ရင်ခုန်ရတဲ့နေ့

Mon LayDecember 10, 20211min00

လတစ်လရောက်လို့ အဲ့နေ့ရောက်ရင် ရင်ကအခုန်ရဆုံး ကိုဖြစ် မိတာ..အရင်ဆို သူများ ၀န်ထမ်းလုပ်တုန်းကပေါ့ တခါမှရင်မခုန်ခဲ့ဖူးဘူး။ အခုကျတော့ ကိုယ်ပိုင်လုပ်ငန်းတာ (၁)နှစ် ကျော်ပြီ။ လကုန်ရက်ပြီး နောက်လ (၁)ရက်နေ့ဆို အရမ်းရင်ခုန်ရတယ်။ ဘာလို့ လဲဆိုတော့ တစ်လဘယ်လောက် အမြတ်၀င်ငွေရ လဲ..တွက် ရလို့ပဲ ဖြစ်ပါတယ်။တစ်လကိုဘယ်လောက်မြတ်ရမလဲဆိုပြီး target ထားပြီး ကြိုးစားရှာ တယ်။ ၀န်ထမ်းဘ၀က ရခဲ့တဲ့ လစာကိုအနည်းဆုံးထားပြီး အများဆုံး ရှာနိုင်သလောက်ရှာတယ်။ အခုထိလည်း ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ အားစိုက်လို့ နဲ့ တစ်လ တစ်ခါ ပြန်ပြီး အလှူ လုပ်လို့လားတော့ မသိ..၀န်ထမ်းလစာ ထက် များ များစီ ပိုရတယ်။ ကျေနပ်ပါတယ်။ အရင် ကတည်းက ကိုယ်ပိုင်လုပ်ငန်း လုပ်ခဲ့ရင် ကောင်းမှာပဲလို့ တက်မိတဲ့လောဘကို မနည်းထိန်း ထားရ တယ်…ဘာပဲလုပ်လုပ်အချိန်တန်မှ အောင်မြင်နို်င်မှာပါ။ အရေးကြီးဆုံးက ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ ကိုတော့ ဘယ်တော့မှမေ့လို့မဖြစ်ပါလို့ ပြောချင်ပါတယ်။ ကဲ..ဒီစာရေးနဲ့ပဲ..နောက်ထပ်တိုက်ပွဲလေးတွေ လတစ်လရဲ့ လဆန်းဆို တိုက်နေကျမို့ ဆက်တိုက်မို့ ကြိုးစားအားထုတ်လိုက်ပါဉီးမယ်။ သင်တို့ရော??

ချစ်တဲ့မွန်လေး

Leave a Reply

Your email address will not be published.