ဘဝဆိုသော အလင်္ကာ

ကာရံMarch 10, 20141min03

အခြေတစ်ခုခိုင်မြဲဖို့ ခွန်အားတွေနဲ့

ထုစစ်ဖူးခဲ့တယ် လောကဓံကတော့

အငို အပြုံးရယ် ဆန်နေတုန်းလား

အတုံ့အလှည့်ဆိုတာ အားငယ်သူအဖို့တော့

အရုံးပေးမိဖူးသော စိတ်ဓါတ်ခွန်အားလေလား

မာနကိုရွက်လွှင့်ဖူးခဲ့ လောဘကိုလှော်တက်သဖွယ်

ဦးနှောက်နှင့် ဆန်တက်သောလမ်း

အတ္တခရီးကြမ်းတစ်ကွေ့မှာ ရှုံးနိမ့်ဖူးခဲ့တယ်

သောကတွေကတော့ ဗလပွပေါ့

လွမ်းသစ်ပင် ငြိုးကာနွမ်း

အကျည်းတန်ဌက် အော်သံတစ်ချို့

တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်အနားမှာ

ခတ္တနားခိုနေကြတယ် ဒီညကြယ်တစ်ပွင့်မှ မလာဖူးလေ

အရာရာ ဖြစ်ပျက်သဘောမို့

အနှစ်မဲ့ ညအခါ ဘဝတစ်ကွေ့မှာ

ရေးမိခဲ့သော အလင်္ကာ

3 comments

  • kyeemite

    March 11, 2014 at 9:44 am

    ဘဝဆိုတာ တိုက်ပွဲတဲ့….ဆိုတော့ အဆုံးရှုံးမခံနိုင်ရင် ပြင်းပြင်းထန်ထန်တိုက်ခိုက်ရမှာပဲဗျ…. 🙁

    Reply

  • မဟာရာဇာ အံစာတုံး

    March 11, 2014 at 9:48 am

    အဲ့ဒီ အလင်္ကာကျ
    ဆင်ဆာ မဖြတ်ဘူးဗျာ …
    လေပေါ့ ..

    Reply

  • alinsett (gazette)

    March 11, 2014 at 1:53 pm

    ဖတ်ပြီး
    ထပ် ဖတ်သွားပါတယ် သယ်ရင်း

    Reply

Leave a Reply

Your email address will not be published.