“Labor Day” (2013 Film)

SawAungApril 3, 20151min08

url

ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။

(Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။

လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။

20131103-LYALL-slide-7RAH-articleLarge

သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ  တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။  တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့  သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ သူမကူညီနိုင်ကြောင်းပြောတဲ့အခါမှာ Frank ဆိုတဲ့သူဟာ သူ့ကိုကူညီမှ ဖြစ်မယ်ဆိုတဲ့ အကြောင်း အတင်းအကြပ်ပြောလာတဲ့အခါမှာတော့။ Adele တို့သားအမိဟာ Frank ဆိုတဲ့သူကို သူတို့အိမ်ရှိရာ ခေါ်လာရပါတော့တယ်။

အိမ်ရောက်ရောက်ခြင်းမှာပဲ ထိုသူဟာ လူသတ်မှုနဲ့ ထောင်ဒဏ်(၁၈)နှစ်ကျခံထားရပြီး

ထောင်ဆေးရုံကနေ ခုန်ဆင်းပြီးပြေးလာတယ်လို့လည်း တီဗွီချန်နယ်တွေကနေ လွှင့်တာတွေ့ရတဲ့အခါမှာတော့……………….။

ဇာတ်ကောင် သုံးယောက်စလုံးဟာ ဇာတ်လမ်းပြီးဆုံးသည်အထိ အပိုအလိုမရှိ ဆွဲခေါ်labor-day-kate-winslet-josh-brolin-2-600x400LABOR DAYသွားတဲ့ ဇာတ်ကားပါ။ Kate Winslet ကို အရမ်းနှစ်သက်မိလွန်းလို့    သူ့ကို မချီးကျူ းပဲ မနနိုင်အောင်ဖြစ်မိသလို။ ကလေးသရုပ်ဆောင် ကလေးကိုလည်း  အလွန်နှစ်သက်မိပါတယ်။ ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာ မထင်မှတ်အောင် ကောင်းလှသလို။ မထင်မှတ်ထားတဲ့ Tempo မြင့်မှုတွေနဲ့  ဇာတ်လမ်းအချိုးတွေကို ခံစားချင်တယ်ဆိုရင်တော့။ လက်လွတ်မခံသင့်ပါဘူး။  အက်ရှင်ကားလို့ ထင်ခဲ့ပေမယ့် Drama ကို ရင်တဖိုဖိုကြည့်ခဲ့ရလို့  ကျွန်တော်ကတော့ သိပ်ကြိုက်မိတဲ့ ဇာတ်ကားတစ်ခုအဖြစ် စာရင်းထပ်သွင်းမိပြန်ပါတယ်။

 

#AungMoeThu

 

 

8 comments

  • Alinn Z

    April 3, 2015 at 12:44 pm

    နိ ပိုစ့်က Copy/Paste ထဲ ရောက်နေတယ်..
    အာ့ မော့တယောက်ယောက် ဒါမှမဟုတ်..သဂျီးကို အော်ပြောလိုက်…
    နိပိုစ့်ရဲ့ အသက်က အဲ့မော့တွေ လက်ထဲမှာပဲ..ရှိတယ်…
    :k:

    နီု့မို့ဆို ပေါ်မှာ မဟုတ်ဘူး ..

    😆

    Reply

    • အောင် မိုးသူ

      April 3, 2015 at 1:39 pm

      အာ့ကြောင့် အက်ဒစ်လုပ်ဖို့ ကူပါ ကယ်ပါပြောနေတာ။ ခုတော့ လုပ်ပြီးသွားပြီ။

      Reply

    • အောင် မိုးသူ

      April 3, 2015 at 1:40 pm

      အချစ်ဆိုတဲ့အရာကိုနည်းနည်းလှစ်ပြသွားတာ ကြိုက်တာဗျ။ ပြီး ကိတ်ဝင်းစလတ်နဲ့ ကလေးလေး သရုပ်ဆောင်ပုံ လွှတ်ကြိုက်။

      Reply

  • Wow

    April 3, 2015 at 1:03 pm

    ကျိပီးပေါ့ အစကနေ အလယ်အထိသယ်လာတာကောင်းပေမဲ့ နောက်ဆုံးခန်းကျ နဲနဲ ရိုးသွားသလိုပဲ :kwi:

    Reply

    • အောင် မိုးသူ

      April 3, 2015 at 2:53 pm

      The Reader က ကိတ်…. အော်စကာကော ရွှေကမ္ဘာလုံးဆုကော ရခဲ့တဲ့ဇာတ်ကားလေ။ သူ့ရဲ့ မာစတာပီးစ်လို့ ပြောလည်းရတယ်။

      Reply

  • ခင်ဇော်

    April 4, 2015 at 7:32 pm

    အေးလေ။
    ကြည့်ဖြစ်တဲ့သူ ညွှန်းတတ်တဲ့သူတွေက ဂလိုလေးတွေ ရေးအူးမှပေါ့။
    :k:

    ကြည့်မယ်။
    ကျေးကျေး ငါ့မောင်။

    🙂

    Reply

  • Mike

    April 6, 2015 at 2:56 pm

    .ကျိလိုက်အုံးမယ်

    Reply

Leave a Reply

Your email address will not be published.