ယုယနှင့် သူရ တို ့အကြောင်း….

kaiFebruary 22, 20101min05

ဒီနေ့ (Discovery TV Channel )တီဗီက ကင်းတပ် (King Tut)အကြောင်းကြည့်နေမိတာပါ။ အဲဒီမှာမိဖုရားပုံတချို့ကို အီဂျစ်ခေတ် အဝတ်အစားတွေနဲ့ သရုပ်သဏ္ဍန်လုပ်ပြ သရုပ်ဆောင်တာလည်းပါပါတယ်
ကြည့်ရင်းနဲ့ မျက်ခုံးမျက်လုံးကောင်းတဲ့ ဗမာမလေးတွေနဲ့ အဲဒီအီဂျစ်တွေက တူသားပဲ စဥ်းစားမိနေတုံး ( King Tut)ရဲ ့( Family Tree)ဆွဲပြရောဆိုပါစို့။
နည်းနည်း အံ့ဩသွားမိပါတယ်။ အဖိုးအဖွားတွေက ယုယ(Yuya)နဲ့ သူရ (Thuya)ဆိုပဲ။

အောက်ကလင့်မှာကြည့်ပါ။
http://heritage-key.com/site/kv46-tomb-yuya-and-thuya
အံ့ဖွယ်သုတပါပဲနော။(King Tut)ရဲ့ အမေကို ဒီအန်အေကတဆင့် မံမီတွေထဲက တိတိကျကျရှာဖွေတွေ့ရှိကြောင်းလေးလည်း ပါပါတယ်။
ဒီခေတ်ဒီအခါမှာ ဒီအန်အေကတဆင့် မျိုးရိုးဗီဇကို လိုက်လို ့ရသလို။ ပစ္စည်းအသုံးအဆောင်တွေ။ ရုပ်ကြွင်းတွေကနေ ဘာရောဂါနဲ့ကွယ်လွန်တယ်။ ဘာဖြစ်သွားတယ်လည်း သိရှိနို်င်ကြပါပြီ။
အဲဒီလိုဆိုတော့ ဒီကိစ္စတွေဖြစ်တာ နှစ်သိပ်မကြာဖူးလား ထင်မိလောက်မှာပါ။
အဲဒီ(King Tut)က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃၀ဝ လောက်က အီဂျစ်ပြည်ကဘုရင်ဆိုပါသတဲ့။ ဗုဒ္ဓ ပွင့်တော်မူတာက လွန်ခဲ့တဲ့ နှစ် ၂၆၀ဝလောက်ကပါဆိုတာကိုသတိားမိပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို ့ပါ။

အောက်မှာ (The Voice)ကဘာသာပြန်သတင်းကို ကူးတင်ပေးလိုက်ပါတယ်။ အဲဒါလည်း ဆက်စပ်စဉ်းစားရင်း မုန်တိုင်းဆင်နိုင်ကြဖ်ု ့ပါပဲ။ မြန်မာပြည်က ဘိုးဘိုးအောင်တို ့။ ဘုရင်နောင်တို ့၊ ဗျတ်ဝိ၊ဗျတ်တအပါအဝင် ဘုရားသမိုင်း၊ စေတီသမိုင်းတွေ ပြန်လှန်ဖေါ်ထုတ်နိုင်ဖို ့ခေတ်သိပ်မဝေးတော့ဖူးလို ့ထင်မိတာပါပဲ။ ဒီခေတ်နည်းပညာတွေနဲ့လေ..။

အီဂျစ်ဘုရင် တူတန်ခမန် ငှက်ဖျားဝေဒနာဖြင့်နတ်ရွာစံကြောင်း DNAစစ်ဆေးမှုကဆို
ကိုင်ရ်ိိုု၊ု၊ ဖေဖော်ဝါရီ ၁ရ အီဂျစ်နှင့် ကမ္ဘာ့သမိုင်းတွင် ကျော် ကြားသော လူငယ်ဘုရင် တူတန်ခမန် သည် အရိုးပုံမှန်မဟုတ်သောဝေဒနာဖြင့် ချည့်နဲ့သွားပြီးနောက် ငှက်ဖျားရောဂါ ဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ¤င်း၏ မံမီရုပ်အလောင်းရှိ ီဗြ ကို စစ်ဆေး ၍ ပညာရှင်များက ပြောကြားကြ သည်။
အဆိုပါ ီဗြ စစ်ဆေးသက်သေ ပြချက်ထွက်ပေါ်လာခြင်းကြောင့် ဘုရင် တူတန်ခမန်၏ သေဆုံးမှုမှာ လုပ်ကြံခံရ ခြင်းမဟုတ်ကြောင်း အခိုင်အမာပြောဆို နိုင်ခဲ့သည်။ အသက် ၁၉ နှစ်အရွယ်ရှိ ဖာရိုးဘုရင်လေး၏ ရုပ်အလောင်းကို သိပံ္ပပညာရှင်များက ၂ နှစ်ကျော်အချိန် ယူ၍ လေ့လာခဲ့ရကြောင်း ထိုသတင်းက ဖော်ပြထားသည်။ သက်သေအခိုင်အမာ မပြနိုင်သော ပါးစပ်ရာဇဝင်အချို့အရ ဘုရင်တူတန်ခမန်သည် စစ်ရထားမှောက် ရာမှ နတ်ရွာလားခဲ့ရခြင်းဖြစ်ကြောင်းဆို ထားပြီး အချို့က ပြစ်ဒဏ်ဖြင့်သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း မှန်းဆထားကြသည်။
¤င်း၏နောက်တွင် အမွေစားအမွေခံထား ခံနိုင်ခြင်းမရှိသောကြောင့် တစ်မိသားစု လုံးသေဆုံးရသည့်ရောဂါတစ်ခုကြောင့် လည်း ဖြစ်နိုင်သည်ဟုမှန်းဆထားမှု လည်းရှိသည်။ သို့သော် တူတန်ခမန်ဘုရင်၏ အနွယ်တော် ၁ဝ ဦးခန့်၏ ရုပ်အလောင်း များကို စစ်ဆေးကြည့်ရာ အဆိုပါ လက္ခဏာမျိုးမတွေ့ရသဖြင့် အီဂျစ်ရှေး ဟောင်းသုတေသနအကြီးအကဲ ဒေါက် တာဇာဟီဟာဝက်စ်က ယင်းအဆိုကို ငြင်းပယ်ထားသည်။ ဘုရင်တူတန်ခမန် ၏ အသုံးအဆောင်ပစ္စည်းများတွင် တုတ်ကောက်များတွေ့ရှိရသောကြောင့် မသေဆုံးခင်ခြေထောက်အသုံးပြုရာ၌ ပြဿနာရှိခဲ့ပုံရကြောင်း ¤င်းတို့ကတွက် ဆကြသည်။ ”ရုတ်တရက်ခြေထောက်ရိုးကျိုးတဲ့ ပြဿနာဟာ ငှက်ဖျားရောဂါဝင်လာတဲ့ အခါ အသက်အန္တရာယ်အထိ ခြိမ်းခြောက် လာခဲ့နိုင်ပါတယ်” ဟု ဒေါက်တာ ဟာဝက်စ် ကဆိုသည်။ လီဗာပူးလ်တက္ကသိုလ်မှ ရူပမနုဿဗေဒပညာရှင်ဒေါက်တာ ဘော့ကွန်နီလီက တူတန်ခမန်သည် ယာဉ် ရထားပေါ်မှ ပြုတ်ကျခြင်းသာဖြစ် လောက်မည်ဟု ခန့်မှန်းထားသည်။

5 comments

  • susunosuki

    April 19, 2010 at 8:32 am

    တိုးတက်လာတဲ့နည်းပညာတွေကတော့ အံ့မခန်းပါပဲ
    ဒါဆိုရုပ်အလောင်းသာတွေ့စေ ပါးစပ်ရာဇဝင်ဆိုတာပျောက်မှာပေါ့

    Reply

  • kai

    May 17, 2010 at 10:34 pm

    ယေရှုခရစ်တော် လက်ဝါးကပ်တိုင်အတင်ခံရပြီး ရုပ်ကြွင်းကို ညရောက်တော့ တယောက်ယောက်က ယူပြီးဂူထဲထားပါတယ်။
    အဲဒီမှာ ရုပ်ကြွင်းတော်ကို အဲဒီခေတ်ထုံးစံအတိုင်း ဖျဉ်အဝတ်စနဲ့ပါတ်ထားတယ် ဆိုပါတယ်။
    အဲဒီသွေးကွက်တွေစွန်းထင်းနေတဲ့ ဖျဉ်အဝတ်စကို အဆင့်ဆင့် လက်ဆင့်ကမ်းသိမ်းဆည်းခဲ့တာ ဒီကနေ့အထိ ဆိုပါတော့..။
    http://en.wikipedia.org/wiki/Shroud_of_Turin
    ွှအဲဒါ ပြီးခဲ့တဲ့လက ခရစ်တော်ရုပ်ပုံလွှာ ပုံဖေါ်ဖို ့အတွက်လုပ်တဲ့စမ်းသပ်မှုတွေအကြောင်း History Channel တီဗီမှာပြတာ ကြည့်ရပါတယ်။ လိုအပ်တဲ့ အဲဒီဖျဉ်စကို သိမ်းဆည်းထားတဲ့ အီတလီကဘုရားကျောင်းတော်ကလည်း ထုတ်ပေးပါတယ်။ အနားစကို ဖြတ်တောက်ပြီး ကာဗွန်သက်တန်းစစ်ဖို့လည်း ခွင့်ပြုပါတယ်။
    အဝတ်စမှာ စွန်းနေတဲ့သွေးကွက်တွေကနေ မူလမျက်နှာတော်ပုံစံ ပြန်ဖေါ်ကြတာပါ။ ချည်မျှင်တခုစီမှာ သွေးစွန်းနေတာကို ကွန်ပျူတာထဲထည့် သရီးဒီဆော့ဖ်ဝဲတွေနဲ့ ပုံဖေါ်တာ မြင်ကြရပါတယ်။
    စမ်းသပ်ဓါတ်ခွဲကြရင်းနဲ့ ..အဲဒီချည်ဖျင်စဟာ ခရစ်တော်ခေတ်လက်ဝါးကပ်တိုင်တင်ခံရတဲ့ အချိန်က မဟုတ်ကြောင်း၊ AD1260 ကနေ AD1390 ကြားလောက်ကဖြစ်ကြောင်းပါ စမ်းသပ်တွေ့ရှိသွားပါတယ်။
    ခရစ်ယန်တွေရဲ့ ဘာသာတရားယုံကြည်မှုနဲ့ သိပ်ပံနည်းပညာ၊လက်တွေ့ကျမှုတွေ အံ့ဩစရာကောင်းလှကြောင်း ပြောချင်တာပါ။

    ကဲ..
    ဒို့မြန်မာတွေကရော…။ ပျူ၊ပုဂံ၊တကောင်းရာဇဝင်တွေ။ ဘုရားသမိုင်းတွေ သိုက်ဇတ်လမ်းတွေ စစ်ဆေးကြည့်ဖို ့မလိုဖူးလား။

    http://www.dailymail.co.uk/news/worldnews/article-1262317/Shroud-Turin-reveals-face-Jesus-History-Channel-artists-claim.html

    Reply

  • marnat

    July 13, 2010 at 2:05 pm

    တိုးတက်မှုတစ်ခုပေါ့

    Reply

  • doekalay

    October 6, 2010 at 9:02 am

    ခေတ်ကအရင်ကနဲ ့မတူတော ့တော်တော်ကြီးကိုလိုက်ယူနေရတယ်။

    Reply

  • cum min

    June 25, 2012 at 1:54 pm

    စိတ်ဝင်စားစရာပဲ

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.