ကျနော်လွမ်းသည်

ကျနော်လွမ်းသည်

IMG_9576 [800x600]

မိုးဖွဲပြီးစနံနက်ခင်းတစ်ရက်
အဝါရောင်ကောင်းကင်ကြီးအောက်က
ကန်ရေပြင်နံဘေး
ကျနော်အရောက်
အေးငြိမ့်သက်သက်လေပြေလေးတွေက
ဖြေးဖြေးမွမွ။
လေတိမ်းတိုင်းယိမ်းကတတ်တဲ့
သူ့ဆံပင်တိုစစ လေးတွေကို သတိရမိတော့။
ကျနော့်လွမ်းပါတယ်။

ဟိုးအဝေးးးးးးးးးက
ပြေးထွက်လာတဲ့သံစဉ်များ
ဘာမှန်းမသိ
ကျနော့်နားထဲမှာကြားနေမိတာကတော့
“လွမ်း တယ် လွမ်းတယ် လွမ်းတယ်” တဲ့
အဲဒါကလဲ ကျနော်ကိုလွမ်းစေပါတယ်။

မိုးမိပြီးစ
သစ်ပင်ကိုင်းဖျားမှာ
ငှက်ကလေးက နားလို့ခို
သစ်ရွက်အဖျားမှာ
ငွေရည်မိုးစက်တို့က
တွဲလွဲခို
သူနဲ့ခွဲ ခဲ့ရတဲ့နေ့ကလဲ
အဲသလို
သူ့ခေါင်းမှာမိုးစိုစို
ကျနော်ခေါင်းမှာမိုးစိုစို
အို ပိုလို့တောင်လွမ်းလာသလိုလို။

ခုတော့သူက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အဝေးဆီကိုပြေးထွက်
တစ်ယောက်တစ်နေရာ
ဆုံနိုင်ရန်ဝေးးးးးးးးးးးးးးးးးးးးးးးး
နေတဲ့သူ့ကို
သတိရတိုင်း
အောက်မေ့တိုင်း
တမ်းတတိုင်း
လွမ်းတိုင်း

“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်
“”တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်
“”တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်
“”တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”

သီချင်း ဆိုညည်းမိတာ
သူ့ကိုအပြစ်တင်တာမဟုတ်
ရင်ထဲက သတိရလွန်းလို့ပါ။
ဘာပြောပြော
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။

ကိုပေါက်လက်ဆောင်အဆွေူးပါးပါလေး

21-10-2013

15 comments

  • ဗုံဗုံ

    October 22, 2013 at 9:27 am

    ကန်ရေပြင်မြေနီလမ်း..ဒို့နဲ့ဝေး..
    စွယ်တော်ခုံပြာတမ်း..ဒို့နဲ့ဝေး….
    ယုံပါကွာ..အချစ်ဆုံးမင်းကို.ဒို့တော့သတိရနေမှာပါ… 😥

    Reply

  • sorrow weaver

    October 22, 2013 at 10:04 am

    ဦးပေါက်ကလွမ်းတတ်တယ်ဟ …အဟေးဟေး …ဒါ့ပုံ ကဝေကြီးက ကဗျာနဲ့လဲ လွမ်းတတ်သေး…အဟီး

    Reply

  • KZ

    October 22, 2013 at 10:53 am

    မင့် မှာလည်း မြေးတွေနဲ့
    နာ့ မှာလည်း အကြွေးတွေနဲ့။

    ဒါပေမဲ့ လွမ်းတယ်။
    :hint:

    Reply

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 10:57 am

    ဒီအပိုဒ်လေး အခိုက်ဆုံးဘဲဂျာ …


    မိုးမိပြီးစ
    သစ်ပင်ကိုင်းဖျားမှာ
    ငှက်ကလေးက နားလို့ခို
    သစ်ရွက်အဖျားမှာ
    ငွေရည်မိုးစက်တို့က
    တွဲလွဲခို
    သူနဲ့ခွဲ ခဲ့ရတဲ့နေ့ကလဲ
    အဲသလို
    သူ့ခေါင်းမှာမိုးစိုစို
    ကျနော်ခေါင်းမှာမိုးစိုစို
    အို ပိုလို့တောင်လွမ်းလာသလိုလို။

    အို .. အေးအေ .. အို …
    အိပ်ပါတော့ဆို …
    အိုးအို ……
    (ဒါက ကာရန် ထပ်ဖြည့်လိုက်ဒါ .. ဟီးးဟီးး)
    :mrgreen:

    Reply

  • TNA

    October 22, 2013 at 12:13 pm

    ဘူ့ကိုလွမ်းတာလဲဟင်။ မဒမ်ပေါက်ကအချစ်ဦးဆို :mrgreen:

    Reply

  • kyeemite

    October 22, 2013 at 1:18 pm

    ကျနော်လွမ်းသည်
    ရော်ရမ်း ရည်
    မျှော်မှန်းသည်
    အဖေါ်လှမ်းမမှီ :hint:
    ကိုပေါက်ရဲ့ လက်ဆောင်အဆွေူးပါးပါလေး ကိုခံစားသွားပါ၏

    Reply

  • alinsett

    October 22, 2013 at 1:51 pm

    လေးပေါက်ရဲ့ အလွမ်းကို ခံစားပြီး
    ကျွန်တော်လည်းးးလွမ်းသည်
    အော်
    ဘာပြောပြော
    လွမ်းဖူးပါသည်

    Reply

  • ရွှေမိုးတိမ်

    October 22, 2013 at 3:11 pm

    တကယ်တော့လဲ လွမ်းနေရတာကို က ရသတစ်ခုပေါ့ ။ ကျနော်လဲ လွမ်းပါသည် ။ ကျနော့် ကို ခွဲခွာသွားတဲ့ ကျနော်ချစ်ရသူတွေကို ….

    Reply

  • Mr. MarGa

    October 22, 2013 at 7:10 pm

    ရော်ရမ်း…..
    မျှော်ကာမှန်းလို့
    လွမ်းမိပါသည်
    တမ်းတ…..ရော်ရည်
    ဘယ်ဆီ ဘယ်လမ်း လျှောက်ကာစမ်းမည်
    အို…လွမ်းသည်။ တကယ်လွမ်းသည်။

    Reply

Leave a Reply to sorrow weaver Cancel Reply

Your email address will not be published.