မွေးရပ်မြေမှ ပန်းကလေးများဆီသို့

padonmarMarch 23, 20142min022

နှစ်စဉ် ဒီလို ရာသီရောက်တိုင်း ကျမတို့ ဇာတိမြို့ကလေးကို ပြန်ဖြစ်ပါတယ်။ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူမှာ သွားကန်တော့ ၊ဆွေမျိုး မိတ်ဆွေတွေကို လက်ဆောင်ပေး လိုက်နှုတ်ဆက်၊ပျော်စရာ ခရီးဖြစ်ပါတယ်။
ကျမ အဖေ စီးပွားရေးလုပ်ငန်းတွေ အခြေစခဲ့တဲ့ ရပ်ကွက်ကလေးဟာ မြို့ရဲ့ တဖက်ကမ်းမှာ ရှိပါတယ်။ အရင်နှစ်တွေကသွားတဲ့အခါ အဖေ့ လုပ်သားဟောင်းကြီးတွေရဲ့ သားမြေးမြစ် ကလေးတွေကို စက်ရုံချုပ်အကျင်္ီကလေးတွေ ဝေပေးရင်း သူတို့ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးကြည့်ခဲ့ပါတယ်။
အရင် ပို့စ်အဟောင်းတွေမှာ ဖတ်ကြည့်ရင် အသေးစိတ်သိနိုင်ပါတယ်။


http://myanmargazette.net/177204 ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ
– padonmar

Posted by padonmar on May 27, 2013 in Creative Writing, Education | 29 comments


ပဒုမ္မာရဲ့ ချစ်စရာ့အရွယ် Cover Story

ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story

တနှစ်မှတရက် ကိုယ့်ရှိတဲ့ ဗဟုသုတလေးနဲ့ ကိုယ်စွမ်းနိုင်သလောက် ဆုချရတော့ သိပ်အတိုးတက်ကြီးတော့ မျှော်မှန်းမထားမိပါဘူး။
မနှစ်က သွားတော့ ကလေးတွေရဲ့ ပညာရေးနဲ့ လူမှု ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာတယ်လို့ ခံစားမိတာကြောင့် ကျမတော့ အားတက်မိပါတယ်။
အရင် နှစ်တွေက ကျမမှာ အဆင်သင့်ရှိတဲ့ အကျီင်္လေးတွေကိုပဲ ဆုအဖြစ်ပေးရတော့ ကလေးတွေနဲ့ အဆင်ပြေတာလည်းရှိ၊သူတို့ ညီ၊ညီမ၊အကို၊အမတွေတွက်ပဲ ရမှာလည်း ရှိဖြစ်နေပါတယ်။
ဒီနှစ်လည်း ထုံးစံအတိုင်း မတ်လ ၂ရ ရက်နေ့မှာ ကျမတို့မြို့ကို ပြန်ပါမယ်။
ဒီတခါတော့ ခါတိုင်းလို အကျီင်္တွေ ဝေပေးမယ့်အပြင် ကလေးတွေတွက် အသုံးဝင်မယ့် စာရေးကိရိယာလေးတွေနဲ့ ဖတ်စရာ စာအုပ်လေးတွေပါ ဆုပေးမယ်လို့ စိတ်ကူးပြင်ဆင်ထားပါတယ်။
ကစားစရာလေးတွေ ပေးမလား စိတ်ကူးမိသေးပေမယ့် မိသားစုထဲ ကလေးငယ် ကျောင်းသားလေးတွေ မရှိတာ ကြာပြီဖြစ်လို့ ဘာကစားစရာလေးတွေက ကလေးတွေကြိုက်လည်းကြိုက် အသုံးလည်းတဲ့ ဖြစ်မယ် မရွေးတတ်ပါဘူး။
ကျမထုံးစံအတိုင်း အီကော်နော်မီ ဖြစ်အောင်လည်း စဉ်းစားတာပေါ့။
ကလေးတွေကို သူတို့ နယ်မှာ ဝယ်မသုံးနိုင်တဲ့ စာရေးကိရိယာမျိုးလေး ရရင် ဝမ်းသာအားရဖြစ်မယ်လို့ ထင်မိပေမယ့် ချွန်စက်လှလှတွေ လိုက်ကြည့်တော့ ၃၀၀ဝ လောက်ဖြစ်နေတယ်၊မတန်ဘူးဆိုပြီး မဝယ်ချင်ပြန်ဘူး။
ရွေးရင်းရွေးရင်းနဲ့ ပုံဆွဲချင်တဲ့ ကလေးတွေအတွက် ရောင်စုံခဲတံလေးတွေ ဝယ်ဖြစ်တယ်။Faber Castle ဆိုတော့ ကွာလတီတော့ ကောင်းမယ်ထင်ပါရဲ့။ကျမကလေးတွေထဲမှာ တနေ့ကျရင် ဆြာခေါင်လို ပန်းချီကျော်တယောက် ပါချင်လည်းပါလာမှာပေါ့နော်။
နောက်ရောင်စုံခဲတံတဘူးကတော့ Little tree တဲ့၊တရုပ်လုပ်ပေမယ့် သံဘူးလေးနဲ့ ကျကျနနဆိုတော့ ကလေးတွေ ကြိုက်မယ်ထင်တာပဲ။
ခဲတံလေးတွေကိုလည်း 2B အနက်ရောင် များများလေး ဝယ်လာခဲ့တယ်။ များသောအားဖြင့် ဆိုင်တွေက ခဲဆံမကျိုးတဲ့ HB ပဲ တင်ကြတော့ ပုံဆွဲရင် မှိန်တိန်တိန်နဲ့ ကျမတော့ မကြိုက်ဘူး။ကျမတို့ငယ်ငယ်တုံးကတော့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ကျောင်းကရောင်းပေးတာ သုံးရတာပဲ။ ဒါလေးလည်း သုံးကြည့်ရင် ကလေးတွေ နှစ်သက်မယ်ထင်ပါတယ်။
ခဲတံအပြင် ကွန်ပတ်စ်အစုံပါတဲ့ ကွန်ပါဘူးလေးရယ်။ သင်ခန်းစာပုံတွေဆွဲဖို့ အဆင်သင့်ဖော်ထားတဲ့ မြန်မာပြည်မြေပုံ၊သိပ္ပံဓာတ်ခွဲခန်းသုံး ကိရိယာတွေပုံရယ်၊သချင်္ာဂျော်မက်ထရီမှာ သုံးတဲ့ တြိဂံတို့ ထရာပီဇီယမ်တို့ပုံတွေရယ် ဝယ်လာသေးတယ်။ကျမတို့တုံးက မြေပုံဆွဲ ကျင့်လိုက်ရတာ။မြန်မာပြည်မြေပုံက ခေါင်းပုသွားလိုက် ခြေတိုသွားလိုက် အခါ ၅ဝ လောက်ဆွဲမှ ပုံလှလှဆွဲတတ်တော့တယ်။
နောက်ပြီး Refill ၆ခုပါတဲ့ မင်စိုဘောပင်ကဒ်လေး၊ဒါကတော့ ဘောပင်တွေကို တခါရေး လွှင့်ပစ်ဆိုတာ သဘာဝပတ်ဝန်းကျင်ကြီးကို ဖြုန်းတီးပစ်ရာရောက်တယ်လို့ မြင်လို့ ကလေးတွေကို refill ပြန်ထည့်သုံးရင် သက်တမ်းပိုကြာကြာသုံးလို့လည်းရ၊ငွေကုန်လည်းသက်သာ ဆိုတာ သင်ပေးချင်လို့ ဆုအဖြစ် ဝယ်ခဲ့ပါတယ်။

ရောင်စုံခဲတံတွေ၊ကွန်ပါဘူး၊ဘောပင်၊ခဲတံ၊အသင့်ဆွဲ မြေပုံ
ရောင်စုံခဲတံတွေ၊ကွန်ပါဘူး၊ဘောပင်၊ခဲတံ၊အသင့်ဆွဲ မြေပုံ

Snow White ပုံပြင်စာအုပ် နဲ့ Cinderella ပုံပြင်စာအုပ်ကတော့ ကျမတောင် လက်ကမချချင်ဘူး။
ဝင့်ပြုံးမြင့် ရေးဖူးတဲ့

`ကလေးတွေအတွက် ဖတ်စာအုပ်ဆိုတာ ကလေးတွေ လိုချင်စရာရောင်စုံပုံလေးတွေနဲ့ ဖတ်ချင်စဖွယ်ဖြစ်ရမယ် ´

ဆိုတာလေး အမှတ်ရလို့ ဒီစာအုပ်ကလေးတွေ ဝယ်ဖြစ်ပါတယ်။
ကလေးများတွက် အင်္ဂလိပ် မြန်မာ လှုပ်လှုပ်ရှားရှား စကားလုံးများက ကျမ ကလေးတွေအတွက် နည်းနည်းများ မြင့်မလားထင်မိပေမယ့် စာဖတ်ရင်း ပုံကြည့်ရင်းတော့ စာပိုတိုးလာမယ်လို့ ထင်မိပါတယ်။

ပုံပြင်စာအုပ်၊အင်္ဂလိပ်စာ ပုံပြစာအုပ်၊ဉာဏ်စမ်းပဟေဠိစာအုပ်
ပုံပြင်စာအုပ်၊အင်္ဂလိပ်စာ ပုံပြစာအုပ်၊ဉာဏ်စမ်းပဟေဠိစာအုပ်

နောက်ဆုံးက စာအုပ်ကတော့ ပြည်သူ့နီတိ ပါ။

(၁)အိမ်၌ ယဉ်ကျေးခြင်း၊
(၂) ကျောင်း၌ ယဉ်ကျေးခြင်း၊
(၃) လမ်း၌ ယဉ်ကျေးခြင်း၊
(၄)ကစားစဉ် ယဉ်ကျေးခြင်း
(၅)ခရီးသွားလျှင် ယဉ်ကျေးခြင်း၊
(၆)အထွေထွေ ယဉ်ကျေးခြင်း

ဆိုပြီး အခန်းခွဲ၊ သရုပ်ဖော်ပုံကလေးတွေ နဲ့ ခေတ်နဲ့ လျော်ညီအောင် ပြန်ရေးထားတာမို့ အိမ်တိုင်းကျောင်းတိုင်း ရှိသင့်၊ကလေးတွေကို သင်ပေးသင့်၊လူကြီးတွေလည်း ပြန်ကျင့်သင့်တဲ့ စာအုပ်ကလေးပါ။

ပြည်သူ့နီတိ၊ဖွင့်ထားတဲ့စာမျက်နှာလေး မြည်းကြည့်ကြပါအုံး
ပြည်သူ့နီတိ၊ဖွင့်ထားတဲ့စာမျက်နှာလေး မြည်းကြည့်ကြပါအုံး

ဒီစာအုပ်ကလေးတွေ ရသွားတဲ့ ကလေးတွေ အသိတရားရှိရင် သူတို့ မိဘတွေဆီပါ ပြန်လည် တည့်မတ်ပေးနိုင်မယ်လို့ မမျှော်ရဲ မျှော်ရဲ မျှော်လင့်မိပါတယ်။
အရစ်ရှည်တဲ့ ဂေါက်တောက်တောက် ကျမထုံးစံအတိုင်း ကလေးတွေကို ရော့အင့်လို့ မဝေပေးချင်ပါဘူး။
သူတို့အရည်အချင်းလေးတွေ ဆန်းစစ်ပြီးမှ တော်သ၊ူကောင်းသူ၊ရိုးသူ ကို ချီးကျူး ဂုဏ်ပြုပြီး ဆုအဖြစ်ပေးမှာပါ။

အရင် အခေါက်တွေကလည်း ရွာသူားတွေ လိုက်ချင် အလှူပါချင်တယ်လို့ ပြောကြဖူးပါတယ်။
ဒီတနှစ်တော့ မိသားစုအရေး၊လူမှုရေးတွေကို နေ့ချင်းပြန်သွားတုံးမှာ အချိန်လုလုပ် သွားရမှာဖြစ်လို့ ရွာသူားတွေကို မခေါ်သွားနိုင်တာ ခွင့်လွှတ်ကြစေချင်ပါတယ်။
တချိန်ချိန်မှာတော့ ကျမကလေးတွေကို ရွာသူားတွေနဲ့အတူ အလှူလေးပေးရင်း အသိပညာပေး သင်တန်းလေးတွေလည်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။(စွယ်တော်ရွက်ကတော့ သင်ထောက်ကူပစ္စည်းတွေပါသယ်သွားပြီး လျှပ်စစ်သင်တန်း ၁ရက်နဲ့ အပြီး လိုက်ဖွင့်ပေးမယ်လို့ ကတိပေးထားပါတယ်)

ကလေးတွေအတွက် ဘယ်လို အစီအစဉ်လေးလုပ်ရင်ကောင်းမယ်၊ဘယ်ဆုလေးကို ဘယ်လိုပေးရင် ကောင်းမယ် ဆိုတာ အကြံပေးကြပါအုံး။

ကလေး အများစုက ဆင်းရဲတော့ ဘာလေးပဲရရ ဝမ်းသာကြပါတယ်။ကလေးတွေကို ပစ္စည်းရုပ်ဝတ္ထုသာမက စိတ်ဓာတ်ခွန်အား ပေးချင်ပါတယ်။

နောင် အနှစ် ၂ဝ လောက်ကြာရင် ကျမကလေးတွေထဲက နိုဘယ်ဆုရှင်၊ မြန်မာပြည်သမ္မတ မထွက်လာဘူးလို့ ဘယ်သူပြောနိုင်ပါမလဲနော။

ကိုကြီးရဲစည်က သားသားမီးမီးတို့အတွက် ပေးတဲ့ စာရေးကိရိယာ လက်ဆောင်တွေပါ
ကိုကြီးရဲစည်က သားသားမီးမီးတို့အတွက် ပေးတဲ့ စာရေးကိရိယာ လက်ဆောင်တွေပါ
မမဂျီးကေဇီရဲ့ လက်ဆောင်တွေလည်း ရောက်ပါပြီ။
မမဂျီးကေဇီရဲ့ လက်ဆောင်တွေလည်း ရောက်ပါပြီ။

22 comments

  • alinsett (gazette)

    March 23, 2014 at 7:02 am

    ကလေးတွေနေရာက ခံစားကြည့်တော့ ကြည်နူးမိပါရဲ့။

    အန်တီက စင်ဒရဲလားတို့ စနိုးဝှိုက်တို့ကို လက်က မချချင်ဘူး ဆိုလို့
    ကျနော်ရော ဘာထူးလဲ လို့
    ဟယ်ရီပေါ်တာ စာအုပ်တွေဆို သိပ်ကြိုက် . . .

    🙂

    Reply

    • padonmar

      March 23, 2014 at 8:19 am

      အလက်ဆင်းရေ
      ဒို့တွေက စာအုပ်ကြားက ငွေရောင် ပိုးလေးတွေကိုး။
      ကလေးတွေကိုလည်း စာဖတ်ချင်စိတ် ရှိအောင် မွေးမြူပေးစေချင်ပါတယ်။
      ဒီကနေ့ သူနာပြုတက္ကသိုလ်မှာ စာကြည့်တိုက်မှူးများ ညီလာခံ လုပ်နေတာ တွေ့ခဲ့ရတယ်။
      စာကြည့်တိုက်များ ပြန်လည် ရှင်သန် အသုံးချနိုင်ကြပါစေ။

      Reply

  • ဘရန်းဒက် ကေဇီ

    March 23, 2014 at 7:07 am

    ကျနော် ကြုံရင် ကလေးတွေ အတွက် လိုအပ်တာလေးတွေ ဝယ်ထားပေးပါရစေ အာတီဒုံ။
    အာတီဒုံ ပဲ သိမ်းထားပေးပြီး အဆင်ပြေတဲ့ နှစ်တွေမှာ ထည့်လှူပေးပါနော်။
    – ဒီ ဘက်က Simple English နဲ့ ရေးထားတဲ့ ပုံပြင်စာအုပ်လေးတွေလိုမျိုးးးး
    – ပုံပြ ဒစ်ရှင်နရီလိုမျိုး ကျနော် စုထားပါ့မယ်။

    ကစားစရာကတော့ ဉာဏ်သုံးပြီး ဆော့ရတဲ့ ဟာလေးတွေက ပိုကောင်းမလားမသိဘူးးး
    ကျနော်ရှာထားလိုက်ပါဦးမယ်။

    ဒီနှစ်တော့ မမှီလောက်တော့ဘူးးးး

    Reply

  • padonmar

    March 23, 2014 at 8:34 am

    ကေဇီလေးရေ
    ခုလို အားဖြည့်ပေးတာ ကျေးဇူးတင်လိုက်တာ။
    ကလေးလေးတွေကို စင်ကာပူက မမကြီးက သားတို့သမီးတို့အကြောင်း အင်တာနက်က သိရလို့ ဒီပစ္စည်းလေးတွေ ပေးလိုက်တယ်လို့ ပြောပြရင်
    ကလေးတွေ ကြီးတဲ့အခါ အင်တာနက်ဆိုတာကို သိချင်နားလည်ချင် ကောင်းတဲ့နည်းလမ်းနဲ့ အသုံးချချင် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
    ………..
    သူကြီးကလေ အမေရိကားက ကလေးတွေ သင်တဲ့ သင်ရိုးစာအုပ်ပေးမယ်ပြောပြီး တခါမှ မပေးဘူး။
    ဦးဦးပုံပြောနေတယ်။
    …..
    စကားအတင်းစပ်
    သူကြီး ဒီ ကွန်မန့် ၂ခုလုံး မေးလ်ထဲ မရောက်ဖူး။
    အရင်ပို့စ်တုံးကလည်း ရောက်တာရောက်၊မရောက်တာမရောက် ဖြစ်တယ်။

    Reply

  • snow smile

    March 23, 2014 at 8:57 am

    ခ လေး တွေ အ တွက် ဗလာ စာ အုပ် လှု ချင် ပါ တယ်
    မ ပ ဒု မ္မာ ရေ

    Reply

  • snow smile

    March 23, 2014 at 9:33 am

    ကျောင်း အ ကျီင်္ အ ဖြူ နဲ့ လုံ ချည် အ စိမ်း လေး တွေ
    ဆို ရင် နဲ နဲ ကြီး တဲ့ ခ လေး တွေ အ တွက်
    ပို အ ဆင် ပြေ လေ မ လား နော်
    ပြော ပြ ပါ အုန်း

    Reply

    • padonmar

      March 23, 2014 at 8:28 pm

      မနှင်းပြုံးရေ
      ဗလာစာအုပ်လေးတွေ လှူချင်ရင် လှူပေးပါမယ်၊ကျေးဇူးလည်းတင်ပါတယ်။
      အကျီင်္ဖြူ+လုံချည်စိမ်းကတော့ ကောင်းပေမယ့် အတန်းကြီးထက်
      အငယ်တန်းလေးတွေ များတော့ မှန်းရခက်ပါတယ်။
      ရတန်း ၈တန်းရောက်အောင်တောင် တက်တဲ့သူ အတော်ရှားသွားတယ်။
      ၄-၅တန်းဆို ကျောင်းထွက်ကြတော့ ပညာသင်ချင်စိတ်ရှိအောင် ကျမ စည်းရုံးနေရတုန်းပါ။

      Reply

  • Paing Lay

    March 23, 2014 at 9:52 am

    စာအုပ်ဆိုလို့ အနော် သူငယ်တန်း အပျော်တစ်နှစ်နေတုန်းက စဖတ်ရတဲ့ ကာတွန်းစာအုပ်က ရဲမာန် ရဲ့ ဓမ္မရသ ပုံပြင်ဗျ အဲ့တုန်းက စာလုံးဆင့်တွေ(ဥပမာ-တိရိစာ္ဆန်) ကို မပီကလာပီကလာ နဲ့ဖတ်ဖူးတာ အမှတ်တရပါပဲ 🙂

    Reply

    • padonmar

      March 25, 2014 at 1:16 am

      ပိုင်လေးရေ
      ငယ်ဘဝတုံးက ကလေးအတွေးလေးတွေက ခုနေပြန်တွေးကြည့်ရင် ရယ်စရာ ပြုံးစရာ ဖြစ်ပေမယ့် ဖြူစင်ပါတယ်ကွယ်။

      Reply

  • Ma Ma

    March 24, 2014 at 7:27 am

    ကိုယ်တိုင်တော့ ဈေးလည်းမသွားဖြစ်၊ ကလေးတွေကလည်း အနားမှာမရှိတော့ အကြံမပေးတတ်ဘူး။
    အခုဝယ်ထားတဲ့ပစ္စည်းတွေကြည့်ပြီး သဘောကျလို့ ကလေးတွေထဲ ရောယောင်ပါချင်စိတ်ပဲ ပေါ်လာတယ်။
    😀

    Reply

    • padonmar

      March 25, 2014 at 1:17 am

      အန်တီမမ လည်း ကလေးတွေကို မေးတဲ့ မေးခွန်းလေးတွေ ဖြေနိုင်ရင် ကလေးတွေကြားထဲ ဝင်တန်းစီလို့ရပါတယ်။

      Reply

  • kyeemite

    March 24, 2014 at 9:33 am

    အင်မတန်မွန်မြတ်တဲ့ အစီစဉ်လေးမို့ ကလေးတွေအတွက် ဝမ်းသာပီတိဖြစ်မိပါတယ်…
    အာတီဒုံ မွေးရပ်မြေကကလေးတွေ ထဲက သမ္မတတစ်ယောက်ဖြစ်ရင် အာတီဒုံကို ပညာရေးဝန်ကြီး
    ဆွဲခန့်မှာသေချာတယ် 😀

    Reply

    • padonmar

      March 25, 2014 at 1:19 am

      ဦးမိုက်
      အဲဒီ ကလေးတွေထဲက သမ္မတ ဖြစ်ရင် အနည်းဆုံး သမ္မတ အကြံပေးတော့ ဖြစ်မှာပေါ့။
      (ကျမ ဖယောင်းတို်င် မထွန်းခိုင်းပါဘူးလို့ ကတိပေးပါတယ်)

      Reply

  • weiwei

    March 24, 2014 at 10:42 am

    ဂျူးရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်း စာအုပ်ကို သတိရတယ် …

    တူ တူမလေးတွေဆီက စာအုပ်လေးတွေ အလှူခံကြည့်အုန်းမယ် …
    နောက်ကြုံတဲ့အခါ အန်တီဒုံကို ပေးမယ် ..

    Reply

    • padonmar

      March 25, 2014 at 1:21 am

      ဝေရေ
      ဆုံနေရက်နဲ့ လွမ်းနေခြင်းထဲက မမရဲ့ အမေ ဆရာမက ကလေးတွေကို သုတေသနလုပ် ဘေးကနေ လေ့လာရုံ ဝင်မစွက်ဖက်ရဘူးလို့ မမကို မှာထားတာလေ။
      အန်တီကတော့ ကလေးတွေရဲ့ အနာဂတ်ကို ဝင်စွက်ဖက်ဖို့ ကြိုးစားကြည့်ချင်တယ်။
      တူလေးတူမလေးတွေရဲ့ စာအုပ်တွေရရင် လိုချင်တာပေါ့။

      Reply

  • TNA

    March 24, 2014 at 4:11 pm

    ကျွန်မလဲ စာအုပ်ကလေးတွေ ပစ်စည်းလေးတွေ စုထားပါ့မယ်။ ဒီတခါမှီလဲမှီ မမှီလဲ နောက်တခါအတွက်သိမ်းထားပေးပါနော့ အန်တီဒုံရေ။

    Reply

  • padonmar

    March 25, 2014 at 1:24 am

    ကျေးဇူးပါ သဲနုအေးရေ။
    ရဲစည်ကတော့ ကလေးတွေ အတွက် ဘောပင်၊ကွန်ပါဘူး၊ချွန်စက်တွေ လာပို့သွားပါတယ်။
    သူပေးတဲ့ စာရေးကိရိယာတွေ လှလွန်းလို့ ကျမကလေးတွေတော့ ဝမ်းသာနေကြမှာ တွေးရင်း ပိုပျော်မိပါတယ်။
    ကျေးဇူးပါ ရဲစည်ရေ။

    Reply

  • padonmar

    March 25, 2014 at 1:26 am

    သည်းနုအေး နဲ့ ဦးကြီးမိုက် မန့်တာတွေ ကျမမေးဘောက်စ်ထဲ မရောက်ပါ။
    (အခြားသူတွေရော အဲသလိုပဲ ဖြစ်နေကြသလား သိချင်ပါတယ်)

    Reply

  • kai

    March 25, 2014 at 4:07 pm

    သိချင်ပါတယ်ခင်ဗျ…

    Reply

  • padonmar

    March 25, 2014 at 10:17 pm

    Snow Smile မနှင်းဖြူ ရဲ့ အလှူ ဖြစ်တဲ့ ဗလာစာအုပ် 20 ဒါဇင်၊ဘောပင်၊ခဲသားဘောပင်၊ပေတံတွေ ရောက်လာပါပြီ။
    ကွန်ပါဘူးလည်း ထပ်ပို့ပေးမယ်တဲ့။
    ကျေးဇူးအများကြီး တင်ပါတယ်။
    ကျမကလေးတွေတော့ ဒီနှစ် အရမ်းပျော်ကြမှာပဲ။
    သုသာန်နားက ကလေးတွေကိုပါ စာရေးကိရိယာ၊ ဘောပင်လေးတွေ ပေးမယ်လို့ စိတ်ကူးထားပါတယ်။

    Reply

  • surmi

    March 26, 2014 at 9:57 am

    အခုမဖတ်မိတော့ နောက်ကျနေပါပြီ
    ခွင့်လွှတ်ပါအစ်မရေ
    နောက်တစ်ကြ်မ်အတွက် ကြိုပြီး စုထားပါ့မယ် ။
    လူစုပြီးသွားဖြစ်ရင် ကျနော်လည်းလိုက်ခဲ့ချင်ပါတယ် ။
    သာဓု ခေါ်ပါကြောင်း

    Reply

  • padonmar

    March 27, 2014 at 12:49 am

    ကိုဆာမိရေ
    အမှန်တော့ ကျမ အလှူ သိပ်မခံချင်ဘူး။
    အလှူခံတယ်ဆိုတာ တွေးကြည့်ရင် တာဝန်သိပ်ကြီးပါတယ်။ (အလှူရှင်ပေးတဲ့ အလှူငွေ/ပစ္စည်းကို အလှူပေး/အလှူခံ ၂ဖက်လုံး အကျိုးရှိအောင် လုပ်ပေးရပါတယ်။)
    အဲသလို လုပ်ပေးနိုင်မယ်လို့ ယုံကြည်မှလည်း အလှူခံဖြစ်ပါတယ်။
    (အင်းအဲသလို ပြောရင်းနဲ့ပဲ ခဏခဏ အလှူခံနေဖြစ်တာပါပဲ)
    အခု နေရာကလည်း ကျမ ဇာတိမြို့ဆိုတော့ ကျမတို့ မြို့သားတွေမှာ (အထူးသဖြင့် ကျမအဖေ အလုပ်လုပ်ခဲ့တဲ့ နေရာဆိုတော့ ကျမတို့မိသားစုမှာ)တိုးတက်အောင်လုပ်ပေးရမယ့် တာဝန်အရှိဆုံး၊ကိုယ့်တာဝန်ကိုယ်ယူရမယ်လို့ ခံယူလို့ အရင်နှစ်တွေကလည်း တိတ်တိတ်လေးပဲ စီစဉ်ခဲ့တာ။
    သူများတွေဆီ အလှူခံရမှာ စိတ်မသန့်ဘူး။
    အခုလည်း အကြံဉာဏ်တောင်းရာက ကျမရဲ့ ချစ်လှစွာသော ရွာသူားတွေက ကလေးလေးတွေ အတွက် လှူချင်ကြတယ်ဆိုတော့ ကျမရဲ့ ကလေးလေးတွေ ကံကောင်းလာပြီဆိုပြီး ဝမ်းသာမိပါတယ်။(သူတို့ အလုပ်ကောင်းလို့ ကံကောင်းလာတာပေါ့)
    နောင်အခါ ရွာသူားတွေနဲ့ အတူ သွားနိုင်အောင် ကြိုးစားပါမယ်။
    ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.