ရန်ကုန်မြို့သည် ဘယ်နေတွင် တည်ရှိနေပါသနည်း။

manawphyulayJuly 26, 20101min04

ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်၊ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ အရင်တုန်းကပါ။
ခု ဟုတ်တော့ဘူး။
လတ္တီတွဒ် မြောက် ၁၆ ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ံ ၁ဝ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို
ဝင်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့
ဆက်သွယ်ရေးလည်း ကောင်းတယ်။ နောက်ပြီး မြို့ရဲ့မြောက်ဖက် ၁၁ မိုင်မှာ ခေတ်မီလေယာဉ်စခန်းရှိခြင်းကြောင့်လည်း ပိုပြီး ထင်ရှားတယ်။
စီးပွားရေးလုပ်ရာမှာလည်း တော်တော်ကို အဆင်ပြေပြီး သွားလာရေးလည်း လွယ်ကူအဆင်ပြေတယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ကို အများက
မြန်မာနိုင်ငံရဲ့ တံခါးမကြီးသဖွယ် ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာဌာနလည်း တစ်ခုဖြစ်တယ်လို့ ပြောကြတယ်။
မိတ်ဆွေကော ဘယ်လိုမြင်လဲ။

4 comments

  • ghost

    July 26, 2010 at 6:17 pm

    ခုတော့ မြန်မာနိုင်ငံ ရဲ့ ခွေးတိုးပေါက် ပါ တခါးမကြီးကို တခြားသွားထားတာကို

    Reply

  • zawana

    July 26, 2010 at 9:21 pm

    ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံမှာ ရန်ကုန်ထက် အချက်အချာကျမဲ့ နေရာကို မစဉ်းစားမိပါဘူး။ လမ်းပန်းဆက်သွယ်ရေးအပြင် လူတွေအတွက် လိုအပ်တဲ့ ရေရရှိနိုင်တဲ့ အရင်းအမြစ်တွေလည်း အများကြီးရှိပါတယ်။ သဘာဝ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတာလည်း နည်းပါတယ်။ ရန်ကုန်က အခုလို မြို့ကြီးပြကြီး ဖြစ်လာတာဟာလည်း ခိုင်လုံတဲ့ အကြောင်းရင်းရှိတဲ့အတွက် ဖြစ်လာတာပါ။ ဟိုးအရင်ခေတ် တွေကတည်းက လူတွေဟာ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ အခြေချတတ်ကြတာပါ။ လူနေထူထပ်တဲ့ မြို့တိုင်းဟာ နေလို့ထိုင်လို့ ကောင်းတယ်လို့ မဆိုနိုင်ပေမဲ့ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတဲ့ နေရာမျိုးကို လူတွေ ပြောင်းရွှေ့လေ့ မရှိပါဘူး။

    Reply

  • kai

    July 26, 2010 at 10:37 pm

    ယူအက်စ်ဆိုပါတော့..။
    ဝါရျင်တန်ကမြို ့တော်ဖြစ်ပေမဲ့ နယူးယောက်၊ လော့စ်အိန်ဂျလိစ်တို့လောက် လူမစည်ပါဘူး။ စီးပွားရေးအရလည်းအချက်အချာမကျပါဘူး။ အစိုးရရုံးစိုက်ပြီး အိမ်ဖြူတော်ရှိတာမို ့တာမို ့မြို ့တော်ဖြစ်ပေမဲ့ မစည်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းလည်း လူတွေသွားမနေကြပါဘူး။
    ပြည်နယ်တွေလည်း ဒီအတိုင်းပါပဲ။ ကယ်လီဖိုးနီးယားပြည်နယ်မြို ့တော်ဆို သိတောင်သိကြပါသလား။ လော့စ်အိန်ဂျလိစ်မဟုတ်သလို ဆန်ဖရန်စစ်စကိုလည်း မဟုတ်ပါဘူး။
    ပြောချင်တာက…
    ရန်ကုန်မှာသာဆက်နေပါ။ မန်းလေးမှာနေကြပါ။ အဲဒီမြို ့ကြီးတွေရဲ့သမိုင်း၊ ကြီးကျယ်ခန်းနားမှု နောင် ၁ဝစုနှစ်ပေါင်းများစွာအထိ ကျသွားစရာအကြောင်းမရှိဘူးဆိုတာပါပဲ။
    ရန်ကုန်ဟာ မြန်မာပြည်ရဲ့အသည်းနှလုံး…ရန်ကုန်ပဲဖြစ်နေဦးမှာဆိုတာ….ယနေ့မှစပြီး…နောင်အနှစ် ၁၀ဝ တိုင်အောင် အာမခံပါကြောင်း..

    Reply

  • manawphyulay

    July 27, 2010 at 3:21 am

    ဒါဆိုရင် ရန်ကုန်မြို့ကြီးမှာ မွေးပြီး ကြီးပြင်းတဲ့သူအတွက် ဂုဏ်ယူစရာ ဖြစ်နေမှာပေါ့နော်…..

    Reply

Leave a Reply

Your email address will not be published.