လှတဲ့ အိမ်မက်

ခင္ခSeptember 7, 20141min03

ပန်းပျိုးသူက သူပန်းလှဖို့
ဆန္ဒရှိမယ်
သီးနှံပင်စိုက်သူက သူသီးနှံအထွက်တိုးဖို့
ဆန္ဒရှိမယ်
ဘစ်ကားမောင်းသူက ခရီးသည်များများရဖို့
ဆန္ဒရှိမယ်
ကျောင်းဆရာက တပည့်တော်ဖို့
ဆန္ဒရှိမယ်
ပန်းချီဆရာက လက်ရာမြောက်ဖို့
ဆန္ဒရှိမယ်
ဓာတ်ပုံဆရာက ပုံကောင်းရဖို့
ဆန္ဒရှိမယ်
ပန်းပုဆရာက ပုံအသက်ဝင်ဖို့
ဆန္ဒရှိမယ်
ရသေ့သူတော်စင်က တရားထူးရဖို့
ဆန္ဒရှိမယ်
ရှေးဘုရင်များက တိုင်းပြည်သာဖို့
ဆန္ဒရှိမယ်
မိဘများက သားသမီကောင်းစားဖို့
ဆန္ဒရှိမယ်
ဆန္ဒအားလုံး သုံးသပ်ကြည့်ရင်
ကောင်းကျိုးလိုလား ရှိသူများပင်
ဆန္ဒနဲ့ဘဝ ထပ်တူကျက
အိမ်မက်လှလှ မက်သူများဟုတင်စားနိုင်သမို့
သင့်အိမ်မက်လည်း လှနိုင်ပါစေ။

ခင်ခ

3 comments

  • alinsett

    September 7, 2014 at 10:11 am

    လူ…ရယ်လို့ ဖြစ်လာရင်…ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း..သက်ရှင်နေထိုင်တယ်…
    ဆန္ဒတွေရယ်လို့ ရှိလာရင်… လောဘမပယ်နိုင်သူတိုင်း….ကောင်းသော အိပ်မက်တွေမက်ခွင့်ရဖို့..

    ဆန္ဒရှိတယ်… ။

    😆

    ခံစားကြည့်သွားပါတယ်..လေးခ…

    Reply

  • ခင် ခ

    September 7, 2014 at 2:33 pm

    လောဘတော့ လူ သားအများစု မပယ်နိုင်ပါဘူး ကိုအလင်းဆက်ရေ
    ကျုပ်လည်း လောဘတော့ရှိသားမို့ ကောင်းသောအိမ်မက်တော့ မက်ချင်ပါရဲ့ဗျာ

    Reply

  • kai

    September 8, 2014 at 6:41 am

    ဆန္ဒရှိပြီး.. ဝိရိယ။ စိတ္တ၊ ပညာ အစဉ်အတိုင်းရှိရင်… အရာရာအောင်မြင်ပြီးမြောက်ခြင်းဖြစ်၏..။
    အိပ်မက်အဆင့်မှ.. လွန်မြောက်၏။
    ဘုရားဟောကို.. အဓိပ္ပါယ်သိ.. လက်တွေ့ကျင့်ကြပါလေ…။ :k:

    “ဆန္ဒ ဝတော၊ ကိ ံနာမကမ္မံ၊ နသိဇ္ဈတိ ”
    “ဝီရိယ ဝတော ကိ ံနာမ ကမ္မံ နသိဇ္ဈတိ ”
    “စိတ္တ ဝတော ကိ ံနာမ ကမ္မံ နသိဇ္ဈတိ ”
    “ပည ဝတော ကိ ံနာမ ကမ္မံ နသိဇ္ဈတိ ”

    Reply

Leave a Reply

Your email address will not be published.