Green Agarwood မှ ပျိုးပင်များဈေးနှုန်း နှင့် စိုက်ပျိုးသူများသိရှိလိုက်နာရန်

Wai Aung Chan MyoJanuary 24, 20131min07

ပျိုးပင်များ ဈေးနှုန်းနှင့် ဝန်ဆောင်မှု

 

သစ်မွှေးမျိုးစေ့သည် နှစ်တစ်နှစ်၏ ဇွန်လပိုင်းတွင်သာ ရနိုင်သဖြင့် ပျိုးပင်ပေါက်များဝယ်ယူရာတွင် ကိုယ်ဝယ်ယူမည့် အချိန်ကာလပေါ် တွက်ချက်၍ ပျိုးပင်သက်တမ်းကို တွက်ချက်နိုင်သည်။ ပုံမှန်အားဖြင့် ပျိုးပင်သည် ၁နှစ်လျှင် ပျမ်းမျှ ၃ပေ ရှိသည်။ မျိုးတူသော်လည်း စိုက်ပျိုးပုံတူသော် သူ့ဗီဇပါလာသည့်ပေါ်မူတည်၍ ၁နှစ်သားပင်ဖြစ်သော်လည်း ၁ပေမှ ၅ပေခန့် အထိ အရွယ်မျိုးစုံဖြစ်နိုင်သည်။ ထို့ကြောင့် ပျိုးပင်ရောင်းသူများသည် အများအားဖြင့် ပေအလိုက် ပေါ်မူတည်၍ ရောင်းချကြ သည်။ တချို့မှာ ပျိုးအိတ်၏အမြင့်ပါထည့်တိုင်းသည်များကို ဂရုပြုပါ။ ကျနော်တို့ဆီမှပျိုးပင်များကို ပျိုးအိတ်မြေကြီးအပေါ်ပိုင်း မှစ၍သာ တိုင်းတာပါသည်။
တကယ်တမ်း အဓိက အပင်၏ကြံ့ခိုင်မှုမှာ အပင်အရပ်မြင့်ခြင်းသာမဟုတ်ဘဲ လုံးပါတ်တုတ်ခြင်းသည်လည်း အရေးပါသည်။ သို့သော် အသက်ကြီးပုများနှင့်တော့ မရောထွေးစေလိုပါ။ ထို့ကြောင့် ပျိုးပင်များ ဝယ်ယူရာတွင် အပင်မြင့်၍ လုံးပါတ်တုတ် သောအပင်များကို ရွေးချယ်ဝယ်ယူစေလိုပါသည်။ ပျိုးပင်ဈေးနှုန်းများမှာ-

၁ပေမှ     ၁ပေခွဲကြား    ၅၀ဝ ကျပ်

၁ပေခွဲမှ   ၂ပေကြား      ၈၀ဝ ကျပ်

၂ပေမှ     ၂ပေခွဲကြား   ၁၀၀ဝ ကျပ်

၂ပေခွဲမှ   ၃ပေကြား    ၁၃၀ဝ ကျပ်

၃ပေမှ     ၃ပေခွဲကြား   ၁၅၀ဝ ကျပ်

၃ပေခွဲမှ   ၄ပေကြား    ၁၈၀ဝ ကျပ်

၄ပေအထက်             ၂၀၀ဝ ကျပ် (၅ပေမှ ၆ပေအထိ မြင့်တတ်သည်။)

ပျိုးပင်များကို နယ်မှ မှာယူလိုသူများအတွက် ကားဂိတ်အရောက် ပျိုးသေတ္တာများဖြင့် သယ်ပို့ပေးနိုင်ပါသည်။ သို့သော် ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရာတွင် စရိတ်သက်သာသော်လည်း အထိအခိုက်အနာအဆာဖြစ်ပါက ပျိုးခြံနှင့် မသက်ဆိုက်ပါ။ ကားစီးလုံးငှားပြီး ပို့ဆောင်ပါက အပင်တစ်ထောင်အောက် မှာယူသူများမှာ သယ်ပို့ခကို မိမိတို့ဘာသာ ပေးဆောင်ရမည်ဖြစ်ပြီး အပင်တစ်ထောင်အထက် (အပင်ဆိုဒ် ၃ပေအထက်) မှာယူသူများအတွက် သယ်ပို့ခကို ကျခံစရာ မလိုပါ။

အပင်စိုက်ပျိုးရာတွင် အခက်အခဲရှိသူများအတွက်ကိုလည်း နယ်အရောက် လိုက်၍ နမူနာစိုက်ပျိုးပေးနိုင်ပါသည်။ သို့သော် ခရီးစရိတ်၊ စားစရိတ်ကို နယ်အဝေးပေါ်မူတည်၍ စိုက်ပျိုးသူဘက်မှ ကျခံပေးရပါမည်။ အကယ်၍ အပင်၃ထောင်အထက် ဝယ်ယူသူများကို ဝန်ဆောင်မှု(Free) ပေးနိုင်ပါသည်။

ပျိုးပင်များမစိုက်ပျိုးမီ

မိုးလေဝသကြေငြာချက်ပေါ်မူတည်၍ နှစ်တစ်နှစ်၏ မုတ်သုန်မိုး စမဝင်ခင်တစ်ပတ်အလို အပင်မြေပေါ်စစိုက်နိုင်လျှင် ပိုကောင်းပါသည်။

စိုက်ပျိုးမည့် အပင်အနဲအများပေါ်မူတည်၍ ကြိုတင်ပြင်ဆင်သင့်သည်များကို ဆောင်ရွက်ထားသင့်ပါသည်။ နမူနာအားဖြင့် အပင်ထောင်ချီစိုက်မည့်သူများအတွက် ဧပရယ်လ်လလောက်မှစ၍ မြေရှင်းခြင်း၊ ပဏ္ဍပ်ရိုက်ခြင်းတို့ပြုလုပ်၍ ကျင်းတူးခြင်း၊ မြေစာထည့်ခြင်းနှပ်ခြင်းတို့ကိုမူ မေလအကုန်မှန်း၍ အပြီးအစီးကြိုတင်ပြုလုပ်ထားသင့်ပါသည်။ ကျင်းတူးရာတွင် ပုံမှန်အားဖြင့် ၁ပေခွဲပတ်လည်၊ အနက်၁ပေခွဲ ဇလားပုံတူးရသော်လည်း စိုက်မည့်မြေမှာ မြေဩဇာညံ့ဖျင်းပါက လိုအပ်လျှင် ၂ပခွဲပတ်လည် အနက်၃ပေထိအောင် တူးရတတ်သည်။ အမှန်တကယ်မှာ ကျင်းသည် အပင်ထည့်ရန်မဟုတ်ဘဲ အပင်၏ အမြစ်အစာစားနိုင်ရန် ရေသောက်မြစ်ထွက်နိုင်ရန် မြေစာထည့်၊ ဆွပေးခြင်းဖြစ်သည်။ ပျိုးအိတ်များကို ဓားဖြင့် ခွဲယူရာတွင် အမြစ်မနာစေရန် သေချာခွဲယူ ကိုင်ဆောင်သင့်သည်။ မြေလုံးမကွဲစေရန်အတွက်လည်း သေချာဂရုစိုက်ရမည်။ ကျင်းအပေါ် မြေပြင်ညီပေါ်တွင် ပျိုးအိတ်ကိုတင်ပြီး ဘေးမှ မြေဆီများပြန်ဖုံးကာ ကုန်းပြေပြေသဏ္ဍာန် မြေဖို့ပေးရမည်။ မိုးရာသီတွင် ရေများ အပင်ခြေတဝိုက်မစိမ့်ဝင်စေရန် ရည်ရွယ်သည်။ သို့သော် နွေရာသီတွင် ရေထိန်းရန်လိုအပ်သဖြင့် အပင်ခြေ တစက်မြိတ်တဝိုက် ရေနေစေရန် ရေမြောင်းဖော်ပေးခြင်း၊ ရေထိန်းရန် ကောက်ရိုး၊ ဝါးရွက်၊ သစ်ရွက်များဖုံးပေးခြင်းတို့ကို ရာသီအလိုက်လုပ်ဆောင်ပေးသင့်သည်။ အသေးစိတ်အချက်အလက်များကို သစ်မွှေးပင်စိုက်ပျိုးခြင်း ခေါင်းစဉ်၌ ပြန်လည် ဖတ်ရှုပါ။

နယ်ဝေးမှ အပင်မှာသူများအတွက် အဓိကအရေးကြီးသောအချက်တခုမှာ အပင်များကို ချက်ချင်းမစိုက်မိစေခြင်းဖြစ်သည်။ ခရီးဝေးသယ်ဆောင်ရသည့်အတွက် အပင်များတွင် Transplantation ဟူသော stress ရနိုင်သဖြင့် ရောက်ပြီးပြီးချင်း မစိုက် ဘဲ  ၂ပတ်အကြာမှသာ မြေချစိုက်သင့်ပါသည်။ ထို့ကြောင့် နယ်မှ မှာယူသူများမှာ မေလအလယ်လောက်တွင် မှာယူသင့်ပေ သည်။ ယခုဖော်ပြပါ အကြောင်းအရာများကို မရှင်းလင်းပါက မေးလ်ပို့၍သော်၎င်း၊ ဖုန်းဆက်၍သော်၎င်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံတောင်းယူနိုင်ပါသည်။
နောက်ပိုင်း နည်းပညာ (up-to-date) များကို Facebook မှ သစ်မွှေးစိတ်ပါဝင်စားသူများအဖွဲ့တွင် ဝင်ရောက်၍ Download ယူနိုင်ပါသည်။ ထိုအဖွဲ့တွင် member ဝင်၍ လူအများဆွေးနွေးထားသည်များကို လေ့လာအကြံပြု ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

7 comments

  • Mobile

    January 24, 2013 at 5:54 pm

    သစ်မွှေးကိုစိတ်မဝင်စားပေမယ့် ဖတ်ရှု့လေ့လာသွားကြောင်းပါ။
    ကျွန်းပျိုးပင်နဲ့ ရာဘာ ပျိုးပင် ကောရနိုင်မလားခင်ဗျ။
    စိုက်ပျိုးနည်းစနစ် အကူအညီ ရယူလိုကြောင်းပါ။
    mobilemobile130@gmail.com မှာဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
    ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့် မေးလိပ်စာလေးပေးမယ်ဆိုလျှင်လဲအဆင်ပြေပါတယ်ခင်ဗျ။

    Reply

    • Wai Aung

      January 25, 2013 at 10:16 am

      ကျနော်က သစ်မွှေးတစ်မျိုးတည်းကိုပဲ ဇောက်ချလုပ်နေတာပါ။
      စိုက်ပျိုးနည်းစနစ်ကိုတော့ ပြန်ပြီးဝေငှလို့ ရပါတယ်။ သဘာဝဩဂဲနစ်နည်းပညာနဲ့ပတ်သတ်တာကိုတော့ Facebook မှ သစ်မွှေး စိတ်ပါဝင်စားသူများအဖွဲ့
      https://www.facebook.com/groups/GreenAgarwood/
      အဲ့ဒီ link မှာ ဝင်ပြီး လေ့လာနိုင်ပါတယ်။ ကျနော့် gmail address ကတော့ waiaungchanmyo@gmail.com ပါ။

      Reply

  • မောင်ပေ

    January 24, 2013 at 7:52 pm

    ကိုဝေအောင်ရေ
    ထုံးစံအတိုင်း ကူးသွားပါပြီနော
    ဒီနေ ့မနက်တောင် အသိ ချစ်မမတစ်ယောက် က သစ်မွှေးစိုက်ချင်တဲ့ ပုံမျိုးပြောလာလို ့
    တစ်ကယ်လုပ်မယ့်အချိန်ကြရင် ကိုဝေအောင့်ရဲ ့လိပ်စာ ဖုန်း နံပါတ် ပေးမယ်လို ့ပြောခဲ့သေး ။
    ကျေးဇူးပါပဲဗျို ့

    Reply

    • Wai Aung

      January 25, 2013 at 10:27 am

      ရပါတယ်ဗျာ ကျနော်က သိချင်သူတွေ ဂေဇတ်ကမိတ်ဆွေတွေကို အသိပေးတဲ့သဘောပါ

      Reply

  • ဦးကြောင်ကြီး

    January 25, 2013 at 10:50 am

    ဝေအောင်နဲ့
    ရွှေကြောင်
    လေဖောင်လို့
    ဂွေထောင်
    နေရောင်ပျို့
    ငွေဆောင်
    ဟေမောင်တို့
    ဇေနောင်..။

    Reply

    • Wai Aung

      January 25, 2013 at 11:11 am

      Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
      စာဖတ်တတ်တယ်ဆိုရင် နောက်နောင် သတိထားဆင်ခြင်ပြီး comment ပေးပါ။

      Reply

      • ဦးကြောင်ကြီး

        January 25, 2013 at 11:21 am

        စာဖတ်
        ငါမှတ်
        ကြာခွက်
        လာဆက်
        အာသွက်
        နှာနှပ်
        ခါထွက်
        ရာဖြတ်..။

        Reply

Leave a Reply to Wai Aung Cancel Reply

Your email address will not be published.