ဝါသနာပါတော့လည်းနော်

ခင္ခAugust 31, 20141min06

” ဝါသနာပါတော့လည်းနော်”

 

တကယ်ဆို
ပျော်တယ်မထင်ပါနဲ့
မော်ဒယ်လုပ်ရတာလဲ အဆင်တွေရှိပါရဲ့
ဓာတ်ပုံရိုက်ခေါင်းစောင်း
အမူအရာပြောင်းရင်
ပုံရယ်မလှမှာမြင်လို့
ဓာတ်ပုံဆရာက
မေးနဲ့ပါး ခဏခဏကိုင်
လမ်းလျှောက်တာကျင့်ပေးဖို့
နည်းပြဆရာက
ခါးကိုင်တာ အခါခါလို့
သမီးရုပ်ရည် အပြုံးနဲ့ဆို
ခေါင်းဆောင်မင်းသမီးတောင်
ဖြစ်နိုင်သလိုလို
ရွှင်းကာဆို အပြောတွေနဲ့
ပုခုံးလေးကိုင်ကာ အားပေးရှာပါတဲ့
အလည်ခဏ ရောက်လာတတ်ပ
ဒါရိုက်တာကတစ်မျိုး
အေဂျင်စီထောင်သူ ကိုတော်ချောရဲ့ညီ
အပျိုတော်ချောတွေ
မိတ်ကပ်လိမ်းကာချယ်သရင်ဖြင့်
စသလိုနောက်သလို ဟိုပုတ်ဒီကိုင်လုပ်ပါလို့
ဒါဒါဒီဒီ ဒါဒါ သီချင်းသံစဉ်ဖွင့်ရင်ပ
မီးဆလိုက်ရောင်ထဲ လျှောက်ကာပြလိုက်တော့
မော်ဒယ်တွေဘဝ ကြွကြွရွရွလေး
သဘောကျကာ လက်ခုတ်တီးသံကြားရင်
တွေ့ခဲ့သမျှမေ့လျှော့ကာ ပိတိလွှမ်းတယ်
ဝါသနာကို မတားနဲ့ကွယ်။

 

ခင်ခ။

6 comments

  • အမယ် မော်ဒယ်ကို ဓါတ်သေ ရိုက်ရ တာ လွယ်တယ်မှတ်လို့

    မလှ ရင် အကွိုင်ခံရတာလေ

    Reply

  • kai

    September 1, 2014 at 6:25 am

    မြန်မာပြည်မိုဒယ်လောက.. မစ်စ်တွေလောကဖွံ့ဖြိုးလာပြီဆို.. မကြာခင်.. အဖြူမပရိုတန်းတွေဝင်လာပါလိမ့်မယ်..။
    ကဲ..
    ပြိုင်ကြည့်ကြ. :k:

    Reply

    • ခင် ခ

      September 1, 2014 at 9:09 am

      တကယ် အဖြူမပရိုတန်းတွေ ဝင်လာရင်ဖြင့် မြန်မာဆန်ဆန် အလှသွယ်ချင်သူတွေနဲ့တော့ ဘယ်လိုများဖြစ်ကြပါလိမ့်နော် သဂျီးရေ။

      Reply

  • JackSkellington

    September 1, 2014 at 10:27 am

    မြန်မာ ဆန်ဆန် မယ် တွေ (လုံးကြီး ပေါက်လှ ကြီးတွေ) ပဲ ကြိုက်သဗျာ။
    ခု မော်ဒယ် တွေ မစ်စ် တွေ မြင်ရတာ ပိန်ပိန်ပါးပါး နဲ့ အားကို မရ…. း)

    Reply

  • ကန္နားစီး မိဂီ

    September 1, 2014 at 11:13 am

    ကိုင်ပါဘူးဗျာ ….
    လက်ဖျားနဲ့ကို မတို့ဘူး …
    (တချို့ကလွဲလို့) ဓါတ်ဆြာ အများစုလည်း မကိုင်ကြပါဘူး ….
    လေးစားရတဲ့ ဆြာတယောက်ဆို ..မျက်လုံးနဲ့ တင် ခိုင်းတာရယ်…
    စကားတောင် သိပ်ဟဟ မပြော…
    အဲ့ဒါ..။

    Reply

  • alinsett

    September 1, 2014 at 11:27 am

    အဟိ…
    ရပ်ကွက်ထဲက..စာအကြောင်း ပေအကြောင်း ဘာမှ မသိသူ(ဆိုက်ကားသမားတွေ)က…
    ကျနော့်ကို မော်ဒယ်ကဗျာဆရာတဲ့…
    မော်ဒန်နဲ့မော်ဒယ်..လေးလုံးမကွဲပုံ…

    :mrgreen:

    အခု…
    လေးခ က…
    မော်ဒယ်အကြောင်း ကဗျာစပ်ထားတယ်..ဆိုတော့…
    မော်ဒယ်ကဗျာဆရာ ဖြစ်ပြီပေါ့.. ။

    😆

    Reply

Leave a Reply

Your email address will not be published.