စတော်ဘယ်ရီသီးဆိုတာ

agnaingsoeMarch 26, 20101min01

http://img23.imageshack.us/img23/3927/clipimage0020000.jpg
စတော်ဘယ်ရီသီးစားခြင်းသည် ဦးနှောဏ်အတွက် ဆေးတစ်လက်ပါ စတော်ဘယ်ရီသီးဆိုတာနဲ့လူတွေက နီနီလေး၊ ချဉ်တင်တင်ချိုတိုတိုနဲ့အရသာ ရှိလှတဲ့အသီးလေး ဆိုပီးသိကြတာတော်တော် များကြပါတယ်ကျနော်တို့မသိသေးတဲ့ အချက်ကလေးတွေကို တင်ပြပေးလိုက်ပါတယ် ————————————————————————————————————— စတော်ဘယ်ရီသီးသည်ဟာ ဦးနှောက်အတွက်ကောင်းတဲ့ အသီးအနှံဆိုတာကို ၂၀၀၉ ခုနှစ် ဘယ်ရီ ကျန်းမားရေး နှီးနှောဖလှယ်ပွဲကနေ နောက်ဆုံးလေ့လာသုတေသန ပြုလုပ်ထားတဲ့ ဘယ်ရီသီးနှင့် လူ့ကျန်းမာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖော်ပြထားပါသည်။ များစွာလှသော လေ့လာမှုများကို ပြုလုပ်ပြီးမှသာ လျှင်ယခုကဲ့သို့တင်ပြထားခြင်းသည် အလွန်မှပင် ရိုးရှင်းလှပါသည်။ ဥပမာအားဖြင့်- Chicago Helthy Anging Project (CHAP) ၏လေ့လာမှုတစ်ခုကတော့ သက်ကြီးပိုင်းတွေဟာ စတော်ဘယ်ရီသီးကိုစားခြင်းဖြင့် သန်မြန်ဖျက်လက်မှုကိုလျှော့နည်း ခြင်းကို လျှော့ကျစေနိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီးများအနေဖြင့် တစ်လကို ၁၆.၂ ရာခိုင်နှုန်း စားသုံးခြင်းဖြင့် သန်မြန်ဖျက်လက်မှုကိုလျှော့နည်းသည်ကို ကာကွယ်မှုဖြစ်စေနိုင်မည်ဟု ဖော်ပြထားပါသည်။ “သေချာတဲ့ အချက်ကတော့ စတော်ဘယ်ရီးသီးစားသုံးခြင်းဖြင့် အသက်အရွယ်ကြီးသူများအနေဖြင့် ပိုမိုစားသုံးခြင်းဖြင့် သန်မြန်သွက်လက်မှုကိုဆက်လက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါသည်။” အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ ဦးနှောဏ်၏ လုပ်ငန်းဆောင်တာမှုတွေဟာ လျှော့နည်းလာသည်။ အဲ့လိုဖြစ်မှုကို တိရစ္ဆာန်များကို လေ့လာခြင်းအားဖြင့် (အထူးသဖြင့် ယုန်) များကို Tufts University မှာ လေ့လာခြင်းအားဖြင့် သိရှိခဲ့ကြခြင်းပင်ဖြစ်လေသည်။ ထိုကဲ့သို့လေ့လာခြင်း၏ နောက်ဆုံးဖော်ပြချက်မှာကတော့ အသက်အရွယ်ကြီးမြင့်လာ သည်နှင့်အမျှ ဦးနှောဏ်ရဲ့ လေ့လာမှုအား လျှော့နည်းလာတယ်၊ မှတ်ဉာဏ် တွေ ဟာ မော်တော် လုပ်ဆောင်ချက်၊ (ဦးနှောဏ်ရဲ့ အလုပ်လုပ်ပုံ ဟန်ချက် နှုန်းဟာလည်း တစ်ဆက်တည်းဟာ လျှော့ကျသွားပါတယ်)။ ဒါကြောင့် စတော်ဘယ်ရီသီး ဟာ အခြားအခြားသော ဘယ်ရီ သီးများထက်ကို ဦးနှောဏ်နှင့် မှတ်ဉာဏ် စွမ်းအားကို မြင့် ထက်စေ နိုင်စွမ်း ရှိပါတယ်။ (ဈေးလည်းကျနော်တို့ ဆီမှာ မကြီးလှပါဘူးဗျာ) ဆက်လက်ဖော်ပြပါအုံးမည် အခုတော့ ဒီလောက်ပါပဲဗျာ ကျေးဇူးတင်ပါသည်။ agnaingsoe.wordpress.com

One comment

  • susunosuki

    April 17, 2010 at 3:34 pm

    ခုလိုသိခွင့်ရလို့ကျေးဇူးတင်တယ်
    မှတ်သားစရာပါ
    နောက်ဆို စတော်ဘယ်ရီသီးဖျော်ရည်ကို ကြံရည်နေရာမှာ အစားထိုးသောက်မယ်

    Reply

Leave a Reply

Your email address will not be published.