ဆေးလိပ်သောက်သူများ ကိုယ်ချစ်တဲ့သူများကို မသတ်မိကြစေပါနဲ့

etoneAugust 20, 20101min01

အခုရေးမယ့် ပို့စ်လေးကတော့ ဆေးလိပ်သောက်သူများကို အသိရစေချင်တာပါ။ သူတို့ ကိုယ်တိုင် ဒုက္ခရောက်တာတော့ သိပြီးသားဖြစ်ကြမှာပါ။

တခြားလူကို ဒုက္ခမပေးမိဖို့ ရေးတာပါ။ အထူးသဖြင့် ကိုယ်ချစ်တဲ့ လူတွေ ကိုယ့်မိသားစုဝင်တွေပါ။ (ဘာလို့လဲဆိုတာ အဲဒီလိုသောက်တဲ့ လူတွေ

အနားမှာက သူတို့ ချစ်တဲ့လူတွေ အမြဲနေနေကြတာပါ။) ကျွန်တော့မိသားစုမှာ ဆိုရင်လဲ အဖေနဲ့ ကျွန်တော့ညီသောက်ပါတယ်။

ကျွန်တော် ဆေးလိပ်နံ့ကို မခံနိုင်ပါဘူး။ အဲဒီလို ဆေးလိပ်သောက်သူနားမှာ နေပြီး ဆေးလိပ်ငွေ့ရှူမိသူများကို အင်္ဂလိပ်လို Second-hand smoker

လို့ခေါ်ပါတယ်။ လူထုကြားမှာ ဆေးလိပ်သောက်သုံးသူတွေ ရှူထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေဟာ ဘယ်လောက်ပျံ့နေလဲဆိုတာ ကျွန်တော်တို့

မသိနိုင်ဘူးလေ။ ကျွန်တော်တို့ကိုယ်တိုင် Second-hand smoker တွေဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒါကြောင့်အခုဆိုရင် ဆေးလိပ်သီးသန့်

သောက်ရန်နေရာတွေ ဖန်တီးပေးထားလာကြတာပါ။ လေ့လာတွေ့ရှိချက်များအရ Second-hand smoker တွေဟာ ဓါတုဗေဒပစ္စည်း 4000 ကျော်

လောက်ပါတဲ့ အငွေ့တွေကို ရှူနေရတယ်။ အဲဒီ ဓါတုဗေဒ ပစ္စည်းတွေက –

– ကာဗွန်မိုနောက်ဆိုဒ်( carbon monoxide) ကားအိတ်ဇောကထွက်လာတဲ့ မီးခိုတွေမှာ ပါလေ့ရှိတယ်

– အမိုးနီးယား ( ammonia ) မှန်ကြည်ဆေးရေတွေမှာ ပါတဲ့ ပစ္စည်းတမျိုး

– ကဒ်မီယမ် ( cadmium ) ဘက်ထရီတွေမှာ တွေ့ရတတ်တယ်

– အာဆစ်နစ် ( arsenic ) ကြွက်သက်ဆေးမှာပါတယ်

အဲဒီဓါတ်ငွေ့တွေ ရှူခြင်းဖြင့် နှလုံးရောရဂါ ၊ အဆုပ်ကင်ဆာများ ဖြစ်နိုင်ပါတယ်။ စစ်တမ်းများအရ ကမာ္ဘပေါ်မှာ Second-hand smoker တွေ နှလုံးရောဂါ

အဆုပ်ကင်ဆာ ဖြစ်ပြီးသေတဲ့နှုန်း တစ်နှစ်မှာ 46000 အထက်မှာရှိပါတယ်။ ဒါကြောင့်လူတိုင်း (ဆေးလိပ်သောက်သူများအပါဝင်) ဆင်ခြင်သင့်ပါတယ်။

အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်ကြီးရွယ်အိုများ၊ နှလုံးရောဂါ ရှိသူများ၊ အသက်ရှူကြပ် သူများ အနီးတွင် ဆေးလိပ်သောက်

သုံးခြင်းကို အထူးရှောင်ရှားသင့်ပါသည်။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ဆေးလိ်ပ်သောက်သုံးသူများသည် မိမိကိုယ်ကို ချစ်လျှင် ဆေးလိပ်

သောက်နှုန်းလျှော့ချပြီး ဆေးလိပ်သောက်ခြင်းကို ဖြတ်သင့်ပါသည် (သို့မဟုတ်) တခြားသူများ (မိသားစုဝင်၊ သူငယ်ချင်း၊ ချစ်သူ) များကို ချစ်လျှင်

သူတို့အနီးအပါးတွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။ ကျန်းမာပျော်ရွှင်သော ဘဝများ ထူထောင်နိုင်ကြပါစေ။

ဝန်ခံချက်။ ။http://kyawkyawhtun.info/?p=105 မှကူးယူဖော်ပြခြင်းဖြစ်သည်။

One comment

  • Gong Zhu

    September 17, 2010 at 10:29 am

    ဆေးလိပ်ဖြတ်တာမလွယ်ဘူးတဲ့ . . . လက်တွေတုန်တယ်ဆိုလားပဲ . ..

    Reply

Leave a Reply

Your email address will not be published.