ဟေ့ သူငယ်ချင်း

ကာရံDecember 6, 20141min03

ဟေ့သူငယ်ချင်း

ရဲရဲသာလျှောက် အနားမှာအားပေးနေတဲ့သူရှိတယ်
ဘာမှမဖြစ်လို့ စိတ်မညစ်ပါနဲ့ သူသူငါငါလမ်းကြမ်းမို့
အခက်အခဲဆိုတာ ဆေးခါးတစ်ခွက်ပါ သူငယ်ချင်း

အတိတ်ကအရိပ်ဆိုးကို ခေါက်သိမ်းလိုက်စမ်း
အနာဂတ်ကိုမျှော်ကြည့် အလင်းတမ်းများ ပြေးလွားနေတယ်
မသေချာတဲ့ရုပ်ဝတ္တုကို မခင်တွယ်ပါနဲ့
အမြင်ဆိုတာ လတ်ဆက်မှ အောင်မြင်မှာပေါ့

ဇွဲ စိတ်ဓာတ် မာန သဘာဝကပေးတာမဟုတ်ဘူးနော်
ပေဖြစ်တုန်းခဏပေါ့ကွာ မထောင်လွားလိုက်ပါနဲ့
အကျနာလို့ လဲမထဘူးဆိုရင် အမြဲအရှုံးဆိုခင်တွယ်နေလိမ့်မယ်

အိပ်မက်ထဲမှာပျော်မနေပါနဲ့ မက်ခဲ့ရင်လဲ
အနိုင်ယူလိုက်ပါ အကြင်နာရေစင်လေးက မင်းနဲ့ငါတို့အတွက်
အားဆေးဆိုရင်လေ ………..

ကာရံ ရ ့၁၂ ့၂၀၁၄

3 comments

  • uncle gyi

    December 6, 2014 at 10:38 pm

    မှန်တာပကာရံရယ်
    အခက်အခဲဆိုတာ
    သုံးတတ်ရင်လှေခါး
    မသုံးတတ်ရင်ခလုပ်

    အတိတ်ကိုလွမ်းပြီး
    အတွေးမှာမျောနေရင်
    ရှေ့ခရီးဘယ်လိုဆက်မလဲ
    အတိတ်ကိုသင်ခန်းစာယူ
    ရှေ့ဆက်ခရီးမှာအသုံးချ

    ဘဝမှာအောင်မြင်မှုတွေ
    လက်တကမ်း
    မဝေးပါဘု
    သူငယ်ချင်း

    Reply

  • ကာရံ

    December 7, 2014 at 11:09 am

    သိပ်ဟုတ်တာပေါ့ဗျာ

    Reply

Leave a Reply

Your email address will not be published.