လူ တစ်ဦး ၏ အ ဆုတ် အ တွင်း ပဲ ပင် တစ် ပင် ရောက် ရှိ နေ

etoneAugust 17, 20101min05

အသက် ၇၅ နှစ်အရွယ် လူတစ်ဦး၏ အဆုတ်အတွင်း ကင်ဆာကြိတ်တစ်ခု ရှိနေကြောင်း

ဆရာဝန်များက သံသယ ဖြစ်နေခဲ့ရာ နောက်ပိုင်းတွင် ထိုအရာသည် အကြိတ်မဟုတ ်ဘဲ ပဲပင်တစ်ပင် ဖြစ်နေသည်ကို ထူးဆန်း အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မိမိ၏ သွေးဖိအား အလွန်ကျဆင်းပြီး သွေးအတွင်း အောက်စီဂျင် ပါဝင်မှုလည်း
ဆိုးဆိုးရွားရွား ကျဆင်း ခဲ့ကြောင်း အသက် ၇၅ နှစ်ရှိ ရွန်ဆဗန်ဒါက
ပြောကြားခဲ့သည်။ အမေရိကန်​ နိုင်ငံ မက်ဆာ​ ချူးဆက်တွင် နေထိုင်သည့်​
ရွန်သည် ဓာတ်မှန်ရိုက် စစ်ဆေးမှုများ​ အရ အဆုတ်မှ ထွက်လာသည့် လေပြွန်တွင်
ပိတ်ဆို့မှုများ ဖြစ်နေကြောင်း ဆရာဝန်များက တွေ့ရှိခဲ့သည်။ ကိပ်ကော့ဆေးရုံမှ
ဆရာဝန်များသည် အဆိုပါ ပိတ်ဆို့နေသည့် အစိုင်အခဲမှ အစအနကို နမူနာယူကာ
ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင်တော့ ယင်းသည်
ကင်ဆာကြိတ်တစ်ခု မဟုတ်ဘဲ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင် အမြစ်တွယ်နေသည့်
ပဲပင်တစ်ပင်သာဖြစ်ကြောင်း ဆရာဝန်များက ရွန်အား ပြောပြခဲ့သည်။

ဖြစ်နိုင်သည်မှာ ရွန်စားလိုက်သည့် ပဲစေ့တစ်စေ့သည် အစာပြွန်မှ လမ်းကြောင်းမှားကာ
အဆုတ်အတွင်း ရောက်သွားခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ ထို့နောက်တွင်တော့
ခွဲစိတ်ဆရာဝန်များသည် ရွန်၏ ကိုယ်အတွင်းမှ ပဲပင်အား ခွဲစိတ်ပြီး
ဖယ်ရှားပေးလိုက်ကြောင်း သိရှိရသည်။

5 comments

  • winne

    August 17, 2010 at 4:30 am

    ဖြစ်မှဖြစ်ရလေ။ ပဲပင်ပေါက်ကလည်း လူ ကိုယ်အပူချိန်နဲ့ ရှင်သန်နိုင်တာဘဲလား။ ငယ်ငယ်က လူကြီးတွေ ဗိုက်ထဲ အစိဝင်သွားရင် အပင်ပေါက်မယ်ဆိုပြီး ခြိမ်းခြောက်တာ တကယ်ဖြစ်နေပါကောလား.

    Reply

  • Yin Nyine Nway

    August 17, 2010 at 6:11 am

    အေး..ဟုတ်တယ်နော်…
    ပဲပင်က ဘယ်အခြေအနေမဆို ပေါက်တာကိုတော့ ကြားဖူးတယ်
    သူက ပဲစေ့ကို မဝါးမိဘဲ မျိုချမိလိုက်တာလား!!!!!!!!!!

    Reply

  • Mc_Cristy

    August 17, 2010 at 6:34 am

    hote pa byar !!

    Reply

  • chitsayar

    August 17, 2010 at 3:27 pm

    ဗိုက်ထဲ အပင်း ဝင်သွားတာလား
    he heet

    Reply

  • kk

    September 26, 2010 at 4:17 pm

    ဟီဟိ
    နာတော့ ဟိုတလောက မင်းဂွတ်စေ့ဝင်သွားတယ်
    အသီးသီး ပြီလားမသိ
    😛

    Reply

Leave a Reply

Your email address will not be published.