နှိုင်းယှဉ်မိခြင်း

manawphyulayJuly 26, 20101min02

အချစ်တစ်ခုဟာ
ဟက်ဒစ်လို အသုံးဝင်ခဲ့ရင်
အကောင်းသား
တစ်ခါမကောင်း တစ်ခါ
ဖောင်းမတ်ရိုက်လို့ရရင်
အချစ်အဟောင်းဆိုတာလည်း
ဘယ်ရှိလာတော့မှာလဲ
လူငယ်တွေ ကွဲကြ
နောက်တစ်ယောက်ပြောင်းကြဆိုတဲ့
မြင်သမျှ တွေ့သမျှအရာ နေရာတိုင်းမှာ
အဝေးက ငေးကြည့်ရုံနဲ့
စိတ်ညစ်ရ….
ငါသာ ဟတ်ဝဲသမားတစ်ယောက်ဆိုရင်
အခမဲ့ ကူညီချင်မိပါရဲ့….
အချစ်ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းမရဘူးဆိုတာ
ခုတော့ ငါ စဉ်းစားမိပြီ…
ကွန်ပျူတာလောက်တောင်
အသုံးမဝင်တဲ့အရာကို
ငါလေ
ဝေးဝေးကပဲ ရှောင်တော့မယ်…

ရေးသူ- မနောဖြူလေး

2 comments

  • ghost

    July 26, 2010 at 5:34 pm

    အချစ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ လို့ထင်ပါတယ် software နဲပိုနီးဆပ်မလားဘဲ hardware ကတော့
    ရုပ်ပိုင်း ပေါ့လေ software ဆိုတော့ version အသစ်ထွက်ရင် အဟောင်းတွေ သွားတော့ဘဲ
    အဲ hardware လိုက်နိုင်ရင် ပေါ့လေ မလိုက်နိုင်ထဲ ကျွန်တော့လို old hardware ကတော့ ရဲရဲ သာ
    ခံပါ စွန့်ပစ်ချင်းကို။

    Reply

  • khinmintatthu

    July 26, 2010 at 7:48 pm

    အချစ်ဆိုတာ ကွန်ပျူတာလောက်တောင် အသုံးမဝင်တော့ဘူးဆိုတာ တကယ်လားဟင်… မနောဖြူလေး

    Reply

Leave a Reply

Your email address will not be published.