အယ်ဒီတာ့သင်ပုန်း – ဖေဖော်ဝါရီ ၂၀၁၆

kaiJanuary 17, 20161min014

“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်” –
သခင်အောင်ဆန်း။

လူမျိုးဟူသည် မျိုးနွယ်များ၊ ဗီဇများ၊ သွေးများ ရောထွေးယှက်နွယ်စီးဆင်း မြစ်ရေအလျဉ်ကဲ့သို့ ပြောင်းလဲနေပါ၏။  ထို့ကြောင့် လူသားတွင် ဗီဇသွေးသန့်လူမျိုး၊ တိုင်းရင်းသားစစ်စစ်ဟူသည် ထင်ရှားမရှိနိုင်။
ယခင်နှစ်၅၀၀(နှစ်ငါးရာ) ကအမေရိကန်လူမျိုးသည် ယခုအမေရိကန်နှင့်များစွာခြားနားခဲ့ပြီ။ ထိုနည်းတူ ယခုခေတ် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်ဗီဇတို့သည်လည်း ယခင်နှစ် ၁၀ဝ မှ မျိုးရိုးဗီဇနှင့်
များစွားခြားနားနေလိမ့်မည်။ လူသား၏မူလ Homo sapiens ဘုံပင်မအမျိုးရိုးကြီးနှင့် လူမဟုတ်သော Neanderthal ပင်မမျိုးရိုးကြီးတို့ပင် ရောနှောနေခြင်းရှိနေနိုင်သည်ကို မျိုးရိုးဗီဇစစ်ဆေးချက်များအရတွေ့နေကြရပြီ။

ဝံသာနုရက္ခိတနှင့် စစ်ပဋိပက္ခ
ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် မြန်မာ ၆၉နှစ်ပြည့်ပြည်ထောင်စုနေ့လာဦးမည်။ လာသာလာစေဦး မြန်မာတိုင်းရင်းသားတို့အဆက်ဆက်ကား နှစ်ထောင်ချီကြာသည့်နယ်မြေလု ပြည်တွင်းစစ်ကြီးများဆင်နွှဲရဆဲ။ ဆင်နွှဲလတ္တံတည်း။
တိုင်းရင်းသားနယ်ဒေသနေသူ မနေနိုင်သူတို့ကလည်း မိမိတို့ပိုင်နယ် ဆိုင်နယ်ကို လိုချင်သည်။ အကျိုးကျေးဇူး အရင်းအမြစ်များကို စံစား/ခံစားချင်သည်။ လူသားဆန်ပါ၏။
ယခုနှစ် ဇန်နဝါရီလလယ်တွင် မြန်မာပြည်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနေစဉ်တွင် ရှမ်းတချို့(SNLD)က ရှမ်းမူ(ပြည်နယ်/တိုင်း၈ခုမူ) တင်သည်။ ကချင်အချို့က
ကချင်နိုင်ငံတောင်းဆိုရန်ပြင်ဆင်နေသည်။ မကြာမှီတက်လာတော့မည်ဖြစ်သော NLD အစိုးရလက်ထက်တွင် များစွာသော နယ်မြေခွဲထွက်တောင်းဆိုမှုများကို သေချာပေါက်တွေ့ကြရမည်။
ဤတွင်မေးခွန်းထုတ်ဖွယ်ရှိလာပေသည်။ မည်သည်ကို မည်သူ မည်သို့ပိုင်ကာ မည်မျှခွဲကြမည်နည်း?

သမိုင်းလှန်
သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးစာအုပ် အရကောက်ရလျှင် အေဒီ ၈၀ဝကျော်ကယခုစိန့်ပြည် (China)၏အနောက်ပိုင်း ယူနန်နယ်နေ နန်ချောင်လူမျိုး(Nanzhao) တို့သည်
ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသအချို့ကို သိမ်းပိုက်ကာ မူလနေလူမျိုး “ပျူ၊ ကရင်၊ မွန်၊ သက်၊ သော၊ ကန်တူ၊ တောင်သူ၊ လဝ” တို့နှင့်ရောနှော၍ မြို့ပြထူထောင်ခဲ့ကြသည်။ သုံးစွဲကြသည့်ဘာသာစကားမှာ Tibeto-
Burman ဖြစ်ကာ ယခုတိုင် စိန့်ပြည်တွင် လူ၅သန်းမျှပြောနေဆဲဖြစ်သော အခွဲ Yi (“Lolo”) ဘာသာစကားနှင့်ဆင်ပါသည်။ ပြူစောထီး သူရဲကောင်းမှ ငှက်ကြီး၊ ဝက်ကြီး၊ ကျားကြီး၊ ရှုးပျံကြီးတို့ကို တိုက်ခိုက်
အနိုင်ယူကာ ပုဂံတည်ထောင်ခြင်းအပါအဝင် ပန်းပဲမောင်တင့်တယ်၏နတ်စိမ်းဇတ်များသည် ယခုစိန့်ပြည်ရှိ သမိုင်းဇတ်လမ်းများနှင့် အလွန်တရာဆင်တူနေသည်ကိုလည်းတွေ့ကြရမည်။ ထို့အပြင် အေဒီ ၁၅ဝတွင်
ဥရောပသား ရောမန်များဆွဲထားသော မြေပုံတွင် မြန်မာပြည်သည် “India Extra Gangam” အမည်ဖြင့် အဓိကကုန်သွယ်အချက်အချာအဖြစ်ပါဝင်နေသည်ကိုလည်း သိရမည်။ ဥရောပသားများ မြန်မာ့နယ်သို့ လွန်ခဲ့သော အနှစ်
၁၉၀ဝခန့်ကတည်းက ရောက်နေပြီ။ သရေခေတ္တရာ၊ ပျူခေတ်၏ အိုးကွဲစများတွင်မူ ဟိန္ဒူသာသနာ၏ ခြေရာအချို့လည်း ကျန်ရစ်နေသည်ကို ဖေါ်ထုတ်နိုင်ကြပြီ။
ဒေါက်တာသန့်မြင့်ဦးနှင့် စာရေးသူကိုယ်တိုင်၏ DNA မျိုးရိုးဗီဇ စစ်ဆေးချက်များအရမူ သွေးထဲ၌ အရှေ့အာရှ မျိုးရိုးဗီဇ ၈၀%ဝန်းကျင်၊ တောင်အာရှဗီဇ ၁၀%ပါတ်လည်မျှကိုယ်စီပါဝင်နေသည်။
ယခုခေတ်၏သိပ္ပံသည် အချက်အလက်ဖြစ်၍ ငြင်းချက်ကားထုတ်မရ။ ကိန်းဂဏန်းအတိအကျတွက်နိုင်ပါပေပြီ။ အနာဂါတ်တွင် မြန်မာပြည်ဒေသအလိုက်ခွဲကာ မျိုးရိုးဗီဇ စမ်းသပ်ချက်များကို
ဖြန့်ကျက်စစ်ဆေးလိုက်ပါလျှင် မြန်မာတိုင်းရင်းသားများအကြောင်း ပိုမိုပြောပြနိုင် ပါလိမ့်မည်။ မြန်မာဟူသည် အရှေ့နောက်တောင်မြောက်မှ လူမျိုးပေါင်းစုံ ဗီဇရောနေခြင်းသာ ဖြစ်ပါလိ့မ်မည်။
မြန်မာ့ဗီဇစံဟူသည်အနှောသာ အဓိကဖြစ်ပါလိမ့်မည်။ ယခုခေတ် အမေရိကပြည်ထောင်စုနေ အမေရိကန်များသို့သာတည်း။ သို့သော် လူ့သက်တမ်းသည် သာမာန်အားဖြင့် နှစ်တရာမကျော်။ တဦးချင်းစီကား
ပျောက်ကွယ်ရပေမည်။ အမျိုးစောင့်ချင်လျှင် သားသမီးချန်ရစ်ကာ မိမိမျိုးရိုးဗီဇကို လက်ဆင့်ကမ်းကြရပါမည်။

သယံဇာတကျိန်စာ
ရခိုင်ပြည်နယ်၏ကမ်းလွန်တွင် ရေနံသဘာဝဓာတ်ငွေ့တို့ တွင်တွင်ထွက်နေသည်။ ကချင်ပြည်နယ်တွင် ရွှေ၊ကျောက်စိမ်းတို့ ထုတ်မကုန်ဖြစ်နေသည်။ ရှမ်းပြည်တွင်
ဘီလီယံဝင်ငွေရဘိန်းနှင့်သတ္တုတို့လျှံပယ်နေသည်။ ကရင်ပြည်တွင် သစ်နှင့် ရွှေကြောကြီးတို့ရှိနေသည်။ တနင်္သာရီတိုင်းတွင် ရေထွက်သယံဇာတများနှင့် သတ္တုကြောများလည်းဖေါ်ယူနိုင်သည်။
ဧရာဝတီမြစ်ဝှမ်းတွင် စားရေရိက္ခာလွယ်စွာစိုက်ပျိုးမွေးမြူနိုင်သည်။ အချို့ဒေသများမှာ ငလျှင်ကြောပေါ်ကျရောက်နေကာ အချို့နယ်သို့ သဘာဝဘေးမုန်တိုင်းကြီးဝင်တတ်၏။ အချို့နေရာမှာ တောင်နှင့်
ကန္တာရမှလွဲ၍ဘာမှမရှိ။
သို့သော် လူသားတိုင်းမြေနေရာကို လိုချင်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်ပဋိပက္ခတိုင်းသည် ပိုင်ဆိုင်ရယူမှုပေါ်တွင်သာ အခြေခံကြပါသည်။

ဤသူ စုဆောင်းထားသော ထိုင်းနိုင်ငံထုတ်မြေပုံအရဆိုလျှင် ရှမ်းပြည်တခုတည်း၌ပင်လျှင် လက်နက်ကိုင်တို့ပိုင်သည်ဆိုရာနယ်မြေ (၉)ခုရှိနေပါသည်။ မည်သို့ခွဲကြမည်နည်း။
ဦးနုက ၁၉၆ဝတွင် ပြည်နယ်အမည်ပေးဖွဲ့စည်းကြရန် ငါးဦး အကြံပေးကော်မရှင် အဖွဲ ့အဖွဲ့ဖွဲ့ဖူးသည်။ ထိုစဉ်က ပဲခူး၊ ထားဝယ်၊ မြိတ်ခရိုင်တို့ကို မွန်ပြည်နယ်ထဲ မထည့်ပါရန်တောင်းဆိုမှု၊
ကရင်ပြည်နယ်တွင်ပါနေသော မွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်ဖက် ပြန်ထည့်ပေးဖို ့၊ယော ဒေသကို ချင်းပြည်ထဲ မထည့်ဖို ့တောင်းဆိုမှုများရှိဖူးသည်။ လူသားမှန်လျှင် မြေကျယ်ကျယ် ကောင်းကောင်း လိုချင်ကြလိမ့်မည်။ ဟိုဖက်ဒီဖက် တောင်းဆိုမှုများကို မည်သည့်အစိုးရက မည်သို့ညှိကြမည်နည်း?

တိုင်းရင်းသား ၁၃၅
၁၃၅မျိုးဟူသည် နဝတလက်ထက်က ဗိုလ်ချုပ်မှုးကြီးစောမောင်၏ လက်ထွက်ဖြစ်ပါသည်။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် သုံးခဲ့သည့် စာရင်းများကို မူတည်ပြီး ပြုစုဖေါ်ပြခဲ့သည်ဆိုလေသည်။ ထိုစဉ်က
သန်းခေါင်စာရင်းကောက်သူများမှာ ပညာရေးမှဆရာ/ဆရာမများနှင့်ကျောင်းသားလုပ်အားပေးများဖြစ်ပေရာ တိကျမှုကိုများစွာသံသယဖြစ်ရမည်။ လူမျိုး(Race)၊Tribe(မျိုးနွယ်စု)၊ ဆွေမျိုးစု(Clan)၊
စကားဝဲအစု(Dialect) များ ရောထွေးကောက်ခံခဲ့သောကြောင့် တိုင်းရင်းသားလူမျိုး ၁၃၅မျိုးတွင် ၇၆ မျိုးသည် စာရင်းထပ်နေခြင်း လုပ်ကြံထီထွင်ထားခြင်းများသာဖြစ်နေပြီး ထိုအထဲတွင်(၅၉) မျိုးသာ အမှန်ဖြစ်၍
စာရင်းချန်ထားသည်များထည့်တွက်ပါမှ လူမျိုးပေါင်း၇ဝ မျှသာရှိရမည်ဆိုသည့် အကြံပြုဆောင်းပါးများလည်းရှိ၏။ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် Code များလုပ်ရာ၌ ထိုမတိကျမှုတို့ကို ချင်း၊ ကချင်
ရှမ်းတိုင်းရင်းသားများလည်း ကန့်ကွက်ပြီးကြပြီ။ အမှန်မှာ မည်သို့နည်း?

အမိ၊အဖမြေ
ဇန်နဝါရီ ၁၆ ၁၅၁၆တွင် ဘုရင့်နောင်မင်းတရားဖြစ်လာမည့် ရှင်ရဲထွဋ်ကို မွေးဖွားခဲ့သည်။ သို့ဆိုလျှင် ယခုနှစ်တွင် ဒုတိယမြန်မာနိုင်ငံတည်ထောင်သူ ဘုရင့်နောင်မင်းသက်တော် ၅၀ဝပြည့်ချေပြီ။
သူပိုင်ခဲ့သောမြန်မာ့အင်ပါယာကို လေ့လာလျှင် မဏိပူရသည်၎င်း။ စိန့်ပြည်၏ အနောက်တောင်ပိုင်းယူနန်နယ်သည်၎င်း။ အယုဒ္ဓယနယ်ပါဝင်သော ယခုထိုင်းနိုင်ငံ၏ တဝက်မျှသည်၎င်းမြန်မာပိုင်ဖြစ်ခဲ့ပေ၏။
ထိုစဉ်က ရခိုင်ပြည်သည် လွတ်လပ်သီးခြားဖြစ်နေကာ ယခုဘင်္ဂလားဒေ့ရှ်ပြည်ဖြစ်နေသော စစ်တကောင်းနှင့် သူ၏တောင်ပိုင်းနယ်များသည် ရခိုင်ပိုင်နယ်များဖြစ်ခဲ့သည်။ ယခုခေတ်တွင်တော့
လူမျိုးအသီးသီးတို့သည် အာရှတခုလုံးတွင် ပြန့်နှံ့နေထိုင်နေကြရာ ချင်း၊နာဂတို့သည် အိနိ္ဒယပြည်တွင်၊ မွန်၊ ဗမာတို့သည် ထိုင်း၊ကမ္ဘောဒီးယား၊လာအိုပြည်တို့တွင်၊ ကချင်။၀၊ကိုးကန့်တို့သည် စိန့်ပြည်တွင်၊ ချင်း၊ ရခိုင်၊
ဗရမာကြီးများတို့သည် ယခုဘင်္ဂလားဒေ့ရှ်ပြည်တွင်၊ ဘင်္ဂလီရိုဟင်ဂျာတို့သည် မြန်မာပြည်တွင်၊ တိုင်းရင်းသားအစုံတို့သည် အမေရိကပြည်ထောင်စုတွင် ရောနှောနေထိုင်နေကြပါ၏။
ထိုထိုတိုင်းရင်းသားတို့သည် ဆိုင်ရာနိုင်ငံတော်ကိုသာ သတ်မှတ်ထားကြသော အခြေခံဥပဒေအရ သစ္စာခံမည်မှာ (သာမာန်အားဖြင့်) သေချာရသည်။ မူလနေထိုင်ရာနိုင်ငံနှင့် နိုင်ငံသား။ ကိုးကွယ်ရာဘာသာနှင့် လူမျိုးဇာတိတို့အား
တကွက်ချင်းစီ ခွဲခြားနားလည်ကြရမည်။
မိမိမျိုးနွယ်နေကြတိုင်း ထိုမြေပိုင်ရမည်ဆိုလျှင်မခက်လော။ မရလျှင်လည်း စစ်မဖြစ်လော။

စစ်ဆေးစက်တွေ
လွန်ခဲ့သော နှစ် ၂၅၀ဝ ကျော်က ယခုနီပေါနှင့်အိနိ္ဒယနယ်စပ်တွင် ဗုဒ္ဓပွင့်တော်မူကာ အဆိုပါတဝိုက်တွင် တသက်တာ လှည့်လည်၍ တရားဟောကြားခဲ့သည်။ မြန်မာ့ဘုရားသမိုင်းများအရ
ဂေါတမဗုဒ္ဓဘုရားကိုယ်တော်တိုင်သည် မြန်မာပြည်သို (၅) ကြိမ်တိုင်တိုင် ဒေသစာရီ ကြွချီတော်မူခဲ့ဖူးသည်ဆိုပါသည်။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ စာများအရကောက်လျှင်မူ ဗုဒ္ဓမြန်မာပြည်ကြွလာသည်ဟူသော မူလမှတ်တမ်း အစောဆုံးကို နှစ် ၅၀ဝထက်စော၍မတွေ့ခဲ့။ ဗုဒ္ဓကျမ်းစာ၊ အဌကထာ၊ပိဋကတ်တို့တွင်လည်းမပါ။  ဘုရားသမိုင်းများမှာ ပါးစပ်ရာဇဝင်။ ပညာရှင်မဟုတ်သူများထံတွင် ထ,သတ်ကုန်သည်။ မြန်မာ့ကျေးလက်အနှံ့ အလောင်းစည်သူမင်းကြွကာ ဘုရားစေတီတည်သည့်မင်းလည်းဖြစ်သွားနိုင်သည်။ ဗမာသည် ဗုဒ္ဓ၏သာကီမျိုးလည်းဖြစ်နေနိုင်သည်။ ဟုတ်ချင်လည်း ဟုတ်မည်။ မဟုတ်ချင်လည်း မဟုတ်။ သို့သော်….
ယခုလိုခေတ်ကြီးတွင် သိပ္ပံစမ်းသပ်ချက်များအား သမိုင်းပညာရှင်များက ရှေ့နောက်ညှိယူချိန်ထိုးကာ ရှေးသမိုင်းခုနှစ်မည်မျှဟူသည်ကို တွက်ထုတ်နိုင်ပါသည်။ ခရစ်ယန်တို့သည် ခရစ်တော်ပျံလွန်စဉ်ပတ်ခြုံထားခဲ့သည်ဆိုသော
Shroud of Turin အဝတ်စောင်ကြီးကို သက်တမ်းစစ်သိပ္ပံနည်းအရ ဖေါ်ထုတ်ကြည့်ဖူးသည်။မြန်မာတို့လည်း အမှန်တရားအတွက် ရဲရင့်စွာ မှတ်ကျောက်တင် စမ်းသပ်သင့်လှသည်ထင်ပါသည်။ မှန်ကန်မှုဟူသည်
သစ္စာတရားမဟုတ်လော။
သိပ္ပွံ နည်းပညာနှင် ့စက်ပစ္စည်းတို့လိုပါသည်။
ရှေးအဆောက်အဦး၊လူသုံးပစ္စည်းများကို ကာဗွန်Radiocarbon dating (C-14) ကာဗွန်နှင့် သက်တမ်းစစ်စက်များဖြင့် သက်တမ်းမှန်ဖေါ်ထုတ်ခြင်း၊ မျိုးရိုးဗီဇစစ်စက်များဖြင့် ဇာတိမှန်ဖေါ်ထုတ်ခြင်း ပြုကြကာ
ပညာရှင်များ၏အဆုံးအဖြတ်များဖြင့် တိကျသော မြန်မာ့သမိုင်းသစ် ပြုစုသင့်ပါသည်။
တကယ်တော့ သမိုင်းနှင့် မျိုးရိုးဗီဇကို တုတ်ဒါးထမ်း၍ပြောရန်မလိုသောခေတ်ရောက်နေလေပြီ။ ငြင်းခုန်ပြောဝံ့သူကို စစ်ယူရန်သာရှိသည်။

အဆုံးတနေ့တွင် မြန်မာဟူသည် ဤအကျယ်ရှိသော ဤနိုင်ငံ ဤပြည်နယ် ဤဒေသတွင်( အမြဲတန်း)နေထိုင်သူ နိုင်ငံသားများကို ခေါ်ဆိုခြင်းသာဖြစ်ရမည်။ လူမျိုး ဇာတိသွေးရောနှောခြင်းဟူသည် လောကဓမ္မ
သဘာဝတရား နိယာမသာဖြစ်သည်။ လူမျိုးဇာတိနွယ်နှင့် ယဉ်ကျေးမှု ဝံသာနုရက္ခိတတို့ကို ရောနှောဆုံးဖြတ် နှိမ်ချသွေးကွဲသွေးခွဲကြရန်မလို။ အထူးသဖြင့် မြန်မာပြည်လို လူဦးရေ သန်း ၁၂၀ဝကျော်စီရှိသော
ယဉ်ကျေးမှု နှစ်၄၀၀ဝ အထက်နိုင်ငံကြီး ၂နိုင်ငံ( အိနိ္ဒယနှင့်စိန့်တိုင်းပြည်) ကြားက ရေမြေအချက်အခြာအကျဆုံးဒေသနေ နိုင်ငံသားများအနေဖြင့် အမျိုး၊ဘာသာ၊သာသနာကို ဦးစားပေး မထားသင့်။
သို့နှင့် နိုင်ငံသားတိုင်း၊ မြန်မာတိုင်း တန်းတူညီမျှ အားလုံးရှိရမည်။ မိမိ(အမြဲ)နေထိုင်သောနေရာဒေသကို မိမိကိုယ်တိုင်ပြဌာန်းဆုံးဖြတ်ခွင့်ရှိလာပါလိမ့်မည်။

“In every community, there is work to be done. In every nation, there are wounds to heal. In every heart, there is the power to do it.” – Marianne Williamson

14 comments

  • kai

    January 17, 2016 at 6:07 pm

    အပေါ်က စာရေးဖို့.. ဒီတခေါက်စာတော်တော်ဖတ်လိုက်ရတယ်..။
    အဲဒီထဲက.. Ref ပုံတွေ..။

    ဘုရင့်နောင်အင်ပါယာ
    =

    Tabula Rogeriana map
    =

    ရှမ်းပြည် လက်နက်ကိုင်များမြေပုံ

    Reply

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 17, 2016 at 7:55 pm

    အင်း
    ဂလို့ဆိုလျင်..

    မ.ဘ.သ အဖွဲ့ ခက်ချေပြီ
    ဒီလို ချက်ကျ ဂွက်ကျ ထောက်ရင် သူတို့လဲ မျိုးစစ်မှာမဟုတ်
    မျိုးမစစ်ချင်းအတူူ ခွဲခြား နှိမ်ချ ပြီး တိုက်ခိုက်လို နေလျင်
    သို့လို အဖွဲ့တွေ ကြောင့် ဒီမိုခရီးရဲ့
    ပြောင်းလဲချိန်တွေ ကြန့်ကြာ မယ်
    သို့ကြောင့်
    သူတို့အစား ကျုပ်ရှက်ဒယ်
    ကျုပ်မျက်နှာပူဒယ်
    ငုရေ ကြုတ်မျက်နှာ ရေခဲထုပ်နဲ့ လာပွတ်ပေးလှည့်ပါ
    ပူလို့

    Reply

  • kai

    January 18, 2016 at 2:03 am

    Ref:
    ဒေါက်တာသန့်မြင့်ဦးရဲ့… “ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် “… စာအုပ်ကို.. ဆန်းစစ်ပြန်ရေးထားတဲ့ ယောဟန်အောင် ဆောင်းပါးတွေ..။ ( တချို့ကို အဲဒီတုံးက ဂဇက်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြဖူးပါတယ်)
    http://yaw-han-aung.blogspot.com/2009/02/blog-post_11.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_5166.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_9445.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_12.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_7597.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_8339.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_7573.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_15.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_16.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_18.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_538.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_1620.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_22.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_23.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_24.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_25.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_27.html
    http://yaw-han-aung.blogspot.com/2009/02/blog-post_28.html
    http://yaw-han-aung.blogspot.com/2009/03/blog-post.html
    http://yaw-han-aung.blogspot.com/2009/03/blog-post_02.html
    http://yaw-han-aung.blogspot.com/2009/03/blog-post_03.html
    http://yaw-han-aung.blogspot.com/2009/03/blog-post_04.html
    http://yaw-han-aung.blogspot.com/2009/03/blog-post_05.html
    http://yaw-han-aung.blogspot.com/2009/03/blog-post_06.html
    http://yaw-han-aung.blogspot.com/2009/03/blog-post_14.html

    မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ (၁၃၅)
    http://sayarsinotepad.blogspot.com/2013/12/blog-post.html

    Reply

  • kai

    January 18, 2016 at 2:12 am

    လွန်ခဲ့တဲ့နှစ် ၅၀ဝ ( အေဒီ ၁၅၀၀)ကတည်းက အမေရိကန်ဆိုတာ ရှိပါတယ်..။ မြန်မာပြည် ရခိုင်ဒေသကို အမေရိကန်မ “Cecilia” တယောက် ရောက်နေစဉ်မှာ ပေါ်တူဂီပင်လယ်ဓမြတွေဖမ်းခေါ်သွားပြီး ဖိလစ်ပိုင်က ကျွန်ဈေးကွက်မှာရောင်းချခံရဖူးတဲ့ ဇတ်လမ်း အထောက်အထားရှိဖူးပါတယ်..။

    Reply

  • uncle gyi

    January 18, 2016 at 9:00 am

    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်” –
    သခင်အောင်ဆန်း။

    စိတ်ထားတွေမှန်ကြဖို့တော့လိုတာပေါ့နော်

    Reply

  • ဦးကြောင်ကြီး

    January 18, 2016 at 10:14 am

    မာမူခိုင် မူဆင်ပါလား ခမြာ…

    Reply

  • alinsett

    January 18, 2016 at 11:16 am

    အနော့် မျိုးဆက် ပြတ်မသွားအောင်
    လက်ဆင့်ကမ်းပြီး သားသားမီးမီးလေးတွေ ချန်ခဲ့ချင်လို့
    .ဖွေးဖွေးကို အနော် ယူဗျဇီ။

    အကယ်၍ ဖွေးဖွေးကိုမှ ရအောင် မယူနိုင်လျှင် အနော့်ကို်အနော် ဒဏ်ခတ်တဲ့အနေနဲ့
    .ဒေါ်ဖွားမေကို ယူပြိုက်မယ်
    ဟွှင်းဟွှင်း ဘာမှတ်နေလဲ

    :mrgreenn:

    Reply

    • kai

      January 18, 2016 at 1:50 pm

      စာလုံးပေါင်းတွေ OK လား..။

      Reply

      • alinsett

        January 18, 2016 at 5:17 pm

        လူမျိုးဟူသည် မျိုးနွယ်များ၊ ဗီဇများ၊ သွေးများ ရောထွေးယှက်နွယ်စီးဆင်း မြစ်ရေအလျှင်ကဲ့သို့ ပြောင်းလဲနေပါ၏။

        . မြစ်ရေအလျှင် အစား…

        .မြစ်ရေအလျဉ် လို့… ပြောင်း ရေးမလား…။
        လျှင် က..လျှင်မြန်တာကို ပြောတာ…
        အလျဉ်မပြတ် စီးဆင်းတာတို့ ဘာတို့ ကျတော့ … လျဉ် လို့ သုံးသင့်တယ် ထင်တာပဲ…
        ထင်တာပဲ…
        တာပဲ…
        တာပဲ…

        =============

        ဒေါက်တာသန့်မြင့်ဦးနှင့် စာရေးသူကိုယ်တိုင်၏ DNA မျိုးရိုးဗီဇ စစ်ဆေးချက်များအရမူ သွေးထဲ၌ အရှေ့အာရှ မျိုးရိုးဗီဇ ၈၀%ဝန်ကျင်၊ တောင်အာရှဗီဇ ၁၀%ပါတ်လည်မျှကိုယ်စီပါဝင်နေသည်

        မျိုးရိုးဗီဇ ၈၀%ဝန်ကျင်၊ မှာ အစက်ကလေး ၂ စက် (း) ထည့်လိုက်ပါအုန်း။

        =========================

        သို့သော် လူ့သက်တန်းသည် သာမာန်အားဖြင့် နှစ်တရာမကျော်။

        သက်တန်း အစား သက်တမ်း ဖြစ်သင့်တယ် မဟုတ်လား။

        ===========================

        သူပိုင်ခဲ့သောမြန်မာ့အင်ပါယာကို လေ့လာလျှင် မဏိပူရသည်၎င်း။ စိန့်ပြည်၏ အနောက်တောင်ပိုင်းယူနန်နယ်သည်၎င်း။ အယုဒ္ဓယနယ်ပါဝင်သော ယခုထိုင်းနိုင်ငံ၏ တဝက်မျှသည်၎င်းမြန်မာပိုင်ဖြစ်ခဲ့ပေ၏။

        အဲ့အပိုဒ်မှာ ၎င်း ဆိုတဲ့ စာလုုံးများအစား လည်းကောင်း လို့… သုံးသင့်ပါကြောင်း ။
        ပီမိုးနင်းတို့ခေတ်ကလိုသာ ရေးချင်လျှင်ဖြင့်… ၎င်း အတိုင်း ထားလိုက်ပါ….

        😆
        ==============================

        စစ်ဆေးစက်တွေ ဆိုတဲ့အပိုဒ်မှာ….

        ဗမာသည် ဗုဒ္ဓ၏သာကီမျိုးလည်းဖြစ်နေနိုင်သည်။ ဟုတ်ချင်လည်း ဟုတ်မည်။ မဟုတ်ချင်လည်း မဟုတ်။ သို့သော်….
        ယခုလိုခေတ်ကြီးတွင် သိပ္ပံစမ်းသတ်ချက်များအား ….

        စမ်းသပ် လို့သာ ရေးသင့်ပါကြောင်း…
        စမ်း ပြီး သတ် ရင်… မကောင်းဘူးထင်ပါကြောင်း…

        ———————————————–

        ဆိုတော့…. သတ် သတ်ပြီး.. ပုံထားမှာပဲလား…

        :k:

        Reply

        • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

          January 18, 2016 at 6:39 pm

          တိန် တိန် တိန် စိန်ပလိန်တိန် မုန့်ကြိုးလိမ်
          အိုင်ခုမပြောခင် ကြိုပြောတာ

        • kai

          January 19, 2016 at 1:15 am

          ဂိန် ဂိန် ဂိန် ဘပြောင်စိန် 🙂

  • ဇီဇီခင်ဇော်

    January 20, 2016 at 2:22 pm

    အို မသိဘူးးး..
    မြန်မာ့သွေးဟာ ရဲ တယ်ဟေ့။ (ဘယ်သူ့သွေးက မရဲတာ ကျလို့)
    :mrgreen:

    Reply

  • kai

    January 21, 2016 at 5:01 am

    ”အမေရိကန်ဝန်ကြီး မေးခွန်းထုတ်တဲ့ အမျိုးသားလက္ခဏာ (National Identity)”
    ——————————————————————————————-
    မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းတော့မယ့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကို ထူထောင်ကြနိုင်ကြဖို့ တိုက်တွန်းရင်း မြန်မာတို့ရဲ့အမျိုးသားလက္ခဏာ National Identity သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူတွေနဲ့ လူငယ်တွေရဲ့ သဘောထားကို မေးခွန်းထုတ်လိုပါတယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။
    “ဒီကနေ့ ကျနော်တို့ မေးချင်တဲ့ မေးခွန်းတခုကတော့ မြန်မာနိုင်ငံရဲ့ National Identity သတ်မှတ်ချက်အပေါ် ဘယ်လိုသဘောထားသလဲ သိလိုပါတယ်။ ဘယ်လိုဖြစ်ထွန်းမှုတွေ ရှိနေတယ်၊ အခုဆိုရင် ဒီမိုကရေစီအစိုးရ အုပ်ချုပ်တော့မယ့်အချိန်လည်း ဖြစ်ပါတယ်။ National Identity နဲ့ ပတ်သက်လို့ ဒီထက်မက ဘာတွေ ဆက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနိုင်သလဲဆိုတာကို သိလိုပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေမခံဘဲ National Identity သတ်မှတ်နိုင်ဖို့ အခွင့်အလန်းကော ရှိနိုင်ပါသလားဆိုတာကို မေးခွန်းထုတ်လိုပါတယ်။”
    နှစ်ပေါင်း ၂၄ဝ ကျော် ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု မတူကွဲပြားသူတွေ စုစည်းနေထိုင်ရာ ဖြစ်ပေမယ့် National Identity အမျိုးသားလက္ခဏာ သတ်မှတ်ချက်ကတော့ မခွဲခြားဘဲ အမေရိကန်နိုင်ငံသားတွေရယ်လို့ပဲ အသိအမှတ်ပြုထားကြတာဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောပါတယ်။
    “ခွဲခြားဆက်ဆံမှု စစ်ပွဲတွေကို နှစ်ပေါင်း ၂၄ဝ အတွင်း အောင်မြင်အောင် ကြိုးစားတိုက်ဖျက်နိုင်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ National Identity အမျိုးသားသွင်ပြင်လက္ခဏာကို လူမျိုး၊ ဘာသာကို အခြေမခံဘဲ၊ အကြံဉာဏ်တွေနဲ့ အတွေးအခေါ်တွေကိုပဲ အခြေခံခဲ့လို့ပါပဲ။ ဒီအကြံဉာဏ်၊ အတွေးအခေါ်တွေထဲမှာ အယူအဆအရ ဘယ်ကပဲလာလာ၊ ဘယ်သူပဲဖြစ်ဖြစ်၊ မခွဲခြားဘဲ တန်းတူ ဆက်ဆံကြဖို့ပဲဖြစ်ပါတယ်။ တကယ်လို့များ ခေါင်းဆောင်ပိုင်းက လူမျိုးရေးအရ ကျနော်တို့ကို ခွဲခြားဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန်အတွေးအခေါ် မဟုတ်ဘူးလို့ ရဲရဲဝံ့ဝံ့ ထောက်ပြမှာဖြစ်ပါတယ်။ တကယ့်အမေရိကန်တွေက မတူကွဲပြားမှုနဲ့ အပြန်အလှန် နားလည်သည်းခံမှုကို ယုံကြည်ကြပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ National Identity နဲ့ ပတ်သက်လာရင် မျိုးချစ်စိတ်နဲ့ သိပ်ကို အင်အားရှိတဲ့ ခုခံမှုပါပဲ။”
    အကျယ်ဖတ်လိုပါက http://burmese.voanews.com/…/tom-malinowski-vi…/3152564.html

    Reply

Leave a Reply

Your email address will not be published.