ရွေးချယ်ရာလမ်း (၁)

(၁)
လွန်ခဲ့သော (၆) နှစ်ခန့်က အမျိုးသမီးဆောင်တစ်ခု၏ အဆောင်နေကျောင်းသူအဖြစ် ငယ်နှင့်ကျွန်မ ခင်မင်ခဲ့ကြသည်။ ငယ်က စီးပွားရေးတက္ကသိုလ်တွင် ပထမနှစ်စတက်မည့် တက္ကသိုလ်ကျောင်းသူသစ်။ ကျွန်မက တစ်ခြားအဆောင်က ပြောင်းလာသည့် အဆောင်သူသစ်။ အခန်းချင်းလည်းနီး၊ အသစ်ချင်းလည်းတူသည့် ကျွန်မတို့နှစ်ယောက်သည် အချိန်တိုအတွင်းတွင်ပင် အလွန်ခင်မင်သွားခဲ့ကြသည်။ အလုပ်လုပ်ကြသူများသည့် ကျွန်မတို့အဆောင်တွင် ကျောင်းသူဖြစ်သော ငယ်နှင့်ကျွန်မသည် အငယ်ဆုံးနှစ်ယောက်အဖြစ် အစ်မတွေက ဝိုင်းချစ်ခဲ့ကြသည်။ ငယ်ကတော့ သူ့ထက် အသက်နှစ်နှစ်သာကြီးသော ကျွန်မကို ခွျဲချင်သည့်အခါတွင် ကလေးတစ်ယောက်လို လာချွဲလိုက်၊ ပုလင်းတူဘူးဆို့လုပ်ချင်သည့်အခါ သူငယ်ချင်းပေါင်း ပေါင်းလိုက်နှင့် ပျော်စရာအချိန်တွေကို ဖြတ်သန်းခဲ့ကြသည်။ ကျွန်မအတွက်တော့ မမေ့နိုင်သော အမှတ်တရကာလများပင်။

(၂)
ထိုအချိန်မှာပင် ကိုခန့်နှင့်ကျွန်မ စတင်ခင်မင်ခဲ့ကြသည်။ ကျွန်မထက် (၃) ရက်သာကြီးသော အစ်ကိုထံသို့ သွားလည်ရင်း၊ အစ်ကို့လွယ်အိတ်ထဲသို့ မွှေရင်း jfj….@gmail.com ဟုရေးထားသောစာရွက်လေးကို တွေ့ခဲ့၏။ အစ်ကိုက သူငယ်ချင်းကောင်လေးပါဟု ပြောသည်ကို မယုံကြည်ဘဲ အစ်ကို့ကောင်မလေးအမှတ်နှင့် gtalk တွင် မိတ်ဆက်ရင်း ကိုခန့်နှင့် ရင်းနှီးခဲ့သည်။ အစ်ကို့ညီမမှန်းသိသွားသော ကိုခန့်က နောက်တစ်နေ့တွင်ပင် ကျွန်မဆီသို့ ဖုန်းဆက်လာခဲ့ပါသည်။ လူချင်းမမြင်ဖူးသေးသော်လည်း ဖုန်းထဲကတစ်ဆင့် ကျွန်မတို့ စကားတွေပြောဖြစ်ကြသည်။ အစ်ကို့သူငယ်ချင်းဟူသော အသိနှင့်ပင် ကျွန်မကလည်း ကိုခန့်ကို စိတ်ချလက်ချ ခင်မင်သွားခဲ့၏။ သိပ်မကြာခင်မှာပင် ကျွန်မထံလာလည်သော အစ်ကိုနှင့်အတူ ကိုခန့်လည်း လိုက်လာခဲ့သည်။ လူချင်းမမြင်ဖူးခင်ကတည်းကပင် ကောင်မလေးများသော၊ လက်ရှိတွင်ပင် ရည်စားနှစ်ယောက်ရှိသော ကိုခန့်ကို “နင်က တော်တော်ချောလို့လား” ဟု ခနဲ့တဲ့တဲ့မေးခဲ့ဖူးသော ကျွန်မသည် တကယ်တမ်းအပြင်မှာ မြင်လိုက်ရသောအခါ ယောက်ျားပီသသောအချိုးအစား၊ မြင့်မားသောအရပ်အမောင်း၊ မိန်းမချောချောသော မျက်နှာကျရှိသော ကိုခန့်၏ စန်းပွင့်မှုကို အသိအမှတ်မပြု၍ မရတော့ပေ။ “ဘယ်လိုလဲ.. ငါ့သူငယ်ချင်း ချောတယ်မို့လား” ဟု မေးလာသော အစ်ကို့ကိုတော့ “မဆိုးပါဘူး” ဟုပင် ဖြေခဲ့လိုက်သည်။ ရုပ်ချောပြီး ရှုပ်တတ်သော ယောက်ျားများကို အမြင်ကတ်တတ်သည့် ကျွန်မသည် ကိုခန့်အပေါ်ခင်မင်စိတ်များလည်း လျော့သွားသည်မှာ အမှန်ပင်။

ထိုညက ဖုန်းပြောဖြစ်သည့်အခါတွင်လည်း အမှန်တိုင်းပင် ပြောခဲ့သည်။ “ငါက ရုပ်ကလေးဗန်းပြပြီး ရှုပ်တတ်တဲ့သူတွေကို သူငယ်ချင်းမတော်ချင်ဘူး” ဟု။ ထိုအခါ ကိုခန့်ပြောလိုက်သည့် စကားတစ်ခွန်းက ကျွန်မကို အလွန်အံ့ဩသွားစေသည်။

“ငါ မရှုပ်ပါဘူးဟာ.. တကယ်တော့ ငါ့မှာ အရမ်းချစ်ရတဲ့သူ ရှိတယ်ဟ”
“ဟမ်… အခုပဲ နင့်မှာ ရည်းစားနှစ်ယောက်ရှိတယ်လေ.. နင်ပြောတော့ သူတို့က သူငယ်ချင်းတွေဆို..အခု နင့်ကြောင့် မခေါ်ကြဘူးဆို.. အဲဒါတောင် နင်က သူတို့ကို မချစ်ဘူးလား”
“ငါပြောရင် နင်က ငါ့ကို အမြင်ပိုကတ်မယ်ထင်တယ်.. သူတို့က ငါ့ကို စ ကပ်တာဟ… ငါလည်း အလိုက်အထိုက်ပြန်ဆက်ဆံရင် ကြိုက်သွားတာဟာ… တကယ်တော့ ငါ့မှာ ငယ်ငယ်လေးကတည်းက အရမ်းချစ်ရတဲ့သူငယ်ချင်း ရှိတယ်ဟ”
“နင့်မလည်း များလိုက်တာ.. ငါက စာအုပ်နဲ့ မှတ်ထားရမယ့်ပုံစံပဲ… နင့်သူငယ်ချင်းက ဘယ်သူလဲ”
“သူ့နာမည်က ယုယမေ တဲ့… ငါတို့ကတော့ ယု လို့ ခေါ်တယ်.. “

ထိုအချိန်မှစ၍ ယု ဟူသည့် မိန်းကလေးအကြောင်းကို ကျွန်မ နားထောင်ခဲ့ရသည်။ အတူတူဆော့ကစားခဲ့ကြသော အိမ်နီးနားချင်း ငယ်သူငယ်ချင်းလေး ယု ကို အထက်တန်းကျောင်းသားဘဝတွင် စတင်စိတ်ဝင်စားခဲ့ပုံ၊ ပတ်သက်သမျှမိန်းကလေးတိုင်းနှင့် အလွယ်တကူ ရည်းစားဖြစ်ခဲ့သော်လည်း ယုကိုသာ စွဲစွဲမြဲမြဲချစ်ခဲ့ပုံ၊ ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း ယု စိတ်ဆိုးသွားမှာစိုးသည်က တစ်ကြောင်း၊ အရင်လို အချစ်ဆုံးသူငယ်ချင်းအဖြစ် နေခွင့်မရတော့မှာက တစ်ကြောင်းကြောင့် အကြိမ်ကြိမ်ပြန်လည်မျိုသိပ်ခဲ့ရပုံ၊ ယု ကိုကြိုက်ကြသောကောင်လေးများက လာအကူအညီတောင်းလျှင် စိတ်ဆိုးခဲ့ရပုံ၊ အခုချိန်တွင် ယု လည်း ရန်ကုန်တွင်ရှိနေပြီး တစ်လတစ်ခါခန့် တွေ့ဖြစ်ကြပုံ၊ ယု ကလည်း သူဘက်က သံယောဇဉ်တွေကို ရိပ်မိနေပုံ စသဖြင့် ကိုခန့်ရင်ဖွင့်သမျှကို နာထောင်ပေးဖြစ်ခဲ့သည်။

“တကယ်တော့ ငါက ကောင်မလေးတွေသာများတာ နင့်လိုမျိုး ပွင့်ပွင့်လင်းလင်းပြောလို့ရမယ့် မိန်းကလေးသူငယ်ချင်းမရှိဘူးဟ… နင်က ယောက်ျားလေးဆန်တယ်… နင်နဲ့စကားပြောရတာ လွတ်လပ်တယ်”

ထိုစကားတစ်ခွန်းကြောင့်ပင် ကျွန်မ၏သံယောဇဉ်တို့ အမျှင်တန်းခဲ့သည်။ ထိုအချိန်က ငယ်သူငယ်ချင်းတစ်ယောက်ကို ကြိတ်ချစ်မိနေသော ကိုခန့်၏ခံစားချက်တို့ကို ကျွန်မ စာနာပေးနိုင်ခဲ့သည်။

(၃)
သိပ်မကြာသောတစ်နေ့တွင် ယု နှင့်ကျွန်မ တွေ့ဆုံခဲ့ကြသည်။ မိန်းမအရမ်းဆန်ပြီး ပဲများတတ်သော မိန်းကလေးများနှင့် ပတ်သက်ရမည်ကို အလွန်စိတ်ညစ်တတ်သော ကျွန်မသည် ယု နှင့် မိတ်ဆက်ပေးခံရမည့်အရေးတွင်လည်း အနည်းငယ် စိုးရိမ်စိတ်ဝင်မိခဲ့ကြောင်း ဝန်ခံချင်ပါသည်။ တကယ်တမ်းတွေ့ဖြစ်ကြသည့်အခါတွင်တော့ ယု သည် ကျွန်မနှင့်ပုံစံချင်းတူပြီး အလွန်ခင်မင်ဖွယ်ကောင်းနေခဲ့သည်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ဖက်ရှင်ကျကျဝတ်တတ်သော ယု သည် မိန်းကလေးချင်းကပင် ချီးမွမ်းရလောက်အောင် လှပကျော့ရှင်းနေသည်။ ကိုခန့်နှင့်ယု တို့သည် အလွန်ပင် လိုက်ဖက်လှပါသည်။

ထိုနေ့က သူငယ်ချင်းတွေ လမ်းခွဲကြတော့ ယုနှင့်ကျွန်မက လှည်းတန်းကို အတူတူပြန်ခဲ့ကြသည်။ Iceberry တွင် အအေးသောက်ရင်း စကားပြောဖြစ်ကြသည်။ မိဘနှစ်ပါးလုံး မရှိတော့ပြီဖြစ်သော ယု သည် အဘွားနှင့်အဒေါ်ရှိရာ ရန်ကုန်သို့ လာနေခဲ့ရသည်။ အငယ်ဆုံးသမီးဖြစ်သော်လည်း အိမ်ထောင်ကွဲ အစ်ကိုအစ်မများဆီက နွေးထွေးသောမေတ္တာကိုလည်း မရခဲ့ရှာပေ။ အဘွားနှင့်အဒေါ်ထံတွင် မှီခိုနေရင်း ခါးသီးလွန်းသည့်ကာလများတွင် အဖေနှင့်အမေကို တမ်းတခဲ့ရသည်။ ဝဲတက်လာသောမျက်ရည်ကို မျက်တောင်ခတ်ပြီးထိန်းရင်း စကားပြောနေသော ယု ၏ လက်ဖဝါးတို့ကို ကြင်နာစွာ ဆုပ်ကိုင်ပေးခဲ့မိသည်။
ထိုအချိန်မှစ၍ ယုနှင့်ကျွန်မတို့သည် ရင်ဘတ်ချင်းနီးသော အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။ သူငယ်ချင်းများနှင့် တစ်လတစ်ခါသာတွေ့သော ယုသည် တစ်ပတ်တစ်ခါတွေ့ဆုံပွဲတိုင်းကို မဖြစ်မနေရောက်အောင် လာခဲ့သည်။  အင်းယားကန်ဘောင်တွင် မုန့်စားကြသည်။ စိမ်းလန်းစိုပြည်ပန်းခြံထဲတွင် ဆော့ကစားကြသည်။ ထိုတနင်္ဂနွေတစ်ရက်တာများသည် ကျွန်မတို့သူငယ်ချင်းများအတွက် ဘယ်တော့မှမေ့ပျောက်နိုင်မည်မဟုတ်သော အခိုက်အတန့်များပင် ဖြစ်ခဲ့ပေသည်။

26 comments

  • Myo Thant

    September 23, 2014 at 3:19 pm

    အင်း ဖတ်ကောင်းဦးမယ့် ဇာတ်လမ်းပဲ ၊

    အပိုင်း ၂ မြန်မြန်လုပ်ပါဗျို့ ၊ 🙂

    Reply

    • လုံမလေးမွန်မွန်

      September 23, 2014 at 4:19 pm

      ပထမဆုံး လာတာ ​ကျေးဇူးပါဗျိုး.. မနက်​ဖြန်​တင်​နိုင်​​အောင်​ ကြိုးစား​နေပါ​ကြောင်​း..

      Reply

  • ဇီဇီ

    September 23, 2014 at 3:25 pm

    ကိုခန့်နဲ့ မိတ်ဆက်ပေးဘာာာာ…!!!
    :mrgreen:

    ဟိဟိ။
    ဆက်ရေးနော်။
    ဒါမျိုး ရေးလက်လေးတွေ သိပ်ကြိုက်တာ။

    :k:

    Reply

  • ခင် ခ

    September 23, 2014 at 3:27 pm

    ဇာတ်လမ်းတော့ အစချီလေပြီပေါ့
    နောက်အပိုင်းသို့မျှော်လျှက်………..

    Reply

  • pooch

    September 23, 2014 at 3:38 pm

    တခါတလေ တချို့ခင်မင်မှုတွေက မထင်မှတ်ထားတာကနေ မျက်စိလည်လမ်းမှားပြီး လမ်းကြောင်းပြောင်းတတ်သေးတယ် :mrgreenn:

    Reply

  • manawphyulay

    September 23, 2014 at 3:39 pm

    ဒီလိုဇာတ်လမ်းလေးတွေလည်း အတော်စိတ်ဝင်စားဖို့ကောင်းသားပဲ။ တစ်ဆင့်စကား တစ်ဆင့်မဟုတ်ပဲ…. အစ်ကိုမှ အစ်ကိုသူငယ်ချင်း နောက် အစ်ကို့သူငယ်ချင်းရဲ့…… တစ်ဆင့်ဆိုတော့ နောက်ထပ်အပိုင်းတွေမှာ တစ်ဆင့်စီလာဦးမလားဟင်…

    Reply

    • လုံမလေးမွန်မွန်

      September 23, 2014 at 5:11 pm

      ဟုတ်​ပါ့ ဟုတ်​ပါ့.. ဇာတ်​လမ်းက ရှုပ်​​နေတာပဲ.. ကိုယ်​တိုင်​​တောင်​ မနည်​း​ဖြည်​​နေရတယ်​ . 😀

      Reply

  • Mr. MarGa

    September 23, 2014 at 4:55 pm

    ဇာတ်လမ်းဆုံးမှ ဆက်ပြောကြတာပေါ့ (ခွက်ဒစ်တူ အပေါ်ကွန်မန့်) :mrgreenn:

    Reply

  • Iris

    September 23, 2014 at 8:02 pm

    ငယ်​နဲ့ကိုခန်​့များ​တွေ့သွားမှာလား။ မှန်​းကြည်​့တာဟီး။ မွန်​မွန်​ကစာ​ရေးတာ​ကောင်​းတယ်​။မနှင်​းဖြူလည်​းအဲ့လို​ပြောတယ်​။
    ငယ်​ငယ်​တုန်​းက ​​ကျောင်​းမှာလုံမလို့​ခေါ်တဲ့​ကောင်​မ​လေးရှိတယ်​။ ချစ်​စရာ​လေး မွန်​မွန်​လိုပဲ။ ဟီးး မုန်​့ဝယ်​​ကြွေးသင်​့ပြီ။

    Reply

    • လုံမလေးမွန်မွန်

      September 24, 2014 at 9:03 am

      ဟီး.. ချက်​ချင်​းကို မုန်​့ဝယ်​​ကျွေးချင်​စိတ်​​တွေ​ပေါက်​​နေပြီ…အား​ဆေး​တွေ.. အား​ဆေး​တွေ.. ရှဲ့ရှဲ့ အိုညိ

      Reply

  • ဝင့်ပြုံးမြင့်

    September 24, 2014 at 1:46 am

    တကယ်တမ်းတွေ့ဖြစ်ကြသည့်အခါတွင်တော့ ယု သည် ကျွန်မနှင့်ပုံစံချင်းတူပြီး အလွန်ခင်မင်ဖွယ်ကောင်းနေခဲ့သည်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ဖက်ရှင်ကျကျဝတ်တတ်သော ယု သည် မိန်းကလေးချင်းကပင် ချီးမွမ်းရလောက်အောင် လှပကျော့ရှင်းနေသည်။
    🙂

    Reply

    • လုံမလေးမွန်မွန်

      September 24, 2014 at 11:42 am

      ဟုတ်​ဘူး ဟုတ်​ဘူး.. ပုံစံချင်​းတူတယ်​ဆိုုုတာ ပဲမများတတ်​တာကို​ပြောတာပါ.. ဟိ

      Reply

  • Ma Ei

    September 24, 2014 at 10:19 am

    ထိုအချိန်မှစ၍ ယု ဟူသည့် မိန်းကလေးအကြောင်းကို ကျွန်မ နားထောင်ခဲ့ရသည်။

    ဆက်လက် နားထောင် ( ဖတ် ) ချင်ပါသေးသည်…
    🙂

    Reply

    • လုံမလေးမွန်မွန်

      September 24, 2014 at 11:44 am

      အား​ပေးတာ ​ကျေးဇူးပါ အန်​တီအိ.. အပိုင်​း ၂ တင်​လိုက်ပြီ​နော်​..

      Reply

  • kyeemite

    September 24, 2014 at 10:54 am

    .ကျုပ်နုစဉ်ကလည်း ကိုခန့်လိုပဲ..ကျုပ်ကိုလာချည်းကပ်သူတွေမနည်းလှဘူး..ယုံလား :mrgreenn:
    .စာအရေးအသာကညက်နေတာပဲ..ချီးကျူးပါတယ်…ဆာယေးဆြာမဂျီးလုပ်လို့ရပြီ :))

    Reply

  • Puu Tin

    September 24, 2014 at 1:42 pm

    တကယ်ဖတ်လို ့ကောင်းတယ် အမလုံမလေး…. ဖတ်ရင်း…ဖတ်ရင်း ….နဲ ့….ဟင်း … ဆိုပြီး …သက်ပြင်းလေးချလိုက်မိတယ်.. ဘယ်လိုဖြစ်မလဲ…ဆိုပြီး….ဇာတ်ရှိန်တက်နေတာ… အပိုင်းနှစ်…ဆက်ရေးပါနော်….အမလုံမလေး…မြန်မြန်လေးရေးပါဗျိ ု ့ …

    Reply

    • လုံမလေးမွန်မွန်

      September 24, 2014 at 4:13 pm

      အား​ပေးတာ ​ကျေး​ကျေး…
      အပိုင်​း ၂ တင်​ပြီးပြီ.. ​ပြေးလိုက်​ဦး​နော်​.. ✌ ✌ ✌

      Reply

  • မ " တတ် ပါ့ "

    September 24, 2014 at 4:19 pm

    ဇာတ်လမ်းတွဲကြည့်ရဦးမည်။
    စိတ်ဝင်စားစရာကောင်းပါသည်။

    Reply

  • မွသဲ ( 17082011 )

    September 24, 2014 at 4:22 pm

    တစ်ကိုအရင်လာဖတ်တာ ခု နှစ်ကိုသွားပြီ

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.