ချစ်သုဝေ၏ မွေးနေ့ အမှတ်တရအဖြစ် ရွှေပြည်သာ စေတနာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် သွားရောက်လှူဒါန်း

etoneAugust 17, 20101min02

ချစ်သုဝေ၏ မွေးနေ့ အမှတ်တရအဖြစ် ရွှေပြည်သာ စေတနာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် သွားရောက်လှူဒါန်း

သရုပ်ဆောင် ချစ်သုဝေသည် မွေးနေ့ အမှတ်တရအဖြစ် ရွှေပြည်သာ ရှိ စေတနာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် လှူဒါန်းမှုများအား
ဩဂုတ်လ ၈ ရက်နေ့တွင် သွားရောက် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် ချစ်သုဝေသည် စေတနာလူငယ်ဖွံ့ ဖြိုးရေး ပရဟိတဂေဟာရှိ ကျောင်းသူ ကျောင်းသား ၆၄ ဦးအား နေ့လယ်စာ ထမင်းနှင့်
ရေခဲမုန့် ကျွေးမွေး လှူဒါန်းခြင်း၊ ထို့နောက် တစ်ဦးလျှင်
ခေါင်းအုံးတစ်လုံး၊ မျက်နှာသုတ်ပုဝါ တစ်ထည်၊ အရုပ်တစ်ရုပ်စီပေးခြင်း
တို့ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့နောက် ချစ်သုဝေသည် ကျောင်းရှိကလေးများနှင့်အတူ မျက်နှာပေါ်တွင် ပန်းချီဆေးခြယ်ပေးခြင်း၊ အဖွဲ့သုံးဖွဲ့ခွဲ၍ ပန်းချီရေးဆွဲ ကာ ယှဉ်ပြိုင်၍
ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ကလေးများနှင့်အတူ တေးသီချင်းများ
သီဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြ သည်ဟု သိရှိရသည်။
“ထရီဇာ့မွေးနေ့က ဩဂုတ်လ ၁ဝ ရက်နေ့မှာပါ။ ဒါပေမယ့် ဒီကျောင်းက ကလေးတွေကို အမှတ်တရ အလှူကလေး လုပ်ပေးချင်တာ နဲ့ အခုလိုလေး လုပ်ဖြစ်သွားတာ။
ခေါင်းအုံးကလေးတွေ ပေးတယ် ဆိုတာကတော့ သက်သောင့်သက်သာ ကလေးအိပ်နိုင်ဖို့၊
မျက်နှာသုတ်ပုဝါ ကလေးတွေကတော့ သူတို့လေးတွေ ရဲ့ သန့်ရှင်းရေးအတွက်ပေါ့။
အရုပ်တွေကတော့ ပျော်စေချင်လို့ပါ။ အဲဒီလိုလေး ရည်ရွယ်ပြီး
လှူဒါန်းခဲ့တာပါ” ဟု ချစ်သုဝေက ပြောပြခဲ့သည်။
ရွှေပြည်သာမြို့နယ်ရှိ စေတနာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသည် ၂၀၀ဝ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေးလေးဦးအား စတင်လက်ခံ
ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါဂေဟာတွင် ကလေး ၆၄ ဦး
လက်ခံစောင့်ရှောက် ထားသည်ဟုသိရသည်။ ယင်း ၆၄ ဦးတွင် အသက် ၂ နှစ်မှ ၁၆
နှစ်အထိရှိပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစုံအား
သင်ကြားပေးလျက် ရှိကြောင်းသိရသည်။ မကြာမီကအောင် စာရင်းထွက်ရှိခဲ့သည့်
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပရဟိတဂေဟာမှ ကျောင်းသူကျောင်းသား သုံးဦး
စာမေးပွဲအောင်မြင်ခဲ့သည်ဟု သိရှိရသည်။

2 comments

  • Yin Nyine Nway

    August 17, 2010 at 6:05 am

    သူ့လိုလေး အမြဲ လှူပါလားနော်
    မရှိတဲ့ နေရာမှာ လှူတာက သူဘယ်သူလဲ 12 ထက်တော့ ပိုအကျိုးရှိမယ်ထင်တယ်

    Reply

  • khinmintatthu

    August 18, 2010 at 10:28 pm

    နာမည်ကြီးတဲ့သူလေးတစ်ယောက် ခုလိုကုသိုလ်ကောင်းမှုလုပ်တာလေးကို ကြည်နူးပီတိဖြစ်မိပါတယ်….. သာဓုလည်း ခေါ်ပါတယ်ဗျာ……

    Reply

Leave a Reply

Your email address will not be published.