ဝက်တုပ်ကွေး တမျိုးသားလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ရောက်ရှိ

kaiOctober 25, 20091min03

ObamaH1N1 ဝက်တုပ်ကွေး ရောဂါ ကို တမျိုးသားလုံးဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် သမ္မတ အိုဘားမား က ၂၄ အောက်တိုဘာ နေ့စွဲနဲ့ကြေညာလိုက်ပြီဖြစ်ပါတယ်။ ယခုုကဲ့သို့ ကြေညာချက်အရ ်
ပြည်နယ်အသီးသီးကဆေးရုံများဟာ တင်းကြပ်စွာသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရာမှာ အခြေအနေပေါ်မှာ မူတည်ပြီး ကင်းလွတ်ခွင့်များစွာရရှိသွားကြပါတယ်။
ဝက်တုပ်ကွေး ကပ်ရောဂါကြောင့်အမေရိကန် ပြည်ထောင်စုမှာ လူ ၁,၀၀ဝ ကျော် သေဆုံးခဲ့ပြီး လူနာ ၂၀,၀၀ဝ ကျော် ဆေးရုံတင်ခဲ့ရပြီးဖြစ်ပါတယ်။
အယ်လ်အေမြို ့မှ ဆေးခန်းတခုအားမေးမြန်းကြည့်ရာ ယခုလပိုင်း ဝက်တုပ်ကွေးဖြစ်နေသူ သိသိသာသာ များပြားလာကြောင်း၊လည်း သိရှိရပါတယ်။

အောက်ပါစာကို ယခုလထုတ် သတင်းစာမှ ကောက်နှုတ်တင်ပြလိုက်ပါတယ်။
မေး။  ။ ဝက်တုပ်ကွေး(H1N1)ကာကွယ်ဆေးသည်မည်မျှစိတ်ချရသ နည်း၊
ဖြေ။   ။  မည်သည့်ကာကွယ်ဆေးကမျှ ၁၀ဝရာခိုင်နှုန်း ကာကွယ်မှုမပေးနိုင်ပါ။
အမေရိကန်ပြည်ထောင်စုတွင်၂၀၀၉ခုနှစ် အောက်တို ဘာလဆန်းမှ စတင်ထိုးပေးနေသည့်ဝက်တုပ်ကွေး(
(H1N1)ကာကွယ်ဆေးကိုဆေးစမ်းကာလ၌သတင်းထောက်များအပါအဝင်လူကြီးက
လေးပေါင်းတသောင်းမှတသောင်းခွဲတို့အားစမ်းသပ်ထိုးပေးခဲ့ရာ အသေအပျောက်မရှိပဲမည်သူမျှဘေးထွက်ဆိုးကျိုးဆိုးဝါးစွာမခံစားရကြောင်းသိရသည်။
ဝက်တုပ်ကွေး
(H1N1)ကာကွယ်ဆေးထိုးသူ ပေါင်းတသိန်းတွင်လူ၂ဦးက Side Effects (ဘေးထွက်ဆိုးကျိုး)ခံစားခဲ့ရကြောင်းသိရ သည်။

အမေရိကန်ပြည်ထောင်စုနေ မြန်မာများလည်း မမေ့မလျှော့ ဝက်တုတ်ကွေးအတွက် ကာကွယ်ဆေးသွားရောက်ထိုးကြပါရန်ရွာဆော်ကြီးလုပ်တိုက်တွန်းလိုက်ရပါတယ်။
သွားရမယ့်နေရာ။အချိန်တွေအတွက် အောက်ပါဝက်ဘ်ဆိုက်မှာ စစ်ဆေးကြည့်ကြစေလိုပါကြောင်း..။

http://flu.gov/

=====

မကြာမှီလတွေမှာ ဝက်တုပ်ကွေးဟာ အရှေ ့တောင်အာရှနိုင်ငံတွေဖက် ဆိုးဝါးစွာ ပြန်နှံ ့ရောက်ရှိပြီး အရေးပေါ်အခြေအနေ ဦးတည်မယ် ထင်ရပါတယ်။
သိကြတဲ့အတိုင်း မြန်မာပြည်အတွက် လောက်ငှသော ဝက်တုပ်ကွေး ကာကွယ်ဆေးများ ရောက်ရှိသုံးစွဲနိုင်မည်မထင်ပါ။
တိုင်းရေးပြည်ရေး လုပ်နေကြတဲ့ နိုင်ငံရေးအဖွဲ ့အစည်းများနဲ့ အန်ဂျီအို၊ အန်ပီအို၊ လူမှုရေးအဖွဲ ့အသင်းများအနေနဲ့ ပထမနိုင်ငံတွေဆီက ကာကွယ်ဆေး အလှူခံသင့်လှပါတယ်။

အမျိုးသားရေးဖြစ်တာမို ့တက်တက်ကြွကြွနဲ့ “ဝိုင်း” ကြစေလိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာများကလည်း တတပ်တအားပါဝင်ပြီး အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဆီ အမိမြန်မာပြည်အတွက် ကာကွယ်ဆေးများ အလှူခံရယူပေးကြစေလိုကြောင်း …။
လူမှုရေး၊ ဘာသာရေးလုပ်နေတဲ့ အဖွဲ ့အစည်းများကလည်း အမိမြေမှ ကလေးများနဲ့ သက်ကြီးရွယ်အိုများ အတွက်လောက်တော့ အလှူခံ၊ပေးကြပါစေလိုကြောင်း..။

မန္တလေးဂေဇက်မှ အချိန်မနှောင်းခင် အထူး တိုက်တွန်းလိုက်ရပါကြောင်း..။

Photo:  Obama declares H1N1 a National Emergency
(AP Photo/Pablo Martinez Monsivais)

3 comments

  • mipukay

    November 5, 2009 at 7:45 pm

    ဝက်တုတ်ကွေး ကိုရေးပေးတဲ ့အတွက်ကျေးဇူး ပါဘဲ။
    ရောဂါခံစားရ စဉ်သိသာထင်ရှားတဲ့ ဝေဒနာတွေကို ဖော်ပြပေးနိုင်မလားရှင့် ။
    စိတ်ဝင်စားမိလို ့ပါ။

    ဒီမှာတော့ မတူတဲ့အအေးမိခြင်း ဖြစ်တိုင်း သို ့လောသို ့လောဖြစ်မိနေပါတယ်။

    Reply

  • susunosuki

    April 19, 2010 at 10:00 am

    ကျွန်တော်တို့ဆီမှာ မြန်မြန်ဆန်ဆန်ပြီးသွားလို့တော်သေးတယ်
    ဖွံဖြိုးဆဲ နိုင်ငံမို့ ဖြစ်လိုက်လို့ကတော့ ကွဲမှာပဲ

    Reply

  • moethiha

    May 22, 2010 at 9:07 am

    သတိပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လဲသတိပေးနိုင်ပါဦးလို့။
    အခုနည်းနည်းပါးပါးနဲ့ပြီးသွားလို့တော်သေးတယ်ဗျာ

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.