သမ္မတနှင့် အမေရိကန် အောက်လွှတ်တော်အမတ်များ တွေ့ဆုံ

Zay YaApril 3, 20151min03

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်အမတ်များ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စသည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၁ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ခြင်းြဖစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် အဆိုပါအဖွဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ ဆွေးနွေးသည့် အကြောင်းအရာများအား အကျဉ်းချုပ်အဖြစ် ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “အဲဒီအဖွဲ့ကို သမ္မတကြီး ရှင်းပြတာကတော့ ဒီကနေ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ နောက်တစ်ခုက လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေပါ။ ဒါတွေကို ရှင်းပြပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်နိုင်ငံကနေပြီးတော့မှ အတတ်ပညာ၊ နည်းပညာတွေ ကူညီဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပေးဖို့ ပြောပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

 

ပေးပို့သူ-ဇေယျ

3 comments

  • naywoon ni

    April 3, 2015 at 10:38 am

    ​ချေးလိုက်​ ငှားလိုက်​ ​တောင်​းလိုက်​ရမ်​းလိုက်​နဲ့ ​လေးနှစ်​တာ ကုန်​သွား
    တိုင်​းပြည်​က ဘာမှမထူးခြား
    တင်​​နေတဲ့​ကြွေး​တွေ ​နောက်​အစိုးရဖို့အ​မွေထား
    နှစ်​တစ်​​ထောင်​ကျိမ်​စာ သံသရာလယ်​​စေသား ။
    🙂

    Reply

  • Alinn Z

    April 3, 2015 at 11:38 am

    မန်ဘာ အသစ်လား…
    သတင်းတိုတစ်ပုဒ်ကို ပိုစ့်တစ်ပုဒ်တင်ပြီး…အဲ့မန်ဘာက 1 post နဲ့ ပျောက်သွား..
    .နောက် မန်ဘာ အသစ်တယောက်က …နောက် သတင်းတိုတစ်ပုဒ်နဲ့ … 1 post တင်ပြီး ဝင်လာ..
    .ပြန်ပျောက်….
    ထပ်ရောက်…
    အင်းးးးးးး

    Reply

  • ခင်ဇော်

    April 4, 2015 at 7:34 pm

    သတင်းစာတို့ စာအုပ်တို့ ထွက်ရင် ပေးအူးလို့ မတောင်းလိုက်ဘူးလားမသိ
    :kwi:

    Reply

Leave a Reply

Your email address will not be published.