ခရေပင်လမ်းနဲ့ ခရေပန်း

zaw winApril 22, 20131min03

လမ်းထွက်လျှောက်မယ် သမီးလေးရယ်
ခရေပင်လမ်းဆီကွယ်
ခရေပန်းလေးတွေကောက်ကြမယ် လိုက်ခဲ့ပါလားကွယ်
ဟိုမှာတပွင့် ဒီမှာတပွင့်ရယ် တွေ့အောင်ရှာကြမယ်
မွှေးလှတဲ့ပန်းကလေးတွေရယ် ဘုရားလှူကြမယ်
မေမေကြိုက်တဲ့ ခရေပန်းကုံးလေးအတွက် တဝက်ဖယ်ထားမယ်
ဟိုမှာကြည့်စမ်း သမီးလေးရယ်
မီးခွက်ကလေးနဲ့ မိသားစုတစုရယ် ဝမ်းစာရှာကြတယ်
ပညာသင်ဆဲ ကလေးများရယ် မိဘကူကြတယ်။
ကြိုးစားရင်းနဲ့ ဘွဲ့ရတယ် ဂုဏ်ယူစရာဘဲကွယ်။

မင်းသုတ
18:30 P.M
22.4.2013

3 comments

  • ဒီကဗျာလေး ဖတ်မိတော့ …
    ဟိုတစ်ခါ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက ..
    ခရေပန်း ခူးထွက်တဲ့ ဒေါက်တာနဲ့ အဖိုးအို အကြောင်းကို
    သတိရလိုက်မိတယ်ဗျာ ….။
    ကဗျာလေး အားပေးသွားပါတယ်ဗျို့ …။

    Reply

  • ဦးကြောင်ကြီး

    April 23, 2013 at 10:04 am

    ခရေပန်း
    မကြွေနွမ်း
    ဂလေဖမ်း
    တစေ ္ဆနမ်း
    ဂွေရမ်း
    မြွေငန်း
    ရွှေဗန်း
    နေလှန်း..။

    Reply

  • Mr. MarGa

    April 23, 2013 at 6:52 pm

    အသံထွက်လို့တောင် ဖတ်သွားပါသဗျာ…………….. :hee:

    Reply

Leave a Reply

Your email address will not be published.