ဘုရားကြီးအမိူက်ကောက် သန့်ရှင်းရေးအဖွဲ့ စုပေါင်းအလူ

Kyaw LaySeptember 24, 20141min02

(၂၁.၉.၂၀၁၄)နေ့လည်(၁၂)နာရီမှာ
ဘုရားကြီးစုပေါင်းသန့်ရှင်းရေးမှ ပရဟိတညီအကိုမောင်နှမများနှင့်အတူ
ချမ်းမြသာစည်မြို့နယ် ရွှေလံပိုကျောင်း
ဧရာမေတ္တာအနောက်တွင်ရှိသော
မြစ်ဆိပ်ဖက် ကျူးတဲအိမ်များရှိရာသို့
ရောက်ခဲ့ပါတယ်
အဲဒီ မိသားစုဝင်တွေဟာ
ကျပန်းလုပ် သဲထမ်း ဆိုက်ကားနင်း
အမိူက်ကောက်ကြတဲ့အလုပ်တွေလုပ်ကြပြီး
သားသမီးများကတော့ ကျောင်းတက်ဖို့ နေသာသာ ဝမ်းရေးအတွက် ရုန်းကန်နေရရှာပါတယ်…
ထိုမိသားစုဝင်များကို
ကျူးတဲများနှင့်အနီးမှာရှိတဲ့
ဘုန်းကြီးကျောင်းမှ ပိုတဲ့ ဆွမ်းများကို ဧရာထွန်းပရဟိတ အသင်းမှ ယူလာပြီး
ထမင်းများပေးဝေကာ ကျွန်တော်တို့အဖွဲ့မှ
ဝက်သားဟင်းနှင့်သရက်ချဉ်များကျွေးမွေး
ပြီး SP Bakery မုန့် ရေခဲချောင်းများလည်း
ကျွေးမွေးခဲ့ပါသည်….

အလူရှင်များကတော့
———————
Ko Lu Soe နှင့်သူငယ်ချင်းများ (Korea)မှ (50000) ကျပ်
ကိုမင်းမင်းဌေး စင်္ကာပူနိုင်ငံမှ (20000)ကျပ်
မစိုးစိုး မှ (5000)ကျပ်
အန်တီငယ် ညီမလေးနေခြည်နွေးမှ
(5000) ကျပ်
La Woon thin မှ (10000) ကျပ်
Hellay& ag ag Oo (20000)ကျပ်
Eaint Myat thwe (10000)ကျပ်
Zwe Htet Naing (20000)ကျပ်
Dr Aung Zaw Phyo
Dr Yu Yu win family (15000) ကျပ်
ညီမခိုင်ဇာ မှ (25000) ကျပ်
Sis Stephanie loh (25000) ကျပ်
Myint Myint Naing စင်္ကာပူမှ
(30000) ကျပ်

ဖြစ်ပြီး စုစုပေါင်း (235000) ရရှိပါတယ်

ကုန်ကျငွေမှာ ဝက်သား(14)ပိသာနှင့် သရက်ချဉ်မှာ(100000)ကျပြီး
Sp Bakery အလုံး(200)မှာ  (50000) ကျသည့်အတွက် (85000) ကျပ်ပိုပါသည်။

နောက်တစ်ပတ်တွင် အခုလိုသူငယ်ချင်းများစုပေါင်းကာ
သွားရောက်ကျွေးမွေးမည်ဖြစ်ပါကြောင်း
အသိပေးရင်း သာဓုနုမော်ခေါ်ကြပါရန်…

image

2 comments

  • မ " တတ် ပါ့ "

    October 13, 2014 at 4:53 pm

    Well done
    Well done
    Well done

    Reply

  • CharTooLan

    October 14, 2014 at 9:04 am

    သာဓု သာဓု သာဓုပါ………………
    အဖွဲ့အစည်းအောင်မြင်ပါစေ…. နောင်ခါများလည်းအခုထက်ပိုပီးလှူနိုင်တန်းနိုင်ကြပါစေ…
    ဒါနဲ့ …. SP Bakery ကမုန့်တွေကျနော်လည်းကြိုက်တယ် 😀

    Reply

Leave a Reply

Your email address will not be published.