စားကြည့်….အားရှိတဲ ့…ဟောဒီက……….မလိုင်

ကိုယ့်ရွာက လူတွေကို နည်းပညာလေးတစ်ခုလောက် လက်တို ့ပြီး ပြောပြရဦးမယ်..

လက်တို ့ပြီးတော့ ပြောတယ်ဆိုလို ့တော့ သိပ်စိတ်လှုပ်ရှားမသွားပါနဲ ့….
နည်းပညာခေတ်ကြီးထဲမှာ နည်းပညာတိုင်း လျှို ့ဝှက်ချက်တွေ ရှိပါတယ်

ဒါပေမယ့် ကျနော်ပြောတဲ ့နည်းပညာက ကွန်ပြူတာတွေ ဆော့ဖ်ဝဲတွေ မလိုပါဘူး…..
ဒါတွေ မပါလို ့အထင်တော့ မသေးလိုက်နဲ ့နော်
အိုင်တီခေတ်ကို ရောက်နေပြီကမ္ဘာကြီးကို နည်းပညာတွေနဲ ့ဖန်ဆင်းပစ်လိုက်မယ်လို ့ ကြွေးကြော်နေတဲ ့နည်းပညာရှင်တွေအထဲက ဒီနည်းပညာအောက်မှာ ဘယ်နှစ်ကြိမ်ထိထားတယ်တယ်ဆိုတာ

သူတို ့ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး….
ကျနော်တွေ ့ဘူးတယ်စကားဝိုင်းဖွဲ ့ပြီဆို နိုင်ငံတကာ နည်းပညာတွေကို ရွှန်းရွှန်းဝေအောင်ပြောပြီး၊ တတ်မြောက်ထားတဲ ့ပညာ အရှိန်နဲ ့စကားပြောနေချိန်မှာ မျက်နှာက ဂုဏ်ယူနေတဲ ့ မျက်နှာတွေနဲ ့….
ဒီနည်းပညာအောက်မှာ တော်တော်များများထိထားကြတာတော့ သေချာတယ်
တော်ရုံ နည်းပညာလောက်လေးနဲ ့တော့ လွတ်နိုင်မယ်လို ့တော့ လျှော့မတွက်နဲ ့၊ မရနိုင်ဘူး။ ထိမှာလဲ။
သူလိုကိုယ်လို အဆင့်မပြောနဲ ့ ဘီလ်ဂိတ် လိုလူတောင် ထိနိုင်တယ်။ တစ်ကယ်လို ့သူသာ မြန်မာပြည်မှာ နေထိုင်ဆိုရင်ပေါ့လေ
ဒါဖြင့် ဘာနည်းပညာလဲလို ့မေးရင်တော့ ပြောရမှာဘဲ
သိပ်တန်ဘိုးထားပြီး လူတိုင်းမစားနိုင်တဲ ့ မလိုင်။

မနက်တိုင်း လ္ဘက်ရည်ဆိုင်မှာ နံပြားတို ့ ပလာတာတို ့နဲ ့တွဲဖက်စားတဲ့ မလိုင်။

နွားနို ့ကို မလိုင်ဖြစ်လာအောင် ချက်တဲ့ မလိုင်ချက်နည်းပေါ့ဗျာ
ခင်မင်သူတစ်ချို ့က စိတ်ဝင်စားနေကြတယ်ကိုယ်ကလည်း ပြောချင်ပါတယ်
ဒါပေမယ့်လို ့တစ်ချို ့က ဒီနည်းပညာနဲ ့ စီးပွားရေး လုပ်နေကြတာ..။ ဖတ်ပြီးရင်တော့ ဆိတ်ဆိတ်နေပေါ့နော်..
……….
မလိုင်ချက်နည်းက အမှန်အကန်ချက်နည်းနဲ ့အကြံအဖန်ချက်နည်း ၂ခု ရှိတယ်ဗျ….အမြတ်များများလိုချင်လို ့ကြက်သားပေါက်စီကိုတောင် ကြွက်သားနဲ ့ အစားထိုးလုပ်နေချိန်မှာ ၊ အမြတ်နည်းနည်းနဲ ့ကောင်းကောင်း လုပ်လိမ့်မယ်၊
အမှန်အကန်လုပ်လိမ့်မယ်လို ့ ထင်ရင်တော့ ကိုယ့်သဘောပေါ့ဗျာ
ခုပြောမယ့် မလိုင်ချက်နည်းက နို ့အစစ် ၁လီတာ ဘူး ၁ဘူးလိုတယ်နောက်အဓိက အရေးကြီးဆုံးကတော့….
တစ်ရှုး တစ်လိပ်အကောင်းဆုံးအဖြစ် ကျနော့် ဆရာမ သုံးတာကတော့ ရေအိမ်သုံး တစ်ရှုးပေါ့ဗျာ….
ပထမ နို ့ကို မီးမျှင်းမျှင်းလေးနဲ ့ပွက်လေရုံလေး တည်ထားတာ
နို ့တွေ ဆူပွက်နေမှ တစ်ရှုး စက္ကူစလေးတွေကို ၁လက္မ အရွယ် ၊သို ့မဟုတ် ၁x၃ လက္မ အရွယ် အရှည်လိုက်လေးတွေ၊ အပိုင်းပိုင်း
အဖြတ်ဖြတ်လေးတွေ လက်နဲ ့ဖဲ ့ပြီး မျှင်းမျှင်းလေးဆူပွက်နေတဲ ့နို ့အိုးထဲကို ၄..၅ ဖဲ ့ထည့်ပြီး ၂မိနစ် ၃ မိနစ်စောင့်ပြီးမှ နောက် စက္ကူ ၄..၅ ဖဲ ့ထပ်ထည့်တာ….ဒီလိုလုပ်သွားလိုက်တာ နောက်ဆုံးတော့ စားသုံးသူတို ့အကြိုက် သိပ်ကောင်းတဲ ့မလိုင်အိုးကြီး ဖြစ်သွားတော့တာ
မီးမပြင်းဘို ့နဲ ့စိတ်ရှည်ဘို ့ဘဲ လိုတာပါ….
ဒီနည်းနဲ ့ချက်တာကို သိပြီး ၊ နောက်မနက် မလိုင်မှာစားတဲ ့သူတွေရဲ ့မျက်နှာကို ကျနော် အကဲခတ်ပြီးသေချာကြည့်တာ..
စိတ်ထဲမှာ ရိပ်မိလေမလား စိုးရိမ်တာအံ့ဩတယ်ဗျာတစ်ချို ့များ ၂ပွဲတောင် ဆက်စားတာ
ကျနော့်ဆရာမ အမား က နပ်တယ်ကျနော်မျက်နှာ အရိပ်အကဲ ကြည့် ပြီး

မင်း စို းရိမ်နေတာလားစိတ်မပူနဲ ့သူတို ့ဒီဆိုင်မှာ မလိုင်စားလာတာနှစ်၂ဝ လောက်ရှိနေပြီ” တဲ့..။ ပြီးရော
လက်တွေ ့မှ ယုံတယ်ဆိုစမ်းကြည့်ပေါ့
ကျနော်တောင် စိတ်ကူးတာ...ဂေဇက် ရွာသူရွာသား ညီအကို မောင်နှမေတွ တွေ ့ဆုံပွဲမှာ မလိုင်နဲ ့ပေါင်မုန် ့ကြွေးမလားလို ့….
မလိုင် ချစ်သူအပေါင်း ကြိုတင်စာရင်းသွင်းနိုင်ပါပြီ

kz နဲ ့ ဗုံဗုံ အတွက် အထူးဦးစားပေးစနစ်။

စာဖတ်သူအပေါင်း ဂုဏ်ယူသော မျက်နှာပေးများဖြင့် မလိုင် စားနိုင်ကြပါစေ ဒချိ ဒချိ

 

( ကော်မန် ့တွေ တခုချင်း စာမပြန်နိုင်ပေမယ့် ပို ့စ်လေးကိုတော့ လက်ဆောင်အဖြစ် အရင် တင်ပေးလိုက်ပါတယ်)

မလိုင်သုတေသီ

ကျော်စွာခေါင်

 

20 comments

  • lele kyi

    October 31, 2013 at 5:32 am

    ဆဋ္ဌမ အာရုံရဲ ့ကောင်းမှု့ ကြောင့် မလိုင်သိပ်မုန်းတာ။ (ဂန်ဗီရ ဝတ်ထုတွေ ဖတ်လွန်းလို့ အဲ့ဒီ ဆဋ္ဌမ ရလာတာ-စကားချပ်)။ 🙂 အမှန်က ဈေးကြီးလွန်းလို့ရယ် လက်လှမ်းမမှီတဲ့ အစားအစားတစ်ခုမို့ပါ။ပြီးတော့ အချဉ်ကြိုက်တဲ့လူမိုက်ကို မစွဲဆောင်နိုင်လို့ပါ။ အဲ့ဒီထောင်ချောက်ကနေလွတ်သွားတယ်။

    Reply

  • Foreign Resident

    October 31, 2013 at 5:52 am

    ” ကျနော်တောင် စိတ်ကူးတာ..
    ဂေဇက် ရွာသူရွာသား ညီအကို မောင်နှမတွေ တွေ ့ဆုံပွဲမှာ
    မလိုင်နဲ ့ပေါင်မုန် ့ကြွေးမလားလို ့….။
    မလိုင် ချစ်သူအပေါင်း ကြိုတင်စာရင်းသွင်းနိုင်ပါပြီ ”

    အို မသိဘူး ။
    တစ်ရှုးပေပါ ပါလဲ ချားမှာပဲ ။
    ( သုံးပြီးသား တစ်ရှုး မဟုတ်ရင် ပြီးတာပဲ )
    ကျွေးမယ့်သူကသာ အသင့်ပြင်ထားပါ ။
    ချားမယ့်သူကတော့ ရယ်လဒီပဲ ။

    ဟီ ဟိ ၊ လာမယ့် တွေ့ဆုံပွဲကို မဝေဝေ ရဲ့ သံလျှင်ခြံမှာ လုပ်မလားလို့ ။
    အဲဒါဆို ၊ ဦးပါ ရဲ့ သင်္ကြန် / ဝါဆို ထမင်း ဆိုတာရော ၊
    ဦးခေါင် ရဲ့ တစ်ရှုးမလိုင် ရော ၊
    ကြိုက်တာ လုပ်စားလို့ ရမယ် ။

    ဟီ ဟိ ၊ စိတ်ကူးယဉ်ကြည့်တာပါ ။

    Reply

  • MAUNG

    October 31, 2013 at 6:27 am

    အောင်မလေးဗျာ …နောက် ကိုမလိုင် ဘယ်တော့မှ မစားတော့ ဘူး။

    အမှန်အကန် နည်း လေးလဲမျှပါဦး ဗျ

    Reply

  • KZ

    October 31, 2013 at 8:22 am

    အဟင့်။
    အင်အင်းကုန်း စက္ကူ မလိုင်ကျမှ ကေဇီ အတွက် အထူးတဲ့လား ခေါင်။
    :hint:
    ဒမာတော့ ထမင်းဆိုင်က သူ့ကော်မန့်လေးမြင်ပြီး စိတ်မကောင်းလို့ သတ်သတ်လွတ် ဟင်းစပ် တစ်ပတ်လောက် ဖွင့်မလား စိတ်ကူးနေတာ။
    ရက်စက်လှချည်လားးးးးးး

    😥

    ဒီနေ့အဖို့တော့ ကေဇီ ထမင်း မစားနိုင်တော့ပါဘူးလေ။
    ခေါက်ဆွဲကြော်လေးပဲ စားနိုင်တော့မယ် :mrgreenn:

    Reply

  • kyeemite

    October 31, 2013 at 8:43 am

    ပန်းချီဆြာ၊ ဇာတ်မင်းသား..လောက်ပဲပညာတတ်တယ်ထင်တာ
    ခုတော့ မလိုင်ဆရာဂျီးပါ ရသေးသကိုးဗျ…
    အဲဒီနည်းက လူပြောတော်တော်များတယ်ဗျ..တကယ်လုပ်ကြမလုပ်ကြတော့မသိဘူး.. 🙂

    Reply

  • Shee

    October 31, 2013 at 8:49 am

    ဆြာဝန်​က​ပြောတယ်​…​နော်​ရှီးတဲ့..၁၄ ကီလို ကျ​အောင်​ဝိတ်​ချရမယ်​တဲ့…​သွေးထဲမှာလဲအဆီများတယ်​တဲ့…အာ​ဂျောင်​့ အဆီအစိတ်​ တစ်​သက်​လုံး​ရှောင်​ရ​တော့မယ်​…..ချိတ်​​တောင်​​ကောင်​းဖုး……ဒီ​နေ့..ဘဇွန်​ထုပ်​ မီးကင်​ပဲစားရ​တော့မယ်​….ကျဥ

    Reply

  • ဗုံဗုံ

    October 31, 2013 at 9:05 am

    အီ……. အာ့မျိုးတစ်ဂယ်ဂျီးပေါ့….
    တစ်သျှူး မလိုင် ကျမှ အထူးဦးစားပေးတဲ့..
    ကိုယ့်တူမလေးကိုယ်များ ရက်ချက်လိုက်ထှာ… :mrgreen:
    အကြံရပြီ…ရွှေဘိုပြန်ပြီးတော့…..
    ” ခေါင် ” တစ်သျှူးမလိုင် ဆိုပြီး ဆိုင်ဖွင့်စားမယ်..
    အိမ်မှာ နွားမဂျီး 4 ကောင်တောင်ရှိတာ..
    နွားမနဲ့ တစ်သှူးလိပ်ရှိရင် အလုပ်ဖြစ်ပြီ.. :mrgreen:

    Reply

  • အမယ်ငှီး …… ငါစားခဲ့တာ မလိုင်မှတ်လို့ .. တစ်ရှူးတွေဖြစ်နေတာကိုး
    စားတော့ဘူး စားတော့ဘူး …….
    မေမြို့ရောက်ရင် မလိုင် လိုက်ဝယ်ရတာအမော .. မန်းလေးပြန်ရောက်ရင်
    ၃၅လမ်းတံတားအောက်က မလိုင်အီကြာသွားစားရတာ အမော ..
    တော်ပြီ …..စိတ်နာဒယ်.. တစ်သက်လုံးစားတော့ဝူး………..
    🙁

    Reply

  • ရွှေမိုးတိမ်

    October 31, 2013 at 9:43 am

    တိန်… ရေအိမ်သုံးတစ်ရှုးဒဲ့ …. 🙁

    Reply

  • TNA

    October 31, 2013 at 11:36 am

    အောင်မြတ်ငေး အရင်ကတော့ကြားဖူးတယ် တစ်ရှုးတွေဆိုတာ အခုတော့သေချာဘီ ချားဒေါ့ဝူး ချားဒေါ့ဝူး အိမ်မှာပဲ လုပ်ချားဒေါ့မယ်။ ကွကိုယ်ပဲစိတ်ချရဒယ်။

    Reply

  • Ma Ei

    October 31, 2013 at 11:52 am

    တစ်ရှူးစဆို တော်သေးတာပေါ့…
    ကြားဘူးတာ တီကောင်ထည့်သတဲ့…
    ဒီတော့ မလိုင်ဆို ဆိုင်မှာ တစ်ခါမှ မစားဖြစ်ပါဘူး…
    😥

    Reply

  • no non negative

    October 31, 2013 at 12:20 pm

    I already stop eating since last 10 years ago. 🙂
    so lucky haha

    Reply

  • no non negative

    October 31, 2013 at 12:25 pm

    နွား နို့ကု လား ကြီး တွေ လက် ကြီး နဲ့ ထဲ့ မွေ တာ မြင် က တဲ က ပေါ့
    ရွှေမိုးတိမ်လေး ကို ပါ ဦး စား ပေး ထဲ ထည့် လိုက် ပါ လား းD

    Reply

  • sorrow weaver

    October 31, 2013 at 1:16 pm

    ဦးခေါင်….ပြင်ဦးလွင်က တချို့မလိုင်တွေက ပန်းနုရောင်ဖျော့ဖျော့လေးတွေဗျ…ဆိုတော့ကာ …တစ်ရှုးကွာတာလားတော့မသိ…..အဟိဟိ……

    Reply

    • ဗုံဗုံ

      October 31, 2013 at 2:34 pm

      ကရိုး အဲ့ဒါနင်စားတဲ့မလိုင်ကလေ
      သုံးပြီးသားတစ်သျှူးကြီးနဲ့လုပ်ထားတာတဲ့….ဝေါ့…
      ကရိုးဂျီး သနားထှာ…… :kwi:

      Reply

      • TNA

        October 31, 2013 at 9:33 pm

        အောင်မယ်လေး ဗုံရေ ဗုံကလေးပြောမှ မက်ချိထဲအကွင်းလိုက်ညင်တွားဒလိုဘဲ။ ဆြာဆောရိုးတေဘီပေါ့အေ :mrgreen:

        Reply

  • အရိပ်စစ်

    October 31, 2013 at 4:56 pm

    ဒီလိုနဲ့ စားစရာ သောက်စရာတွေ လည်း တဖြည်းဖြည်း ရှားပါးလာပီနော်

    Reply

  • Mr. MarGa

    October 31, 2013 at 5:15 pm

    အင်း……
    ကျွန်တော် စားဖို့ တွေးနေတာတောင် တွန့်သွားတယ်
    တော်ပြီ ၃၅ လမ်းက မလိုင်အီကြာကွေး စားတော့ဘူး ဗျာ
    ဝယ်ကျွေးမယ့်သူ မရှိမချင်း :mrgreenn:

    Reply

  • alinsett

    October 31, 2013 at 8:59 pm

    ကျွန်တော်ကတော့…
    အစကတည်းက… မလိုင်မကြိုက်…
    🙂

    Reply

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:15 am

    စက္ကူက စားယင် သေဒတ်ဒလား ???
    သေဒတ်ဘူးဆို အေးချေးဘဲ …
    မလိုင်ထဲ ဘာထည့်ထည့် အေးချေး ခလေးမွေး …
    အဓိက မသေ ပီးဒါဘဲ …
    အဲ .. ဒါမယ့် .. ဟိုလို ရွံစရာဂျီးဒွေဒေါ့ ထည့်နဲ့ပေါ့လို့ ….

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.