မကွေးမှာ အုတ်သဲကျောက် ရောင်းမလောက်သဖြင့် နေပြည်တော်နှင့် နတ်မောက်မှ မှာယူနေရ….

Thiha Phone MoOctober 15, 20131min04

မကွေးမြို့ရှိ အုတ်လုပ်ငန်းများမှာ မိုးရာသီဖြစ်၍ ခြောက်သွေ့မှုနည်းသောကြောင့် အုတ်အော်ဒါ အမှာစာများကို အရောက်ပို့နိုင်ခြင်း မရှိသဖြင့် နတ်မောက်၊နေပြည်တော်တို့မှာ မှာယူသုံးစွဲကြရ သည်။ဆောက်လုပ်ရေး လုပ်ငန်းများ မကွေးမြို့တွင် အဆမတန် များပြားတိုးချဲ့လျှက် ရှိသဖြင့် အုတ်ရောင်းသူ များမှာ လက်မလည်ကြပါ။ရေမြောင်းများ ပြုလုပ်ခြင်း အဆင့်မြင့် (၃) ထပ်တိုက် ဈေးသစ်ကြီး တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာတိုက်ခန်းများ ဆောက်လုပ်ခြင်း ၊စစ်တပ် အုတ်တံတိုင်းနှင့် တက္ကသိုလ် ကျောင်းပတ်လည် အုတ်တံတိုင်းများ ဆောက်လုပ်ခြင်းများကြောင့် အုတ်အရောင်းအဝယ်နှင့်  သဲကျောက် အရောင်းအဝယ် သိသိသာသာ အရောင်းသွက်လျှက်ရှိသည်။လက်ရှိအုတ်ဈေးကွက်မှာ လိုသလောက်မရပါ။ မိုးရာသီ ဖြစ်၍ ခြောက်သွေ့မှု စံချိန်မမှီမှုများကြောင့် လက်အုတ်နှင့်စက်အုတ်များမှာ ဈေးတူတူနှုန်းထားပြီး ညှပ်ရောင်းလာကြ သည်။လက်အုတ်ဈေး ၆ဝ ကျပ် ၆၅ ကျပ် နှုန်း စက်အုတ်ဈေးလည်း တူတူပင်ဖြစ်ခဲ့ သည်။လက်ရှိအုတ်မရှိသဖြင့် လက်အုတ်နှင့်စက်အုတ်ဟူ၍ ရွေးမနေတော့ပါ ရှိတဲ့အုတ်များနှင့်ဘဲလုပ်ငန်းခွင့် အချိန်မှီ ပြီးနိုင်ရန် ဆောက်လုပ် နေကြရသည်။အုတ်ကားတစ်စီးလျှင် အုတ် (၃၀၀၀)ဆံ့ပြီးသည်။အုတ်ကျိုး တစ်ကျင်းလျှင် ၂ သောင်းနှုန်း ဈေးရှိ သည်။(၁၀)တန်ထင်းကားတစ်စီးလျှင် (၄)သောင်း (၆)ထောင်ကျပ် ဈေးပေးရသည့်အပြင် ထင်းကလည်း ရှားပါးကြောင်း အုတ်ဖုတ်သူဦးအာယုထံမှသိရှိရသည်။

          မြေနီကား သဲကျောက်ပါ တစ်စီး (၃ သောင်းမှ ၄သောင်း)အထိ၊ ရိုးရိုး မြေနီကား( ၂ သောင်း) သောင်ပြင်သလဲ ၁ဝ တန်ကားတစ်စီးလျှင်(၂၄၀၀၀) သဲကား ၂ ကျင်း ခွဲ ကားတစ်စီး (၃ သောင်း) တစ်ကျင်း ၁၂၀၀ဝ မှ ၁၄၀၀ဝ ထိ ဈေးပေါက်သည်။မြစ်ကျောက်စလစ် အထိုင် ၆ သောင်း အရောက်  ရ သောင်းခွဲ အလုပ်သမားခ  ၃၀၀ဝ ပါ ယခုလက်ရှိပေါက်ဈေးများဖြစ်ကြောင်း မကွေးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းများ များပြားလာခြင်းကြောင့် အုတ် သဲ မြစ်ကျောက် ရောင်းသူများ အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။

 

4 comments

  • San Hla Gyi

    October 15, 2013 at 2:03 pm

    မကွေး သတင်းထောက်များခင်ဗျာ
    သတင်းပို့စ် ရေးတာ လက်ခံပါတယ်။ ဒါပေမယ့် မကွေး သတင်းထောက်များ သာမန် သတင်းလေးတွေကို တပိုဒ်စီရေးပြီး ပို့စ်တွေ တင်နေမယ့်အစား တပတ်အတွင်း မကွေးသတင်းများ ဆိုပြီး သီးသန့်ပို့စ်တင်တာ ပိုကောင်းပါလိမ့်မယ်။ မကွေးမြို့စွန် မြသလွန် စေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော် သတင်းနဲ့ သမိုင်းအကျဉ်းလေးပါ ရေးပြီး ဖတ်လို့ ကြည့်ပျော် ရှုပျော် ဖြစ်အောင် ရေးကြပါ။ အခု မကွေး သတင်းထောက်တွေ လုပ်ပုံက နောက်ဆို အိမ်နားက ကုန်စုံဆိုင်မှာ ပစ္စည်းမစုံတာလည်း သတင်းပို့စ်တခု အနားက မိန်းမကြီးနှစ်ယောက် ရန်ဖြစ်ကြတာလည်း ပို့စ်တခု ဖြစ်လာပါတော့မယ်။
    သဂျီးဆိုက်ဒ်က အခုမှ စုံတာပဲ။ အခြောက်ရော အကြမ်းဖက်သမားရော စုံစီနဖာ အကုန်ရေးတဲ့ သတင်းထောက်တွေရော။

    Reply

  • alinsett

    October 16, 2013 at 7:44 am

    သတင်းနဲ့တူသော သတင်းများလည်းးးးး
    ဖတ်ချင်ပါသေး၏

    🙂

    Reply

  • ကထူးဆန်း

    October 16, 2013 at 12:04 pm

    အုတ်မလောက် ကျောက်မလောက် ကတော့မြန်မာပြည်တစ်လွှားဖြစ်နေပါပြီ … အင်းလေးမှာလည်း ထိုနည်း၎င်း .. ပုဂံမှာလည်း ဖြစ်ဆိုတော့ ရွာသူားတွေ အုတ်ရိုက်စက်ထောင်သင့်နေပြီထင်တယ်.. အင်တာနက် ဆိုင် အစားလေ ..တနင်္ဂနွေ နာမ် ခြင်းဘဲ နော် :harr:

    Reply

    • TNA

      October 16, 2013 at 12:33 pm

      ကဲမန်းဂေဇက် အုပ်အဲကျောက်ဒိုင်နဲ့ အုပ်ရိုက်စက်ဆိုပြီးထောင်လိုက်ရအောင်။ ညန်မာပြီတဝှန်းလက်လီလက်ကားဖြန့်တီဆိုပီး

      Reply

Leave a Reply

Your email address will not be published.