ထာဝရ

ကာရံDecember 6, 20141min02

ထာဝရ

မြစ်ကြီးတစ်စင်း စီးမျောနေတယ် ကမ်းကပ်ဖို့လမ်းမမြင်ပေမယ့်
မာနကိုရွက်လွင့်လို့ ခွန်အားကိုလှော်တက်သဖွယ် ကူးခက်ဆဲ

ထက်ကောင်းကင်အုံစိုင်းတုန်းမို့ မာယာလှိုင်းများ ဂယက်ထနေပြီ
အားကြီးတဲ့မိုးစက်များက ရင်ထဲသို့ တိုးခက်နေကြပြီပေါ့

အကြင်နာလက်များနဲ့ဖယ်ရှားပေးမယ့် သံယောဇဉ်လေး
အဝေး အဝေးမှာ အတွေးခက်ခက်မို့ အတားဆီးမဲ့နေတုန်းလား

လမ်းပျောက်နေခဲ့ပြီလေ အလွမ်းတွေကျောက်ချဖို့ကြိုးစားတုန်း
အနမ်းလေပြေတိုက်ခက်လာပြီပေါ့

မင်းနဲ့သာတစ်ကမ႓ာဆိုရင် ထာဝရခရီးလမ်း ကြမ်းပါစေကွာ
ဆက်တိုးလို့လှော်လိုက်မယ် အနားကထွက်မသွားပါနဲ့နော်

ကာရံရ ့ ၁၂ ့၂၀၁၄

2 comments

Leave a Reply to ကာရံ Cancel Reply

Your email address will not be published.