အိပ်မက်

marblecommetApril 22, 20131min08

နတ်တို့ စံပျော်ရာရေကန် ကို
ယုံမှတ်ပြီး …အဲဒီ ကမ်းပါးမှာ
မျှော်လင့်ခြင်းကို အတင့်ရဲမိတော့
ဒုက္ခဟာ…
လင်ပစ်မ တစ်ယောက်ရဲ့ ညည်းချင်း လို
ငါ့ တစ်ကိုယ်ရေ မိုးဦးလေဦး ထဲ
မုန်တိုင်းတွေပဲ မြူးထူးကခုန်သွားကြ…။


ဝေးလံခေါင်သီလွန်းတဲ့
တောင်တန်းကြီးရဲ့ နောက်ကွယ် က
ရွှေမြို့တော်မှာ
တစ်သက်လုံး ရှာနေခဲ့ရတဲ့
ငါ့ အလင်းတံခါးလေး ရှိမလား
ဆိုပြီးတော့….
ဖောင်ဖျက်မိုက်မှားမိပါတယ်
ရိုးရာပုံပြင်တွေပဲဖြစ်လို့…။


တစ်ခါတစ်ရံ
ချိုချဉ် အရသာလေး ကျွေးဖူးတဲ့
မေးထူးခေါ်ပြော ကံတရားကိုတောင်
မုန်းတတ်လာပါပြီ…။


အလည်လာသော မိတ်ဆွေရေ့….
ငါကလည်း သင်နဲ့အတူတူပဲဆိုတာ
မသိခဲ့တဲ့ စိတ်ကြီးဝင်မှုကို
ခွင့်လွှတ်ပါ…။ ။
22.4.2013
တနင်္လာ ညနေ
2-30

8 comments

  • အိမ်းးး
    ကံတရား မမုန်းမိအောင်
    ကောင်းမှု ကုသိုလ်တွေကို ဆောင်ထား ဒဂါဂျီး ကမ်းရဲ့ …
    ဟိုဒင်းတွေချည်း လှိမ့်ခွ ဆော်နေရင်ဒေါ့ဖင့် ကောင်းဝူးကွဲ့ ..
    ဟီးး :mrgreen:

    Reply

  • မိုးညပါဆိုနေမှ လေပူတွေတိုက်ရလား
    ဪကွယ်.. ကမ္ဘာကြီး ဟိုနေရာမှာ ပေါက်နေတယ်ဆိုလား
    ဒါကြောင့်ပူပေမပေါ့
    ငါ့ရင်ဘတ်ကြီးလဲ ဟောင်းလောင်းပေါက်နေတော့
    နည်းနည်းတော့ ပူပေမပေါ့။

    အလည်လာတဲ့မိတ်ဆွေရေ
    အလည်လာခြင်းဆိုမှတော့ မတည်မြဲခြင်းကို ဆောင်ယူလာတာပဲပေါ့
    မမြဲခြင်းအတွက်တော့ ဖိတ်ခေါ်မနေတော့ပါဘူး
    နေသာသလိုသာနေပါတော့
    အချိန်တန်လဲ မမြဲရဦးမှာပဲ။

    ဒီသင်္ကြန်…
    ရန်ကုန်မှာ ပိတောက်တွေ အံတုနေတယ်တဲ့
    သင်္ကြန်မိုးဆိုတာတောင် အတိတ်မေ့လို့
    ခေတ်လွန်နေတဲ့ မြို့ပျက်ညကြီးတွေထဲ

    ငါ့အိမ်မက်တွေ
    ရွှေပြည်တော်ကြီး မျှော်နေဆဲ။ ။

    (ရင်ဘတ်ကြီးနဲ့ ခံစားကြည့်မိပါကြောင်း)

    Reply

  • သူကလေး

    April 23, 2013 at 9:05 am

    တစ်ခါတစ်ရံ
    ချိုချဉ် အရသာလေး ကျွေးဖူးတဲ့
    မေးထူးခေါ်ပြော ကံတရားကိုတောင်
    မုန်းတတ်လာပါပြီ…။ ….

    ကြိုက်တယ်

    Reply

  • S@i S@i Fin K@i

    April 23, 2013 at 9:18 am

    ဝက်တို့ စံပျော်ရာ စားကျင်းကို
    ယုံမှတ်ပြီး .. အဲ့ဒီကမ်းပါးမှာ
    ဒုတ်ထိုးစားဖို့ အတင့်ရဲမိတော့
    ဒုက္ခဟာ…
    ဈေးဦးမပေါက်တဲ့ အကင်ဆိုင် ညည်းချင်းလို
    ငါ့ တစ်ကိုယ်ရေ တရုတ်တန်းထဲ
    ဝုန်းဒိုင်းကျဲလို့ မြူးထူး ကခုန်သွားကြ..။

    ဝေးလံခေါင်သီလွန်းတဲ့
    ရေကျော်ရဲ့ နောက်ကွယ်က
    ပုစွန်တောင်မှာ
    တသက်လုံး ရှာနေခဲ့တဲ့
    မောင်အေးကဖီးကဘိန်းမုန့် ရှိမှရှိပမလား
    ဆိုပြီးတော့ …
    တက်စီငှားလိုက်သွားမိပါတယ်။
    ကားခက သုံးထောင်တောင် ဖြစ်လို့ …။



    တစ်ခါတရံ
    လားရှိုးလိပ်ပြာဆိုင်မှာ ကျွေးဖူးတဲ့
    ဖိန့်ဖိန့်ဖောရှော ကံတရားကိုတောင်
    မချစ်တတ်တော့ပါ…။


    အလည်လာသော မိတ်ဆွေရေ့….
    ဘန်ကောက်ကစ်ချင်းက ဆစ်ဂနေချာနဲ့ မကွာဘုဆိုတာ
    မသိခဲ့တဲ့ စိတ်ကြီးဝင်မှုကို
    ခွင့်လွှတ်ပါ…။ ။
    23.4.2013
    အင်္ဂါ မနက်
    11-45

    Reply

  • မောင် ပေ

    April 23, 2013 at 9:07 pm

    ငါ့ဆံပင်တွေ ဖြူမတတ်
    စဉ်းစားအားထုတ်ပြီး
    ရှာထားရတဲ့
    ပိုက်ဆံ တွေဟာ
    ငါ့ကို ကျေနပ်မှု တစ်ခု ပေးပြီး
    ငါ့အိတ်ထဲက ခုန်ထွက်သွား….
    အူး အား ပြား ချပ် ချပ် ( ခရက်ဒစ် တူ ဘိုဘိုဟန် )

    Reply

  • Shwe Ei

    April 24, 2013 at 8:31 am

    အိပ်မက် ဆိုတော့ တကယ်မဟုတ်ဖူးပေါ့နော်….
    တခါတလေ အိပ်မက် မက်နေရတာမှ ပိုကောင်းတဲ့ကိတ်စ တေ ရှိတတ်ပါတယ်
    မမကမ်းရယ်…. :kwi:

    Reply

  • nay khin

    April 24, 2013 at 4:09 pm

    ဒို့ ကို တည့်တည့်ကြီးပြောနေသလိုပါပဲ လင်ကပြစ်ဖူး ဒို့ က ပြစ်ထားခဲ့တာ လင်တစ်မျိုးလုံးက ကောက်ရိုးပုံ
    စောင့်တဲ့ ဟိုဒင်းဖြစ်နေလို့

    Reply

  • အလင်း ဆက်

    July 20, 2013 at 3:24 pm

    လူငယ်တစ်ယောက် ရဲ့ သက်ပြင်းချ သံ ကို
    သက်ပြင်းချရင်းနဲ့ပဲ
    ဒီလူငယ်တစ်ယောက် ကြား သွားပါတယ်

    Reply

Leave a Reply to nay khin Cancel Reply

Your email address will not be published.