မဖြေနိုင်တဲ့မေးခွန်းတွေ

nyomaungAugust 29, 20101min08

မင်းကမိရိုးဖလာ လား။ဗုဒ္ဒဘာသာအစစ်လား။မင်းယုံကြည်တဲ့ဘာသာတရားအတွက်အသက်စွန် ့ဝံ့လား။

ခုမင်းအလုပ်လုပ်နေတာကဘာအတွက်လဲ။ဒိအလုပ်က မင်းရှေ ့ရေးအတွက်ဘာအကျိုးရှိလဲ။တိုးတက်မှာလား။ဒိတိုင်းပဲဆက်သွားနေမှာလား။

ဘဝမှာဘာရည်မှန်းချက်တွေရှိလဲ။ဘယ်လိုနေထိုင်မှုမျိုးနဲ ့နေထို်င်သွားမှာလဲ။တိုင်းပြည်မပြောနဲ ့ကိုယ့်မိဘဆွေမျိုးတွေကိုဘယ်လိုကာကွယ်

စောင့်ရှောက်မှာလဲ။မိဘကိုမွေးကျေးဇူးဆပ်နိုင်ပြီလား။သူငယ်ချင်းတွေအပေါ်တကယ်ချစ်ခင်ရဲ ့လား။ကိုယ့်ကောင်းကြာင်းပြောလို ့ခင်တာလား။

သူတို ့ကိုဘာတွေပေးဆပ်ပြီးပြီလဲ။သူတို ့ဆီကဘာမှပြန်မလိုချင်ပဲနဲ ့ကူညီခဲ့တာတွေဟုတ်ရဲ ့လား။တခါမှသူတို ့အပေါ်မကောင်းမမြင်ဘူးလို ့

ပြောနိုင်လား။မင်းနေထိုင်မှုကသူများတွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေစေသလား။အလုပ်လုပ်တာတကယ်စေတနာပါရဲ ့လား။မင်းတိုးတက်ဖို ့တကယ်

ကြိုးစားနေတာဟုတ်ပါ့မလား။သူများမသိဘဲဘာအခွင့်အရေးတွေယူပြီးသွားပြီလဲ။

အများကြီးရှိသေးတယ်ထင်တာပဲ။

8 comments

  • mG

    August 29, 2010 at 3:11 pm

    ကျွန်တော့်ကို တခုလောက် ကူညီပါဗျ။ဒီစာနဲ့တော့ တိတ်မဆိုင်ဘူးဗျ။ဒါပေမဲ့ ခေါင်းစဉ်လေးနဲ့တော့ ဆိုင်တယ်လေ။ကျွန်တော်မဖြေနိုင်တဲ့ မေးခွန်းပေါ့ဗျာ။
    ဒီ Website အကြောင်းကိုပြောပြတော့ ကျွန်တော့်ကို စာတွေဘယ်လိုရေးပြီးတင်ရလည်းတဲ့ မေးတော့မှာ ကျွန်တော်ဘာမှမသိဖြစ်နေတယ်ဗျ။ Help ထဲကိုသွားတော့လည်း English လိုဖြစ်နေတော့ မဖတ်တတ်။ကျွန်တော့်ကို Post သင်နည်းလေး ပြောပြပါလား။ကျေးဇုူးမမေ့ပါဘူးဗျာ။

    Reply

  • kopauk mandalay

    August 29, 2010 at 4:01 pm

    1။ မိရိုးဖလာဘာသာဝင်ကတော့ ဟုတ်တယ် ။
    2။ဂေါတမမြတ်စွာဘုရားက ဘယ်လိုဆိုရင် ဘာသာဝင်မစစ်ဘူး ဘယ်လိုဆိုရင်စစ်တယ်လို့ ခွဲပြောတာ မတွေ့ဘူးဘူး၊
    3။အသက်စွန့်ရမယ်လို့လဲ တစ်ခါမှဟောတာမတွေ့ဘူးဘူး နောက်လူတွေကသာ ကွန့်ပြီးပြောတာထင်တာဘဲ။
    4။အခုအလုပ်လုပ်နေတာ လောလောဆယ် စားဝတ်နေရေးပြေလည်ဘို့ ဒါမှဆက်အသက်ရှင်နိုင်မှာလေ။
    5။ရှေ့ရေးအတွက်အကျုးိမရှိဘူးဆိုလဲ လောလောဆယ်လုပ်နေတာကို ရပ်လိုက်လို့မရဘူးလေ။
    6။လုပ်ရင်းကိုင်ရင်းနဲ့ဘဲ ပိုကောင်းတယ်ထင်တဲ့ဘက်ကိုပြောင်းရပြန်တာပါဘဲ။
    7။ရည်မှန်းချက်ရှိပေမယ်လဲ အဲဒီအတိုင်းဖြစ်မလာလို့စိတ်ညစ်နေလို့မှမရတာ ရနိုင်တာကိုဆက်လုပ်ရမှာဘဲလေ။
    8။မသေသေးသမျှ အဆင်ပြေအောင် ကြည့်နေရတာဘဲ ။
    10။ဘယ်သူမှ တိုင်းပြည်ကို ကာကွယ်ဘို့ တာဝန်ရှိသလားမရှိဘူးလား ဆိုပြီးစိတ်အညစ်ခံပြီးစဉ်းစားမနေလောက်ပါဘူး။
    ဆက်ပြောနေရင် အများကြီးဖြစ်သွားလိမ့်မယ်။
    အကောင်းဆုံးက ကိုယ်ကသာမန်လူတစ်ယောက်ဖြစ်နေတဲ့အတွက်သာမန်လူလိုဘဲစဥ်းစားပါတယ်။
    ပါရမီရှင်တော့ကတော့ သာမန်လုူတွေမလုပ်နိုင်တာတွေလုပ်ပြ ပြီး ဖောက်ထွက်သွားကြတတ်ပါတယ်။
    မေးခွန်းဆိုတာ မဖြေနိုင်လောက်တဲ့မေးခွန်းမရှိလောက်ပါဘူး။
    သူများနားထောင်ကောင်းအောင် အဖြေမပေးနိုင်တာဘဲရှိမယ်ထင်ပါတယ်။
    ဒါကတော့ကျနော်အမြင်မှလူတိုင်းနဲ့တူချင်မှလဲတူမှာပေါ့။

    Reply

  • morrethant

    September 1, 2010 at 5:20 pm

    အစ်ကို..ကိုပေါက်
    ၁။ဒါတော့ဟုတ်ပါတယ်..အစ်ကို။ကျွန်တော်ပြောတာက ယုံကြည်မှုကိုပါ။
    ၂။ခွဲမပြောပေမယ့် ကျွန်တော်တို ့အမှန်တရားကို လိုက်နာရင်မကောင်းဘူးလား။
    ၃။ဟုတ်။ဒါပေမယ့် ဘာသာတရားအတွက် အသက်စွန် ့တဲ့သူတွေ ကျမ်းတွေထဲမှာတွေ ့တော့ လေးစားတယ်လေ။
    ၄။အဲ့ဒါကိုပဲ..နားမလည်တာ..အစ်ကို။စားဖို ့လုပ်နေရတဲ့ဘဝကို မကျေနပ်ဖူး။ဒိထက်ပိုကောင်းတဲ့အကြောင်းပြချက်နဲ ့လုပ်ချင်တယ်။
    ၅။ဟုတ်တယ်..အစ်ကို။
    ၆။ဒါလဲ..ဟုတ်တယ်တာပဲ။
    ၇။ဟုတ်။
    ၈။ဟုတ်။
    ၉။
    ၁၀။အစ်ကိုပြောသလို လူတိုင်းက ကာကွယ်ဖို ့မတွေးကြရင် ဝမ်းနည်းစရာပဲ..အစ်ကိုု။ကျေးဇူးပါ..အစ်ကို။ကျွန်တော်မသိတာတွေ ပြောပေးလို ့။

    Reply

  • morrethant

    September 1, 2010 at 5:39 pm

    အစ်ကိုမောင်။။။
    အစ်ကို က ပို ့စ်တင်ချင်တာလား။ကျွန်တော်လဲသိပ်မသိပါဘူး။သိသလောက်ပြောပြမယ်လေ။အစ်ကို log in ဝင်လိုက်တယ်မှတ်လား။
    In & Out ရဲ ့အောက်မှာ site admin ရှိတယ်လေ။ဘယ်ဘက်မှာ..အစ်ကို။အဲ့ကို သွားလိုက်။ပြီးရင် Dashboard ဆိုတဲ့အောက်မှာ
    Posts
    Media
    Comments ဒါတွေ တွေ ့လိမ့်မယ်။posts အောက်မှာရှိတဲ့ Add New ကိုသွားနှိပ်လိုက်ရင် တင်လို ့ရပါပြီ။ အစ်ကိုရဲ ့posts တွေကို ။။
    အဲ့ Dashboard ကိုနည်းနည်းဖတ်ကြည် ့လိုက်ပေါ့။posts တွေတင်ရင် ဘာတွေရွေးရလဲလို ့။
    ဒါဆိုရလောက်ပါပြီ..အစ်ကို။

    Reply

  • လင်းဝေကျော်

    September 2, 2010 at 3:18 am

    မိုရီသန့်
    အင်း လူတိုင်းက တိုင်းပြည်ကို ( ကိုယ့်ရဲ့ လူ့အဖွဲ့အစည်း ကို )
    တန်ဖိုးထားမှုစံနှုန်း၊ ယဉ်ကျေးမှု၊စည်းကမ်းတွေ မြှင့်တင်ဖို့ စဉ်းစားရင် လုပ်ရင်
    နောက် ရလာတဲ့ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတွေကို ကာကွယ်စောင့်ရှောက်ရင်
    အကောင်းဆုံးဆိုတာတွေ ဖြစ်လာမှာပါ။
    ကာကွယ်စောင့်ရှောက်တယ်ဆိုတာ စစ်တပ်ကြီးနဲ့လုပ်နေမှ မဟုတ်တာကိုလည်းသဘောပေါက်မယ်ထင်ပါတယ်။
    စိတ်တော့မဆိုးပါနဲ့ ယဉ်ကျေးမှုဆိုတာမှာ စာပေနဲ့ဘာသာစကားလည်းပါတော့ ကြုံတုန်းလေး အကြံပေးချင်လို့ပါ။ အမှားထောက်တယ်မထင်ပါနဲ့။
    log in ဝင်လိုက်တယ် မဟုတ်လား လို့ ပြောရပါမယ်။ ( You log in, isn’t ? )ဆိုတာမျိုးလိုပါပဲ။
    log in ဝင်လိုက်တယ် မှတ်လား ဆိုတာ ဘာသာစကားအပျက်ပါ။
    စာပေကို လေးစားတဲ့သူတစ်ယောက်မှန်းသိလို့ အကြံပေးတာပါ။

    Reply

  • who am I

    September 2, 2010 at 4:05 am

    အကိုကိုပေါက်ရေ
    1။တကယ် ဗုဒ္ဒဘာသာ ဖြစ်ရမယ်
    2။သရနဂုံ မြဲရမယ်
    3။အသက်စွန်တာတော.မဟုတ်ဘူးပေါ. ဗုဒ္ဒဘုရားကတော. ပါရမိ ကြင်.တယ်လို.ရေးထားတယ်
    4။အလုပ်လုပ်နေးတားက ဘဝ ဘာသာရေးက သက်သက် အကိုရ မရောနဲ.
    5။6။7။8။ကဝိပတ်သနာကို လေလာကြည်ပါလား
    10။တိုင်ပြည်တာဝန်ကတော. အများအတိုင်ပေါ.
    ဆရလုပ်တာမဟုတ်ပါဘူနော် မိရိုးဖလာဖြစ်နေလို တကယ် ဗုဒ္ဒဘာသာဖြစ်စေချင်တာပါ
    ဖြစ်နိုင်ရင် မေတ္တာရှင်အရှင်ဇဝန ရေးတဲ အရှုံးမရှိတဲဒသန ကိုဖတ်ကြည်စေချင်ပါတယ်

    Reply

  • morrethant

    September 2, 2010 at 4:14 pm

    ကိုလင်းဝေကျော်…
    အစ်ကိုပြောတာကို အမှားထောက်တယ်လို ့မထင်ပါဘူး။ကျွန်တော်မှားနေလို ့၊မသိလို ့စေတနာနဲ ့ပြောတယ်လို ့ပဲထင်ပါတယ်..အစ်ကို။ကျေးဇူးပါ..အစ်ကို။

    Reply

  • Gong Zhu

    September 16, 2010 at 5:58 pm

    မိဘကိုမွေးကျေးဇူးဆပ်နိုင်ပြီလား ဒါမဖြေနိုင်တဲ့မေးခွန်းမဟုတ်ပါဘူး ။ မြတ်စွာဘုရားရှင်တောင်မှ နို့တစ်လုံးဖိုးပဲကျေအောင်စပ်နိုင်တာလေ ။ တို့ လူသားတွေအတွက်ကတော့ နို့တစ်စက်ဖိုးတောင်ကျေရဲ့လားမသိပါဘူး ။သေချာပေါက် မွေးကျေးဇူး ဆပ်ကိုမဆပ်နိုင်သေးတာပါ ။ ဘယ်တရားထဲမှာလဲ မမှတ်မိဘူး မိဘကို ကျေးဇူးဆပ်ချင်ရင်တဲ့ သာသနာဘောင်ထဲကိုဝင်ခိုင်းပါတဲ့ ။ အဲ့ဒါမှ ကျေးဇူးဆပ်ခြင်းအစစ်ဖြစ်တယ်လို့ ဆရာတော်တစ်ပါးဟောတာကြားဖူးတယ် ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.