စွန်လွှတ်ဝါသနာပါတဲ့ဝန်ကြီးချုပ် – Premier

KyaemonAugust 18, 20144min09

အိန္ဒိယဝန်ကြီးချုပ်ရွေးကောက်ပွဲမှာNarendra Modi  နာရိန်ဒ မိုဒီ က မဲဆန္ဒအပြတ်အသတ် အနိုင်ရခဲ့ပေပြိ၊

Gujaratဂူဂျာရတ် ပြည်နယ်ဝန်ကြီးဘဝ ကပင် ယင်းပြည်နယ်ကိုတိုးတက်အောင်ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့လို့
လူကြိုက်များပြီးလူထုတွေကကြည်ညိုလေးစားကြတယ်၊

 

nm1nm2nm3
ခုတင်မှာက ပြည်နယ်ဝန်ကြီးဘဝ က စွန်လွှတ်တဲ့ပုံတွေပါ၊


ရုပ်ရှင်မင်းသား Salman Khan ဆလ်မန် ခန်နဲ့အတူ ဂူဂျာရတ်ပြည်နယ်

Ahmedabadအမီဒါဘဒ် မြို့ Sabarmati ကမ်းခြေက
ကမ်ဘာ့ စွန်လွှတ်ပွဲကျင်းပ ရာမှာ မိမိရဲ့စွန်လွှတ်တဲ့ ဝါသနာနဲ့စွမ်းရည်ကိုပြခဲ့တယ်၊

မိမိရဲ့ပြည်နယ်အတွက် ကမ်ဘာ့ ခရီးသွားဧည့်သယ်လုပ်ငန်း ဝင်ငွေစီးပွါး တိုးဘို့လဲပါတယ်၊

 

 

 

nm4nm5nm6nm19nm7

 

 

 

အကြောင်းအရာများစွာ အနက်မှ စွန်လွှတ်လို့

(တနည်းဆိုသော် လူထုနဲ့ တသားထဲထပ်တူနေနိုင်၊
အကျိုးဆောင်နိုင်လို့)လဲ၊

ဝန်ကြီးချုပ်ဖြစ်လာတဲ့ အကြောင်း
တချက်လို့ ဆိုနိုင်တယ်၊

နိုင်ငံရေးသမားများ က နောင်တော်ကြီး
မုတ်ဆိပ်ဆံပင်ဖြူဖွေး မိုဒီ ပဂေး လို “စွန်လွှတ်နိုင်” ရင်
နိုင်ငံရေးမှာ အနဲနဲ့အများ “စွန်” နိုင်မယ်
လို့တောင်ထင်မိတယ်၊

တက်ကြွတယ်၊စီးပွါးဖြစ်တယ်၊
လူသူနဲ့အရောဝင် ခင်မင်တတ်တယ်၊
မဟုတ်ပါလား?

 

nm18nm16nm14
(မှတ်ချက်။ မြို့လယ်မှာ စွန်လွှတ်ဘို့ အားမပေးပါ၊ စွန်လိုက်ရင်း ကားတိုက်လို့
အသက်ဘေးအန္တရာယ် ဒဏ်ရာရနိုင်တယ်၊
လွတ်လွတ်ကျွတ်ကျွတ် လယ်ကွင်း၊ ကွင်းပြင်၊ပန်းခြံ၊ကမ်းခြေ တို့နေရာမျိုး
မှာ စွန်လွှတ်နိုင်တာပါ၊)

 

——————

လူကြိုက် ရိုးရာအက Yoga ရိုးဂ ပွဲတွေနဲ့ဖျော်ဖြေ

nm8nm9nm10

 

 

—-
ဘုံဘေမြို့ ကမ်ဘာ့ စွန်လွှတ်ပွဲ က ပုံတွေ

မလေးရှား ကလာပြိုင်

 

 

nm11nm13

 

 

 

 

 

 

9 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 18, 2014 at 3:04 pm

    သများ က တော့ မင်းသား Salman Khan ကိုပဲ ကြည့်သွားပါတယ်။
    မျက်လုံးသိပ်လှတဲ့ မင်းသားး

    :s:

    Reply

  • Ko chogyi

    August 18, 2014 at 3:05 pm

    စွန်လွှတ်တာဝါသနာပါတယ်ဆိုတော့ ကလေးစိတ်မကုန်သေးတာလဲဖြစ်နိုင်ပါတယ်

    Reply

  • pooch

    August 18, 2014 at 6:58 pm

    ဒီကဝန်​ကြီး​တွေ လူကြားထဲမဆင်​းရဲ​လောက်​ဖူး :mrgreen:

    Reply

  • kai

    August 19, 2014 at 11:32 am

    မြန်မာတွေရဲ့ စွန်လွှတ်ရင်း.. စွန်အချင်းချင်းဖြတ်ကြတာမျိုးက.. တခြားနိုင်ငံတွေမှာရှိသလားတော့မသိ..။
    အဲဒါကို.. စနစ်တကျနဲ့လုပ်ရင်.. တိုးရစ်ဇင်နဲ့ဝင်ငွေတော်တော်ကြီးကိုရမယ်ထင်မိတယ်..

    အိန္ဒိယလို.. အလှစွန်လွှတ်တာတော့.. မြန်မာပြည်မယ်.. ထွန်းကားပုံမရ..။
    အမှန်ကတော့.. မုတ်သုန်လေနဲ့.. အပူပိုင်းဒေသမှာ.. စွန်လွှတ်အားကစားဟာ.. လုပ်ကိုလုပ်သင့်တယ်.. ထင်..။ :k:

    Reply

    • ခင် ခ

      August 19, 2014 at 11:40 am

      ဆောင်းရာသီ ညနေဆို အင်းယားစောင်းမှာ အလှစွန်တွေ လွှတ်တတ်ကြပါတယ်၊
      အိန္ဒိယလောက်တော့ ကျယ်ပျံမှုရှိ မရှိတော့ သိဘူးလေ။

      Reply

  • manawphyulay

    August 19, 2014 at 1:39 pm

    Salman Khan ကားတွေ အမြဲ ကြည့်ဖြစ်တယ်။ ဝန်ကြီးတော့ ခုမှ မြင်ဖူးတာပါ…
    သူတို့ဆီမှာ အလုပ်မရှိလို့ဆိုတာ ပေါ်လွင်နေတယ်။ တို့ဝန်ကြီးတွေများ အားကို အားမနေဘူးလေ…

    Reply

  • Paing Lay

    August 19, 2014 at 3:53 pm

    မှတ်မှတ်ရရ အနော်တို့ 7တန်းကနေ 10တန်းအထိ စွန်ဖြတ်ကြတာ ဘောလုံးကွင်းထဲမှာဆိုရင် တကယ့်ပွဲတော်အတိုင်းပဲဗျ။ အထူးသဖြင့် ကျောင်းပိတ်ရက်တွေမှာပေါ့။ တန်ဆောင်မုန်းလဆန်းကနေ တပေါင်းလပြည့်အထိပဲ။ ကျောင်းတုန်းကဆိုရင် မှန်စာတွေ ထောင်းရမှန်းမသိ။ စွန်ပြတ်ကျလို့ လိုက်ကောက်လို့ကောက်မှန်းမသိ။ ဒူးတွေလည်းကွဲ မျက်ခွက်လည်းစုတ်ပြတ်ပဲ။ :k:

    Reply

  • ဦးကြောင်ကြီး

    August 22, 2014 at 9:56 am

    တျုုတ်သဗုံကြေးမုံဂျီး ကာလားဖျစ်သွားပီလော.. အားရမားဒစ္စကိုဒမ်းဆား.. စွန်လွှတ်ချည်း..နေဒါပဲ….
    အငြင်းပွားကျွန်းပေါ် တရုတ်စာသင်ကျောင်းဆောက်

    ဗွီအိုုအေ (မြန်မာဌာန)

    16.06.2014 07:02
    တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်းတကျောင်း တည်ဆောက်နေပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင် တည်ရှိခဲ့တဲ့ ဒီ စစ်စခန်းအတွက် အခုလို စာသင်ကျောင်း တည်ဆောက်လိုက်ခြင်းအားဖြင့် ဒီဒေသကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

    တခြား အာရှနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက Yongxing လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တရုတ်လူမျိုး ၁,၄၄၃ ဦးရှိပြီး အဲဒီကျွန်းကို တရုတ်အစိုးရက မြို့တမြို့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းမှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေအနေနဲ့ မိုင်ပေါင်း ထောင်သောင်းချီ ကျယ်ဝန်းတဲ့ ရေပိုင်နက်ကို ကြီးကြပ် အုပ်ချုပ်ရတာ ဖြစ်ပါတယ်။

    အဲဒီကျွန်းကို မြို့တမြို့အဖြစ် တရုတ်တို့က သတ်မှတ်လိုက်ခြင်းအားဖြင့် ဒေသတွင်း တင်းမာမှုတွေ တိုးတက် ဖြစ်ပေါ်လာမယ်ဆိုပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်လိုက်ပါတယ်

    Reply

  • မင်းသားနဲ့အတူတူ စွန်လွှတ်လိုက်ရ.. 🙂

    ပြည်သူနဲ့တစ်သားတည်းနေရင် ပြည်သူချစ်တဲ့ ပြည်သူ့ခေါင်းဆောင်ဖြစ်တာပဲ..
    တို့ဝန်ကြီးများလိုပေါ့.. ခိခိ..

    Reply

Leave a Reply

Your email address will not be published.