ်။

 

  1. Hallstatt, Austria

hallstatt-austria

ဆားငန်တွင်းတွေရှိရာ ဆားချက်လုပ်ငန်းလုပ်ကိုင်တဲ့ ရွာလေးအဖြစ်စတင်ခဲ့တဲ့ Hallstatt ရွာက အခုအခါမှာတော့ Austria နိုင်ငံရဲ့  အလှဆုံးရွာ တစ်ရွာအဖြစ် အသွင်ပြောင်းခဲ့ပါပြီ။ Austria နိုင်ငံထွက် ပုလဲတွေက Hallstatter အာဏာပိုင်တွေ အုပ်ချုပ်ရာ ကျောက်ဆောင်တွေထူထပ်တဲ့ မြစ်ကမ်းပါးတွေနဲ့ မြင့်မားမတ်စောက်တဲ့ တောင်တန်းတွေရဲ့ကြားမှာ တည်ရှိပါတယ်။

လူတော်တော်များများက Hallstatt ရွာကို ကမ္ဘာပေါ်က အခမ်းနားဆုံးနေရာတွေထဲက တစ်နေရာလို့ ယူဆကြပါတယ်။ ဒါ့အပြင် ဒီရွာလေးက ၈၀၀-၄၀ဝ ဘီစီလောက်ကတည်းက တည်ရှိနေတဲ့ ဥရောပရဲ့ သက်တမ်းအရှည်ဆုံးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

  1. Folegandros, Greece

folegandros-greece

Santorini ကျွန်းရဲ့အလှကိုတွေးမြင်ကြည့်ပါ။ ဒါပေမယ့် အဲ့ဒီ့ကျွန်းပေါ်မှာလိုတော့ လူတွေမစည်ကားနေဘူးပေါ့။ Cyclades ကျွန်းစုတွေထဲမှာ ပါဝင်တဲ့အနီးအနားက ကျွန်းလေးပေါ်မှာလည်း Santorini ကျွန်းပေါ်က ဗိသုကာလက်ရာတွေ၊ ရောင်စုံပန်းတွေနဲ့အလှဆင်ထားတဲ့ အဖြူရောင် အဆောက်အဦတွေနဲ့ အပြာရောင်လိပ်ခုံးတွေပါရှိတဲ့ ဘုရားကျောင်းတွေ ကို တူညီစွာတွေ့မြင်နိုင်ပါတယ်။

လူတွေက Folegandros ကျွန်းရွာလေးက သက်တောင့်သက်သာ အနားယူနိုင်တဲ့ ပတ်ဝန်းကျင်၊ ရွာသူရွာသားတွေရဲ့ဖော်ရွေပျူငှာမှုနဲ့ စိမ်းပြာရောင်ရေပြင်ကြီးနဲ့အတူ လှပနေတဲ့ကမ်းခြေတွေရှိရာ Greeke နိုင်ငံရဲ့ အရသာကို အပြည့်အဝခံစားနိုင်တဲ့ ရွာလေးတစ်ရွာဖြစ်တယ်လို့ ဆိုကြပါတယ်။

 

  1. Colmar, France

colmar-france

Colmar ဆိုတာတကယ်တော့ မြို့တစ်မြို့ပါ။ ဒါပေမယ့် ၎င်းရဲ့လှပတဲ့နေရာတွေကို မိတ်ဆွေတို့နှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဒီဆောင်းပါးမှာထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ မြို့ရဲ့ပထဝီဝင်အနေအထားအရ ဗိသုကာ လက်ရာတော်တော် များများမှာ ပြင်သစ်နဲ့ ဂျာမန် စတိုင်တွေ လွှမ်းမိုးနေတာတွေ့ရပါတယ်။

ဒီနေရာလေးကတော့ ကျောက်စရစ်ခင်းထားတဲ့ လမ်းတွေ၊ မြစ်တူးမြောင်းတွေနဲ့ သစ်သားတစ်ဝက်နဲ့ ဆောက် လုပ်ထားတဲ့ အိမ်တွေကြောင့် ပြိုင်ဘက် မရှိ လှပမှုကို ပိုင်ဆိုင်ထားပါတယ်။

#credit

One comment

  • Shar Thet Man

    May 10, 2018 at 10:18 am

    တစ်နေ့နေ့တော့ရောက်ရမယ်

    Reply

Leave a Reply

Your email address will not be published.