တစ်ခါက ပြင်ဦးလွင်

ခင္ခSeptember 7, 20141min012

နှင်းမိုးဖွဲဖွဲ ရွာနေပေမယ့်
ကန်တော်ကြီးဘက် စက်ဘီးနင်းထွက်
မနက်စောစော လေပြေညင်းဟာ
အေးမြထိတွေ့ ခံစားအပြည့်နဲ့
လမ်းကွေ့လိုက်စဉ် ရုတ်တရက်မမြင်
စက်ဘီးချိန်းကြိုး ကျနေလို့ပြင်
တိုက်မိမလိုဟန် နီးကပ်ပြန်တော့
လန့်အော် အမလေး
ချစ်ဖို့ကောင်းတဲ့ ကောင်မလေးမို့
ဆင်းကာကူညီ ချိန်းတင်ပြီးလျှင်
နှစ်ယောက်ယှဉ်နင်း စကားဖောင်ဖွဲ့ရင်း
ပြောရင်းပြောရင်း သိလိုက်မိတာ
သူ့ရည်းစားနဲ့ ချိန်းထားလို့ပါ
ကန်တော်ကြီးဝ နုတ်ဆက်ကြလို့
ကျန်ရစ်လို့နေ သူ့ကျောပြင်ကိုငေးကြည့်နေမိ
နှစ်ဆယ့်ငါးနှစ်အရွယ် ကျုပ်အလည်ရောက်ခဲ့
ပြင်ဦးလွင်က ဇာတ်လမ်းတစ်ပုဒ်ကွယ်။

ခင်ခ။

12 comments

  • alinsett

    September 7, 2014 at 10:22 am

    အော…
    အဲ့သလိုအဖြစ်မျိုးလည်း.. ရှိခဲ့တယ်ပေါ့…

    :mrgreen:

    Reply

  • မြစာကလေး (23122011)

    September 7, 2014 at 2:02 pm

    ဒါက လဲ နောက် အဖြစ်မရှိ ဇာတ်လမ်းပေါ့။ jk ;-))
    အခုလက်ရှိ လက်တွဲဖော် နဲ့ ဇာတ်လမ်း လေး လုပ်ပါဦး ကိုခ ရ။ 🙂

    Reply

    • ခင် ခ

      September 7, 2014 at 2:42 pm

      အရင်တုန်းက ဇာတ်လမ်းတွေပြီးရင်တော့ ရေးဖြစ်မလားဘဲ အရီးရေ
      ကိုယ်တိုင်ရေးပုံတူပေါ့ဗျာ

      Reply

  • နောင် ရိုး

    September 7, 2014 at 2:21 pm

    ငင်….
    ချိန်းကျတာကို ကူညီရင်း…ချိန်းကြတဲ့ နေရာသွားတာ ဖြစ်သွားတာကိုး…

    Reply

    • ခင် ခ

      September 7, 2014 at 2:46 pm

      အဲလို အဲလို ဘဲပေါ့ ကိုနောင်ရိုး ရေ

      Reply

  • ဇီဇီ ခင်ဇော် (15102012)

    September 7, 2014 at 2:32 pm

    ဟမ်မငေးး..!!
    ချိန်းကျ တာ။
    ချိန်းကြတာ။
    ကူညီရတဲ့ အကျိုး နောက်ပြန်မရဘူးလားး ကိုခ??
    :kwi:

    Reply

    • ခင် ခ

      September 7, 2014 at 2:49 pm

      အဲဒီတစ်ခါဘဲ အမှတ်မထင်ဆုံမိတာပါ

      Reply

  • နောင် ရိုး

    September 7, 2014 at 2:51 pm

    သူ့လို အကျိုးမျှော်ပြီးများ ညောင်ရေလောင်းတယ်မှတ်နေလား လို့
    ပြောပလိုက်ပါ ….
    ကိုခင်ခ

    Reply

    • ခင် ခ

      September 7, 2014 at 9:39 pm

      သူကလည်း သိချင်လို့ မေးတာနေမှာပါဗျ

      Reply

    • ခင် ခ

      September 7, 2014 at 9:37 pm

      တကယ်ချောမောလှတဲ့ မိန်းခလေးဆိုတော့လည်း ကိုပေါက်ရယ်

      Reply

  • kyeemite

    September 8, 2014 at 12:02 pm

    ခိခိ..ကျုပ်ကတော့ ပြင်ဦးလွင်ဆို ဂေါက်ကွင်းထဲကဖြတ်ပြီး ညဖက်တွေ ကန်တော်လေးမှာ ငါးကိုင်းသွားထောက်တာပဲသတိရစရာရှိတယ်ဗျ :mrgreenn:

    Reply

Leave a Reply

Your email address will not be published.