ကြည့်လို့ကောင်းတဲ့ပွဲ

ခုတလော အိမ်နီးချင်း ရင်းချာကြီး ဆီက တော့ပွဲ

အတော်ဆူနေပြီ။ ဒါဘဲ ဒီမိုကရေစီဆိုတာပြသလိုပဲ။

စစ်ဌာနချုပ်ထဲ ထိ တောင် အေးအေးချမ်းချမ်း ဝင်လိုက်

ထွက်လိုက်လုပ်နေလေရဲ့။ ကျုပ်တို့အတွက်တော့

ထူးဆန်းပါပေ့ ဆရာ တွတ်ရေ အဖြစ်ပဲ။

ဟိုတရုတ်မကြီးဆိုလား ဘာလားကတော့ အမတ်အရေ

အတွက်အားကိုးနဲ့အသက်ဆက်နေ နိုင်တုန်းပဲ။

သဘောကောင်းတဲ့ ယိုးဒယားသားတွေဘယ်လို

ဖြစ်ကုန်ပါလိမ့်။

ပြုတ် မပြုတ် ကျုပ်တော့ လောင်းလိုက်ချင်ပါရဲ့။

အဟီးးးးးးးးးးးး

13 comments

  • KZ

    December 2, 2013 at 11:56 am

    အာ့ဆို ယိုးဒယားပစ္စည်းတွေ ဈေးတက်အူးမှာလားဟင်။

    :kwi:

    Reply

  • မင်း ခန့် ကျော်

    December 2, 2013 at 12:10 pm

    KZ
    7 mins ago

    အာ့ဆို ယိုးဒယားပစ္စည်းတွေ ဈေးတက်အူးမှာလားဟင်။

    :kwi:

    ဆိုင်လား မဆိုင်လားတော့မသိ။
    whisky တွေတော့ ဝင်လိုက် မဝင်လိုက် ဘဲ
    ဈေးနဲနဲတက်၏ :mrgreen:

    Reply

  • မဟာရာဇာ အံစာတုံး

    December 2, 2013 at 12:49 pm

    တိဘာဘူး ..
    ကျော်က မနေ့ဂ ကန်တွားဒဲ့
    စပါး – မန်ယူ ပွဲအကျောင်း များလားလို့ ဝင်ကျိဒါ
    ဟုတ်မှ ဟုတ်ဗဲနဲ့

    Reply

    • မင်း ခန့် ကျော်

      December 2, 2013 at 1:10 pm

      ယနေ့ည စူပါဆန်းဒေးပွဲစဉ်(၂၃) ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်းနှင့် မန်ချက်စတာ ယူနိုက်တက်တို့ဟာ စပါးအသင်းအိမ်ကွင်း ဝှိုက်ဟတ်လိန်းမှာ ယှဉ်ပြိုင်ကစားသွားကြရာ တစ်ဖက်တစ်ဂိုးစီသရေဖြင့် ရမှတ်တစ်မှတ်စီ ခွဲယူသွားခဲ့ကြသည် ။ မန်ယူအသင်းသည် ပြီးခဲ့သောပွဲစဉ်မှာ လီဗာပူးလ်နှင့် အိမ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့ပြီး လန်ဒန်အခြေစိုက် စပါးအသင်းနှင့် အဝေးကွင်းပွဲစဉ်ကို ဆက်တိုက်သွားရောက်ကစားခဲ့ရခြင်းဖြစ်သည် ။ ဒီနှစ်သင်းသည် ပထမအကျော့မှာ စပါးအသင်းမှ ၂-၃ ရလဒ်ဖြင့် အိုးထရက်ဖို့မှာ အနိုင်ယူထားနိုင်သော်လည်း ယခုပွဲစဉ်မှာတော့ မန်ယူအသင်း၏ ဦးဆောင်ဂိုးကို အချိန်ပိုမိနစ်ပိုင်းရောက်မှသာ ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည် ။

      အစဉ်အလာအရ မန်ယူအသင်းသည် စပါးအသင်းကို အမြဲအနသာစီးရလေ့ရှိပေမယ့် စပါးအသင်း၏ ခြေစွမ်းနှင့် အိမ်ကွင်း အားသာချက်တွေကြောင့် မန်ယူတို့အတွက် သရေရလဒ်ရရှိသည်ကပင်ကံကောင်းလှသည် ။ မန်ယူအသင်းသည် ပထမပိုင်းမှာ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီမှ ကွင်းလယ်ကစားသမား ကလီဗာလေ၏ ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ အပိုင်ဂိုးသွင်းယူကာ ဥိးဆောင်ဂိုး မန်ယူအတွက်ရယူပေးနိုင်ခဲ့သည် ။
      အိမ်ကွင်းလည်းဖြစ် ခြေစွမ်းလည်းထက်နေတဲ့ စပါးအသင်းတို့ရဲ ့ တိုက်စစ်ကတော့ မန်ယူနောက်တန်းကို အလုပ်များစေပြီး နောက်တန်းမှာ ဖာဒီနန် ၊ ဗီဒစ်တို့ ကြံ့ကြံ့ခံ ဖျက်ထုတ်နိုင်လို့သာ မန်ယူတို့ ဂိုးမပေးရခြင်းဖြစ်သည် ။ စပါးအသင်း၏ တောင်ပံကစားသမားတွေဖြစ်တဲ့ လန်နွန် ၊ ဂရတ်ဘေးတို့ ခြေစွမ်းပြနိုင်ပြီး မန်ယူဘက်သို့ မကြာခဏ ထိုးဖောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး မန်ယူ၏ ဂိုးသမား ဒေဗစ် ဒီဂီအာ လက်စွမ်းပြ ကာကွယ်မှုတွေကလည်း မန်ယူကို ဒီနေ့ ကံကောင်းစေခဲ့သည် ။

      ဒုတိယပိုင်းမှာတော့ အိမ်ရှင်က ချေပဂိုးအတွက် ဖိကစားလာပြီး မန်ယူအသင်းကို မကြာခဏ တိုက်စစ်ဆင်ကာ ဂိုးရယူဖို့ကြိုးစားခဲ့သည် ။ မန်ယူအသင်းသည် ဒုတိယပိုင်း မိနစ် ၉ဝ ပြည့်အထိ အနိုင်ကို ထိန်းကစားနိုင်ဖို့အတွက် ကာဂါဝါ အစား ရွန်းနီ ၊ ကလီဗာလေအစား ဗလန်စီယာတို့ကို ထည့်သွင်းကာ ကစားစေခဲ့သည် ။ အိမ်ရှင်တို့ကလည်း အနိုင်အတွက် နာကြင်ချိန်ပို ၃ မိနစ်အတွင်းမှာ အရှုံးမှ သရေ တစ်မှတ်ကို စွမ်းဆောင်နိုင်ခဲ့သည် ။ အဲဒီဂိုးကတော့ မန်ယူ နောက်တန်းတွေဆီမှ လျှံထွက်လာခဲ့ ဘောလုံးကို လန်နွန်မှ လူအုပ်ကြားဆီသို့ို ချပေးလိုက်ရာ အသင့်ရှိနေတဲ့ ဒမ်ဆေးမှ သွင်းယူခဲ့ခြင်းဖြစ်သည် ။

      ဒိနေ့ရလဒ်သည် နှစ်ရလဒ်သည် နှစ်သင်းလုံးအတွက် ကြိုးစားမှုနှင့် ထိုက်တန်ရသည်ဆိုရလောက်အောင် ကစားသမားများ အားကုန်ထုတ်ကစားခဲ့ကြသည် ။ စပါးအသင်း၏တိုက်စစ် လမ်းကြောင်းကို ကွင်းလယ်လူ ကာရစ် ပိတ်ဆို့ ၊ နောက်တန်းတွေ ခုခံ ၊ ဂိုးသမား လက်စွမ်းပြမှုတွေကြောင့် မန်ယူအသင်းသည် ချေပဂိုးကို နောက်ဆုံးမိနစ်မှသာပေးလိုက်ရခြင်းဖြစ်သည် ။ ထို့ကြောင့် မန်ယူအသင်းသည် ယနေ့ သရေ ရလဒ်သာ စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဇယားထိပ်မှာ ခုနှစ်မှတ်ဖြတ်ထားရာမှ ၅ မှတ်ပြတ်ဖြင့် ဦးဆောင်နိုင်ကာ စပါးအသင်းကတော့ ပွဲစဉ် ၂၃ အပြီးမှာ ချဲလ်ဆီးအသင်းနောက်မှ ကပ်လိုက်လျက်ရှိနေသည် ။

      ပါဝင်ကစားခဲ့ကြသူများ

      Tottenham Hotspur

      * 25 Lloris
      * 16 Naughton (Assou-Ekotto – 64′ )
      * 20 Dawson Booked
      * 28 Walker
      * 33 Caulker
      * 02 Dempsey
      * 07 Lennon
      * 08 Parker (Huddlestone – 80′ )
      * 11 Bale
      * 18 Defoe
      * 19 Dembele

      Manchester United

      * 01 De Gea
      * 02 Rafael Booked
      * 03 Evra Booked
      * 04 Jones
      * 05 Ferdinand
      * 15 Vidic
      * 16 Carrick Booked
      * 23 Cleverley (Valencia – 74′ )
      * 26 Kagawa (Rooney – 62′ Booked )
      * 19 Welbeck
      * 20 Van Persie

      အဟီးးးးးးး

      Reply

      • မဟာရာဇာ အံစာတုံး

        December 2, 2013 at 1:13 pm

        အော် …
        ဂလိုလည်း ယဒါဘဲကိုးး
        သန်းကျူး .. ဟီးဟီးး

        Reply

      • Thein Zaw

        December 3, 2013 at 1:58 pm

        မဟုတ်တာတွေရေးထားတယ်
        ဘယ်တုန်းကပွဲ ကောက်တင်ထားလဲမသိ ? ?

        Reply

  • TNA

    December 2, 2013 at 2:41 pm

    သူတို့က ဒလိုဖြစ်တာ ထမင်းစားရေသောက်ဖြစ်နေသမို့ အချိန်တန်တော့လဲပြီးသွားမပေါ့။ မပြီးတော့လဲ အစိုးရအသစ်တက် ဒလိုပွဲတွေထပ်ဖြစ်။ အဲဒီရှပ်နီနဲ့ရှပ်ဝါတွေကို တခြားရှပ်တွေပြောင်းဝတ်ခိုင်းလိုက် ရင် ကောင်းမား :mrgreen:

    Reply

    • မင်း ခန့် ကျော်

      December 2, 2013 at 4:42 pm

      အဲဒီ ထမင်းစား ရေသောက် ဘဝ ရောက်ဖို့

      ကျတော်တို့ဆီမှာ ကျင့်သားရဖို့လိုတယ်ထင်တာပဲ။

      ရှပ်နီ တွေ ရှပ်ဝါ တွေ ကိုလဲ သူတို့ခံယူ ချက်/ သဘောထား

      တွေကို အတုယူသင့်ပါတယ်။စည်းလုံးခြင်း ဆိုတာပေါ့ဗျာ။

      ကျတော်တို့ဆီမှာကျ ဒီထက် အရောင်ပိုစုံနေသလားလို့ပါ။

      (ဒေါ်စု ဩဇီ မှာပြောတာလေးးး ဖတ်မိလို့ပါ)

      Reply

  • Wow

    December 2, 2013 at 4:25 pm

    ဖေ့ဘုတ်သဒင်းက တရုတ်မကြီးအာဖရိကပြေးဘီဆို… :kwi:

    Reply

    • မင်း ခန့် ကျော်

      December 2, 2013 at 4:53 pm

      ထိုင်းမှာ အဲဒီသတင်းထွက်နေတာ

      အစိုးရကတော့ မဟုတ်ဖူး ငြင်းနေတယ်ဗျ။

      သူ့အကိုလိုပြေးရင်တော့

      ထိုင်းမှာ မငြိမ် မသက်ပိုဖြစ်နိုင်တယ် ထင်တာပဲ။

      ထိုင်းမငြိမ်ရင် မြန်မာလဲ ခံရနိုင်တယ်။

      လူ ၁၀ဝ မှာ ၅၁ ယောက် လောက်က made in thailand ဆိုတာကို

      လက်မလွတ်နိုင်ဘူးကိုးးး။

      Reply

  • alinsett

    December 3, 2013 at 4:56 am

    အနော်လည်း
    ပွဲကြည့်သူတစ်ယောက်ပါပဲ။

    ဒါဘေမယ့်

    ဒီလိုပွဲမျိုးတော့
    သိပ်မကြည့်ချင်

    Reply

    • မင်း ခန့် ကျော်

      December 3, 2013 at 9:11 am

      ဒါလဲ ဘဝ ဘဝ ဘဝ တွေပါပဲ။

      Reply

  • ဦးကြောင်ကြီး

    December 3, 2013 at 11:17 am

    ကြည့်ကောင်းတဲ့ပွဲ
    မိကျောင်းနဲ့ကျွဲ
    ဖိထောင်းဟဲ့ရဲ
    စိထောင်းမယ့်သဲ..။

    Reply

Leave a Reply

Your email address will not be published.