ချစ်လိပ်ပြာလေး တစ်ဝဲလည်လည်

ကာရံMarch 10, 20141min01

တစ်ပွင့်ပန်းမို့ မွှေးပျံနေစဲ

နံဘေးမှာ ပျားပိတုန်းခိုတွဲလို့

အဝေးကလိပ်ပြာငယ်လေး မျှော်ကာတွေးမိပါတယ်

ပန်းကလေးရယ် အလှမ်းဝေးရသူမို့

စိတ်အားရယ်ငယ်နေတုန်းပါ

ရနံ့ကြွယ်ပန်းလေးမို့ တော်ဝင်ထိုက်ပါတယ်

လိပ်ပြာငယ်လေးကတော့ တစ်ဝဲလည်လည်ပေါ့

ပန်းကလေးရယ် မငြိုးနွမ်းပါနဲ့နော်

မိုးစက်ကလေးခြွေမကျအောင်

အဝေးက ဆုတောင်းနေမယ့်သူပါ

နွမ်းလို့ပဲကြွေကြွေ

ရနံ့ကြွယ်လို့ပဲ ဝေဝေ

ဆောင်းလေပြေလေးတစ်ကွေ့မှာ

မျှော်ငေးရင်းရင်ခုန်ရသူမို့

ထာဝရပိုင်ဆိုင်ခွင့်လေး မရရင်လည်း

ရနံ့လေးတော့ မွှေးပိုင်ခွင့် ရှိချင်ပါသေးတယ်

    ကာရံ  ၉.၃.၂၀၁၄

One comment

  • alinsett (gazette)

    March 11, 2014 at 1:39 pm

    မိုးနီလွင် ဆိုလားးး
    သိပ်မမှတ်မိတော့တဲ့စာရေးသူတစ်ယောက်ရဲ့ ကဗျာစာသားလေး
    သတိရသွားတယ်

    ———-

    မပွင့်ဘူး တဲ့
    ရနံ ့နဲ့တောင်. . .
    ရူးခွင့်မရှိ ။

    Reply

Leave a Reply

Your email address will not be published.