ကာရံ ပျောက်သော ဒီည

ကာရံMay 13, 20131min04

ချစ်တယ်ဆိုတာတဲ့စာသားတွေအောက်မှာ ငါဘယ်လောက်များ အိပ်ပျော်မိခဲ့ပြီလဲ လူတစ်ယောက်ကိုချစ်တာ တစ်ခါတစ်လေ ငါ့ရင်တွေ နစ်လောက်အောင်ကို မောပန်းလှတယ်ချစ်သူ မုသားလေလား ငါကျေနပ်တယ် အခုသူကလေ ငါ့ကိုသိပ်ချစ်တယ်တဲ့ မသိစိတ်က အလိုလိုဦးညွန့်လိုက်တဲ့နှလုံးသားလေးလဲ ဖူးငုံပွင့်စပန်းပမာ ရနံ့တွေကြွယ်နေတုန်းပေါ့ ကာရံလေးတွေအောက်မှာ ပျော်မြူးနေတဲ့ ငါ့ဘဝလေးက အခုဆိုရင် မင်းအချစ်တွေနဲ့ ကဗျာလေးတွေ တည်ဆောက်ခဲ့တာ အမိုးအကာစုံလောက်ပြီနော် အခန်းဖွဲ့ဖို့အတွက် မင်ပေးမယ့် မေတ္တာတရားနဲ့ သစ္စာတရားကို ငါယနေ့တိုင် စောင့်မျှော်နေစဲပါချစ်သူ………………………..

ချစ်သူ့ရင်ခွင် ပွင့်လန်းသည့်ပန်း

အနမ်းခြွေလှမ်း ခူးရန်ခက်လှ

ပင်မြင့်ပန်းဘဝ ထိုက်သူရမို့

အဝေးကမျှော် တွေးစကာရူး

လေပွေမြူးသည့် ဆောင်းပန်းချီတစ်ချက်

ဆေးစက်မသေချာ အိပ်မက်လေးထဲ နစ်မြောမိတာ

ချစ်မိသူရဲ့ ရင်ထဲမှာ  မင်းကိုချစ်တာ ပေးဆပ်ခြင်းပါ

                            ပိတောက်မိုး

4 comments

  • မောင် ပေ

    May 13, 2013 at 7:48 pm

    ကာရံပျောက်
    နှာသံပေါက်
    ကြာဇံသောက်
    မြာဖန်နောက်
    ဆာကန်ကြောက်

    Reply

  • ရွှေ ကြည်

    May 13, 2013 at 8:23 pm

    ပေးဆပ်ခြင်းတဲ့လား 😆 ကဗျာတွေပျောက်နေတယ်လိုု့တွေးနေတာ အခုတော့ပုံမှန်လက်အတိုင်းပဲ ပြန်တွေ့နေရပြီကိုး လက်ရည်တွေတက်လာပါလား :harr:

    Reply

  • padauk moe

    May 13, 2013 at 8:30 pm

    ဟုတ်မရွှေကြည် မအားလို့မရေးဖြစ်တာပါ အရင်အတိုင်းပါဘဲဗျာ

    Reply

  • မင်းကိုချစ်တာ ပေးဆပ်ခြင်းပါ … တဲ့လားဗျ …
    ဒီလိုပါပဲ ..
    အချစ်ဆိုတာ ပေးဆပ်ခြင်း လည်း ဖြစ်ချင် ဖြစ်တတ်တယ် ..
    ရယူခြင်းလည်း ဖြစ်တတ်တယ် ….
    ချစ်တဲ့လူ အပေါ်မှာ မူတည်မှာပေါ့နော့ …
    ကဗျာလေး ကောင်းတယ်ဗျာ ….

    Reply

Leave a Reply to မောင် ပေ Cancel Reply

Your email address will not be published.