အင်္ဂါဂြိုလ်ပေါ်က အခွင့်အလမ်းယာဉ် ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီ

DaveMarch 26, 20101min02

အမေရိကန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့က လွှတ်တင်ထားပြီး အင်္ဂါဂြိုလ်ပေါ်သို့ ရောက်ရှိနေသည့် အခွင့်အလမ်းဟု အမည်ရသော ယာဉ်ငယ်သည် မကြာသေးမီကစတင်၍ ကိုယ်တိုင်ထိန်းချုပ်သွားလာ နိုင်ပြီဖြစ်သည်ဟု အဆိုပါအဖွဲ့ မှ ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားသည်။

၎င်း၏ညီအစ်မယာဉ်ငယ်ဖြစ်သော စပရစ်သည် သဲဆားများထဲတွင် ပိတ်မိနေဆဲဖြစ်သော်လည်း အခွင့် အလမ်းယာဉ်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်တွင် လေ့လာရေးခရီးနှင်နေပြီ ဖြစ်သည်။

AEGIS ဟုအတိုကောက်အမည်ပေးထားသော ဆော့ဖ်ဝဲဖြင့် ကိုယ်တိုင်ထိန်းချုပ်နိုင်စေရန် နာဆာအဖွဲ့ မှ အာကာသပညာရှင်များက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထိုယာဉ်ပေါ်မှ ကင်မရာဖြင့် ရိုက်ကူူးပေးပို့သော ဓာတ်ပုံတစ်ပုံကို ပူးတွဲဖော်ပြလိုက်ပါသည်။

2 comments

  • susunosuki

    April 17, 2010 at 3:29 pm

    အင်္ဂါဂြိဟ်ပေါ်မှာ ရေရှိတယ်ဆိုတဲ့ အိမ်မက် ကို ဆက်မက်နေတုန်းပဲလား

    Reply

  • etone

    June 9, 2010 at 3:53 am

    အင်းကောင်းတယ် ။ သူတို့ရှာတော့လည်း နောက်လူတွေသိရတာပေါ့ ။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.