အဲ့ဒီနေ့က

သုရွင္March 22, 20141min03
အဲ့ဒီနေ့က
အဲ့ဒီနေ့က
မီးမလာဘူး မေမေ။
သားဖယောင်းတိုင်လေးနဲ့…
စာကျက်ပြီးစာမေးပွဲ ဖြေခဲ့ရပါတယ်။
အဲ့ဒီနေ့က
သိပ်အေးတယ် မေမေ။
သားအင်္ကျီအနွမ်းလေးနဲ့
အစောကြီးထပြီး ကျောင်းသွားခဲ့ရတာ။
အဲ့ဒီနေ့က
သားအိမ် ကျ ပျောက်ခဲ့တယ် မေမေ။
ကျောင်းကအပြန်မှာ
သား အိမ်ကို ရှာမတွေ့ခဲ့ဘူးလေ။
အဲ့ဒီနေ့က
သား ငို ခဲ့တယ် မေမေ။
အသံသာကြားဖူးပြီး
ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့
သယံဇာတ ကျိန်စာတွေ
ထွေးပွေ့ သိမ်းပိုက်ရင်းနဲ့လေ။
သုရှင် ၂၂-၃-၁

3 comments

  • TNA

    March 22, 2014 at 7:07 pm

    သမီးကလေးကျေးရွာရဲ့ ကဗျာလေးများလား။

    Reply

  • alinsett (gazette)

    March 23, 2014 at 6:58 am

    အဲဒီနေ့က . . .
    ကျနော်လိုလူလည်း အဲဒီနေ့ထဲမှာ ရှိနေတယ်. . .

    🙂

    Reply

  • ko six

    March 23, 2014 at 3:16 pm

    အဲဒီ​နေ့က
    အိပ်​မက်​ထဲမှာ
    ယတြာမ​ချေလိုက်​ရဘူး
    အဲဒီ​နေ့က
    အ​မေဆိုတဲ့သီချင်​းမှာ
    ထမင်​းဝိုင်​းထဲ လူတစ်​ဦးမဲ့​နေသတဲ့

    Reply

Leave a Reply

Your email address will not be published.