ရင်တွင်းဖွဲ့ ကာရန်

ရင်တွင်းဖွဲ့ ကာရန်

မုန်တိုင်းလွန့်လူး
ပုရစ်ဖူးတို့
ပျော်မြူးလေဟန် ဆောင်းလက်ကျန်…။
ငွေရောင်ပြန့်ပြူး
လွင်ပြင်ဦးမှာ
လွန်ကျူးစေကံ ဝေးသီလံ…။
ဖိတ်လျှံညဦး
လရောင်မြူးတို့
လင်းကူးချိန်တန်အရုဏ်မာန်…။
ရင်ဝယ်စိုက်ဆူး
နာကျင်စူးလို့
လွန့်လူးလှိမ့်ပြန် ညဥ့်နက်ယံ…။
ဆက်ရန်လွယ်ဘူး
အချစ်ရူးမို့
ဆိပ်လူးမြားဒဏ် ရင်ဘတ်ခံ…။
သေရည်သောက်ကြူး
ချာလည်မူးလို့
ညစ်ညူးတေးသံ ကြားရပြန်…။
တွေဝေယစ်မူး
ပေတေလူးလို့
ဖြတ်ကူးခက်ထန် လောကဓံ…။
လေပြည်သုတ်ဖြူး
စိတ်ဝယ်မြူးလို့
သည်းဦးပန်းထံ စာချွန်ပန်…။
သက်ပန်ရည်စူး
စံပယ်ခူးလို့
ဆုထူးကိုပန် မနက်ဖန်…။ ။

တောက ကိုရင်
၁၁.၀၉.၂၀၁၂

3 comments

  • mamanoyar

    January 10, 2013 at 2:50 pm

    ်ကိုရင်ရေ
    ကဗျာလာဖတ်သွားတယ်နော်

    Reply

  • အလင်းဆက်

    January 10, 2013 at 8:16 pm

    တကယ့် ကာရန်ပဲ….

    လေးစားစွာ..ဖတ်ရှု ခံစားမိပါတယ်..ကိုရင်…

    Reply

  • မောင်ပေ

    January 10, 2013 at 9:37 pm

    ဆုထူးကိုပန်
    သူ ့ဒူးတိုကန်
    လုမူးဆိုပြန်
    ထုတူးခိုသံ

    Reply

Leave a Reply to mamanoyar Cancel Reply

Your email address will not be published.