” ၅၂၈ သွယ်သော အလွမ်းများ”

” ၅၂၈ သွယ်သော အလွမ်းများ”

အလင်း IMG_9520 [800x600]

အဝေးကနေ ခဏလာကြတဲ့
မိတ်ဆွေတွေ နဲ့ ခရီးသွားတဲ့ တစ်ရက်ပေါ့။
မနက်အစောကြီး ကျနော်အိပ်ယာက နိုးလာတာ
ပြန်မအိပ်ချင်တော့ ခြံထဲမှာလမ်းလျှောက် နေမိတယ်။
အဲဒီမှာကောင်းကင်ရဲ့အရောင်တွေ ကလှ ပစွာပြောင်းလဲလို့
သွားပါတယ်။
ဒီတော့ ကျနော်က လဲ အမိအရ ဖမ်းထားလိုက်တာပေါ့။
အခုတော့ အတူ ခရီးသွားခဲ့ တဲ့ မိတ်ဆွေ တွေက
ဟိုးးးးးးးးးးးအဝေးမှာ။
ကျနော်ကတော့ ဒီဓါတ်ပုံလေးတွေမြင်ရင်
သူတို့ကို သတိရ နေတာပေါ့။
ကျယ်ပြောတဲ့လောကထဲမှာ ဘဝဝမ်းရေးအတွက်
နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့
ရေခြားမြေခြားမှာနေတကြတဲ့ သူတို့ကတော့
ကျနော့် ကို သတိရမယ်
မထင်မိပါဘူး။
ကျနော် တို ့အညာသား ဆို တာက
ဧည့်သည်ကိုမျှော်ပြီး ဧည့်သည်ပြန်ရင်လွမ်းတတ်တဲ့သူတွေကိုးဗျ။
အဲ တော့ အခုလို လွမ်း မိတာ အပြစ်တော့ မရှိလောက်ပါဘူးနော်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

8 comments

  • kai

    September 1, 2014 at 2:20 am

    လွမ်းလို့ကျန်ရစ်တာကို …လွမ်းပါလေ…
    နွမ်းတော့ မနေရစ်နဲ့ပေါ့
    ဆန်းတဲ့ခေတ်မှာ..
    မြေစမ်း ခရမ်းမပျိုး
    အမျိုးထက်ရင်း မိတ်သဟာဆွေ
    ပုတ်ပြေးပြန်လည် ခဏသာလယ်တဲ့နှစ်။

    Reply

    • သူကြီးရေ

      အဲလို လွမ်းနေရအောင်အချိန်တွေအတော်ပိုနေသလားလို့ မေးရင်တော့

      ဘယ်လိုဖြေရမှန်းတောင် မသိဘူးနော်

      Reply

  • ခင် ခ

    September 1, 2014 at 10:16 am

    မိတ်ကောင်း ဆွေကောင်း တို့မည်သည် အမျိုးကဲ့သို့ရင်းလေသည် လို့ဆိုစကားရှိသမို့
    မိတ်ကောင်းဆွေကောင်းတို့ပြန်ရင်တော့ လွမ်းတတ်စမြဲပေါ့ဗျာ။

    Reply

  • ကိုခရေ

    အပေါ်ယံ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့နေကြတဲ့လောကကြီးထဲမှာ

    မိတ်ကောင်းဆွေကောင်းဆိုတာအတော်ရှားနေပါပြီ

    Reply

  • alinsett

    September 1, 2014 at 2:02 pm

    ကျနော်တို့ ရန်ကုန်သားဆိုတာလည်း…
    တနယ်တကျေးမှာ ဧည့်သည်အဖြစ်….နေထိုင်ခဲ့ပြီး..
    အချိန်တန် ရန်ကုန်ပြန်ရပေမယ့်…
    တနယ်တကျေးက..အိမ်ရှင်တွေကို…လွမ်းနေတတ်တာပါပဲ…

    😆

    Reply

  • Mr. MarGa (12512)

    September 1, 2014 at 6:01 pm

    အလွမ်း ဆိုတာ
    နာမည်လှသလောက် ခံရသိပ်ခက်တာ
    ဒါပေမယ့် အဲ့ဒီ လွမ်းရတာ ကိုက အရသာ 😉

    Reply

Leave a Reply

Your email address will not be published.