ဒီအတိုင်းပဲ ကြည့်နေတော့မှာလား

manawphyulayAugust 9, 20121min021

ကားကြောပိတ်ဆို့မှုမြင်ကွင်း
ဘုရင့်နောင်တံတားတွင် တည်ဆောက်မှုမလုပ်သေးခင် အမြဲလိုလို နေ့ကော ညကော ယာဉ်ကြောပိတ်ဆို့ဖြစ်နေတာတွေ အတော့်ကို လွန်လာပြီလို့ မြင်မိပါတယ်။ ဘယ်လောက်ပဲ စောစောအိမ်က ထွက်ထွက်… အလုပ်က အရင်ထက် နောက်ကျနေလာတဲ့အခါ အလုပ်ပါ ထိခိုက်မှာကို စိုးရိမ်လာမိပါတယ်။ ဘာတွေလုပ်နေကြလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ကြည့်ဦးလေ မြင်တဲ့အတိုင်းပဲ ဒါတောင် လူတိုင်း ကားဝယ်စီးနိုင်သေးတာမဟုတ်ဘူး။ အရစ်ကျသာ ဝယ်စီးကြတော့မယ်ဆိုရင်တော့….

21 comments

  • ko khin kha

    August 9, 2012 at 11:52 am

    အင်း နောက်ဆိုရင် ကားလမ်းပိတ်လို့ ရဟတ်ယာဉ်တွေ ဝယ်ခွင့်ပေးလာ မလားမသိဘူးနော်။
    ( အတွေးသက်သက်ပါ-လက်တွေ့မှာတော့ စောစောထလို့ စောစောရုံးသွားကြပါစို့)

    Reply

  • မွန်မွန်

    August 9, 2012 at 12:24 pm

    အဲလာကြောင့် ကားလည်း ဝယ်မစီးတော့ဘူး… ဘတ်စ်ကားလည်း မစီးတော့ဘူး… လမ်းပဲလျှောက်သွားတော့မယ်… 😛

    Reply

    • P chogyi

      August 9, 2012 at 1:36 pm

      လမ်းလျှောက်သွားမယ်ဆိုရင်
      ပလက်ဖောင်းပေါ်ကလျှောက်ပါ၊ လူကူးမျဉ်းကျားကကူးပါ။
      မဟုတ်ရင်ပိုကြာသွားနိုင်ပါတယ်။

      Reply

  • lynn lynn

    August 9, 2012 at 1:15 pm

    မမနောရေ ကားလမ်းကြပ်တာ စိတ်ဆင်းရဲလွန်းလို့။ ဒီအတိုင်း အတောင်တပ်ပြီး ပျံရင်ကောင်းမလား စဉ်းစားနေတာ။

    Reply

    • မမ အညာသူ

      August 9, 2012 at 2:21 pm

      ဟုတ်တယ်နော် အလုပ်ကအရေးကြီးပါတယ်ဆို စောင့်နေရတဲ့အချိန်ကတော်တော်ကြာတယ်လေ
      တောင်ပံတစ်စုံသာရှိနေမယ်ဆိုရင်…………………………

      Reply

  • snow white

    August 9, 2012 at 1:21 pm

    ဒီလောက်ကတော့ မမှုတော့ ကိုယ့်ကဘဲအလျော့ပေးကာ နဂိုအိမ်ကထွက်ချိန် ထက်စောစောလေးသာ ထွက်လာပါလို့ အကြံပေးလိုက်ချင်ပါတယ်။။

    Reply

  • shwe kyi

    August 9, 2012 at 1:24 pm

    အက်ရှင်ကားထဲကမင်းသားတွေလို ကားအမိုးပေါ်တွေကနေခုန်ကူးပြီးသွားကြည့်ပါလား 😀

    မမနောရေ ညီမကတော့အဲဒီလိုဒုက္ခတွေမခံစားရပေမယ့် ကြားနေရတာတွေနဲ့တင်စိတ်ပျက်မိပါတယ်။
    ပြည်လမ်းမှာဆိုလည်း ဟံသာဝတီအဝို်င်းလောက်ကစပြီးလှည်းတန်းပွိုင့်အထိတရွေ့ရွေ့ပဲခရီးနှင်ရတယ်တဲ့ လှည်းတန်းကျတော့မီးပွိုင့်ကမိပြန်ရောတဲ့ ကြားမိတာလေးပါ။ ဘုရင့်နောက်ကတော့နာမည်ကြီးပါပဲ။
    ကိုယ်ချင်းစာမိပါတယ်အစ်မရယ်။

    Reply

  • ahnyartamar

    August 9, 2012 at 1:38 pm

    တကယ်တော့ ကိုယ့်ယာဉ်ကြောကို မောင်းရင် ယာဉ်ကြောက မကြပ်ပါဘူး၊ ရှေ့မှာမီးပွိုင့်မိတာနဲ့ နောက်ကားတွေက တဖတ်ယာဉ်ကြောကနေ ရှေ့ကိုကျော်တက်ဖို့ကြိုးစားကြတယ်၊ အဲဒီမှာ မီးပွိုင့်လည်းလွှတ်ရော တဖတ်ယာဉ်ကြောကမျက်နှာချင်းလာတဲ့ကားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ယာဉ်ကြောတွေပိတ်ဆို့ကုန်ပါလေရော။
    နောက်ပြီး လမ်းတွေမကောင်းတာ၊ (လမ်တွေမကောင်းတော့ လမ်းကောင်းတာကို လုမောင်းရော)၊ အတည့်သွားမဲ့ကားက ကွေ့လိုင်းကနေ နေရာယူထားတာ၊ စည်းကမ်းမရှိတာပေါ့။ လမ်းပြပုလိပ် လုံလုံလောက်မရှိတာ၊ အနှေးယာဉ်တွေအတွက် ယာဉ်ကြော သီးသန့်မရှိတာ၊ ဘုရင့်နောင်ဖက်ကတော့ ကားကြီးတွေ (ကွန်တိမ်နာ) ကြောင့်လည်းပါပါတယ်။
    ကျတော်လည်း ဒီဒုက္ခကို နေ့စဉ်နှင့်အမျှ ခံစားနေရတယ်၊ ဘုရင့်နောင်ကို ဖြတ်ပြီး စက်ရုံသွားရတာလေ။
    မမနောရေ…ဒုက္ခတူတွေပဲဗျို့။

    Reply

  • myanmarcitizen

    August 9, 2012 at 1:46 pm

    ဘုရင်နောင်ဂုံးကျော်တံတားစီမံကိန်းလုပ်တဲ့ FMI company ရဲ့ progress ကနှေးကွေးလွန်းတယ်။ လုပ်နေတဲ့လူအင်အားကလဲနဲတယ်။ အားမရဘူး။ ကွန်ကရက် လောင်းထားတဲ့ လမ်းအတက်လေးကို ဖျက်နေတာ ၁ပတ်လောက်အချိန်ယူရတယ်ထင်တယ်။ လူတွေက စောက်နဲ့ ပေါင်တူနဲ့ပဲထုခွဲနေတာတွေ့ ရတယ်။ နောက် မီးပိုင့်နားက ကြော်ငြာဆိုင်းပုတ် အောက်ခံကိုလဲ အဲ့လိုပဲ ထုခွဲနေတယ် (အဲ့ဒီလိုနည်းလမ်း တစ်ခုထဲရှိတာထင်တယ်) အဲ့တော့ဘယ်မြန်မြန်ပြီးနိုင်တော့မလဲ။ ဒီလိုမျိုးနေရာမျိုးတွေမှာ နေ့ဆိုင်း၊ ညဆိုင်း နဲ့မြန်မြန်ပြီးအောင်ဆောင်ရွက်သင့်တယ်။ သီရိမွန်ပလာဇာ ဘက်ကနေ မြို့ထဲကိုထွက်တဲ့လမ်းကိုမြန်မြန်ပြီးအောင်လုပ်နိုင်ရင်တော့ နဲနဲသက်သာလိမ့်မယ်

    Reply

  • manawphyulay

    August 9, 2012 at 2:22 pm

    အဲဒါပါပဲ။ ဒါတွေ ပြောရင် ဒေါတွေ ပါလာမှာစိုးလို့ မပြောတော့ပါဘူး။ ခက်တာက လုပ်ငန်းမစခင်ထဲက ကားကြောပိတ်နေတာ ဘာကြောင့်လဲဆိုတာ သူတို့ရှင်းလင်းသင့်နေပြီလေ…

    Reply

  • etone

    August 9, 2012 at 2:23 pm

    အစ်မမနောရေ .. ဘုရင့်နောင် တံတားပိတ်တဲ့ အကြောင်း အရင်ကတည်းက ရွာထဲမှာ .. နှစ်ယောက် ၊ သုံးယောက်လောက် …. ရေးပြထောက်ပြခဲ့ဖူးပါတယ် …. ။ ဘုရင့်နောင်မီးပွိုင့်မှာ … ကားပိတ်တာ … အခုတံတားဆောက်တော့မှ ဖြစ်တဲ့ အဖြစ်ပျက်တော့မဟုတ်ပါဘူး ….. အရင်ကလည်း ဖြစ်ပါတယ် .. အခု တံတားဆောက်တော့ .. ပိုကားပိတ်တယ်ပေါ့နော် …. ။ ဘုရင့်နောင်လမ်းဆုံမှာ ဘေလ်ဘုတ်အကြီးကြီးနဲ့ ထောင်ပြီး ပြည်သူတွေကို အသိပေး …. ပန်ကြားထားတဲ့ စာထောင်ထားပါတယ် …. ။ ကားပိတ်လို့ စိတ်မရှည်ပေမယ့် …. မကြာခင်ကောင်းတော့မှာပါဆိုတဲ့ အသိနဲ့ …. ဒေါသတော့ မထွက်ဖြစ်ခဲ့ပါဘူး … ။

    ဘုရင့်နောင်လမ်းဆုံမှာ အလယ်ကြောတစ်ခုတည်းကသာ .. နည်းနည်း ပြေပြေပြစ်ပြစ်သွားလို့ရတာ … ။ ဆိုလိုတာကလေ .. ဘေးလမ်းကြောင်းတွေ အကုန်လုံး .. ချိုင့်တွေ ခွက်တွေချည်းပဲ … ဖြတ်မောင်းသွားရင် .. ကားက လှေလူးသလိုကို လူးနေတာမို့ …. ကားသမားတွေက အပေါ်လမ်းကိုပဲ ရွေးမောင်းပါတယ် … ။ မတတ်သာတဲ့ အဆုံး မှသာ .. လမ်းဘေးချမောင်းတာပါ … ။ ဒါ့ပြင် …. ဘုရင့်နောင်လမ်းဆုံမှာ … မီးပွိုင့်ပျက်လို့ … ဘဲဥတွေ လမ်းလည်ခေါင်ရောက်နေလျှင် … အတော်ဆိုးပါတယ် …. ။ မီးပွိုင့်ကြာချိန်ထက်ကို ပိုပြီး တလမ်းကြောထဲ လွှတ်ပေးရင်း .. ကျန်လမ်းကြောက ကားတွေ … လမ်းကြောင်းပြောင်းပြန်မောင်းလို့ … ပွိုင့်ထိပ်မှာ လာတိုးတဲ့အခါ … ဘယ်လည်းကွေ့မရ ၊ ညာလည်း ကွေ့မရ .. တည့်တည့်သွားတော့လည်း ပြောင်းပြန်မောင်းတဲ့ကားက … ပေတေပြီး ရပ်နေဆိုတော့ … အတော် ဂွတီးဂွကျနဲ့ … ။

    ကားတွေကလည်း စည်းကမ်းမရှိပဲ … နှစ်လမ်းသွားဆို သုံးလမ်းဖြစ်အောင် ပေတေပြီး ဝင်ပူးတယ် .. သုံးလမ်းဆို လေးလမ်းဖြစ်အောင် ဝင်တိုးတယ် .. ဒါနဲ့ပဲ …… ကားတွေ ရှေ့တိုးမရ .. နောက်ဆုတ်လို့ မရလို့ …… ညကိုးနာရီကျော်အထိ …. ပိတ်မိခဲ့ဖူးတယ် … ။ ကားမပိတ်တဲ့ နေရာထိ …လမ်းလျှောက်ပြန်ပြီးမှ ကားငှားလို့ … အိမ်ရောက်ခဲ့တဲ့နေ့တွေလည်း ရှိတယ် … ။ ဒါတောင် ကွန်တင်နာတွေနဲ့ … ကုန်သည်ယာဉ်တွေကို ဘုရင့်နောင် တံတားက .. ပေးမဖြတ်ပေလို့သာပဲ …. ။
    ဘုရင့်နောင် တံတားဆောက်ကတည်းက မနက်တိုင်း ရုံးနောက်ကျတယ် …… ။ အကောင်းဘက်တွေးလျှင်တော့ .. ကားပေါ်မှာ အိပ်ချိန်ပိုရတယ်ပေါ့ … ခွိခွိ 😉

    Reply

    • manawphyulay

      August 9, 2012 at 2:34 pm

      ကားလမ်းကြော ဘယ်လောက်ပိတ်လည်း မပိတ်လည်း အစ်မ လမ်းလျှောက်ပြန်ရတဲ့နေ့တွေ များလား မများလားဆိုတာ အမပုံသဏ္ဍာန်သာ ကြည့်တော့ ညီမလေးရေ… 😛

      Reply

  • ster

    August 9, 2012 at 3:38 pm

    တည်ဆောက်ရေးကာလအတွင်း ပေးသွားထားတဲ. လမ်းကျဉ်းကျဉ်းလေးကိုတော. ကောင်းအောင် အရင်ပြင်ပေးသင်.ပါတယ်၊ FMI နဲ. ( ဆောက်လုပ်ရေးလား၊ စည်ပင်လား) ကြားထဲမှာ ဘာတွေ တွက်ကပ်နေကြတာလဲ မသိဘူး။
    လုမောင်းကြတာ အန္တရာယ်များလွန်းပါတယ်၊ ကားတွေလဲ ပျက်ဆီးတာပေါ.။
    မီးပွိုင်.အလယ်တည်.တည်.မှာ ချိုင်.အကြီးကြီးတွေ ဖြစ်နေတာကို မသိသလို နေနိုင်ကြတယ်။ လမ်းကောင်းရင် ကားပိတ်တာ နဲနဲတော. သက်သာမယ် ထင်တယ်။
    အခုဟာက ဘုရင်.နောင်ဖြတ်ဖို.အချိန်ကို မှန်းလို.မရတော.ဘူး၊ အရေးကြီးရင် ဒုက္ခ၊ သက်ဆိုင်ရာတွေက တခုခု စီစဉ်ပေးသင်.နေပါပြီ။

    Reply

  • si tone

    August 9, 2012 at 3:59 pm

    အင်း ဆရာမရေ ကားလမ်းတွေ ကတော့ ကျယ်တာရှိတယ် ကျ၁ု်းတာရှိတယ်……
    တကယ်တမ်းကျတော့ လမ်းနဲမဆိုင်ဘူး ကားတွေနဲ လူတွေနဲပဲဆိုင်တယ်……. ပြီးတော့ မီးပွိင့်နဲ့လဲဆိုင်တယ်
    ထင်တယ်

    Reply

  • ho leo

    August 9, 2012 at 4:53 pm

    မြို့ပြင်မှာနေတဲ့လူတွေ ဆိုရင် အချိန်ကို ၁နာရီ၊ ၁နာရီခွဲလောက်ကြိုထွက်ရတယ်။
    အချိန်ကုန်လူပင်ပန်းတာပေါ့။

    Reply

  • kyaw moe myint

    August 9, 2012 at 5:03 pm

    ဘုရင့်နောင်လမ်းမှာ ကားပိတ်တာ ကိုယ်တွေ့ကြုံဘူးပါတယ်။ လှိုင်သာယာ FMI city က ခရီးသွား လုပ်ငန်းမှာလုပ်တုန်းကကြုံခဲ့ရတာပါ။ FMI ထိပ်ကနေ ဘုရင့်နောင်လမ်းဆုံအထိလမ်းလျှောက်ပြန်ခဲ့ရ
    ပါတယ်။ ဒါတောင် အခုလို တံတားဆောက်ဖို့လမ်းပိတ်တာမဟုတ်ပါ။ သာမန်အချိန်မှာပိတ်တာပါ။ အခုုဆိုပိုဆိုးလိမ့်မယ်ဆိုတာ မြင်ယောင်မိပါတယ်။ လှည်းတန်းလမ်းဆုံမှာလည်း ထိုနည်းလည်း ကောင်းပါ
    ပဲ။ ပြောတုန်းကတော့ လေကြီးဖင်ခေါင်းကျယ်ပြီး လေးလအတွင်းမှာတံတားလေးစင်း
    ကို အပြီးဆောက်မယ်တဲ့။ စီမံကိန်းစမယ်ဆိုပြီးပြင်တဲ့အချိန်ကျတော့ လေးလကနေ တနှစ်ဖြစ်သွားပါတယ်။
    ဖြစ်သင့်ရဲ့လားဆိုတာ စဉ်းစားကြည့်ကြပါ။

    Reply

  • နွေဦး

    August 9, 2012 at 5:15 pm

    8-8-2012 မှာ လှိုင်သာယာက ဘုရင့်နောင် တံ့တားပေါ်မှာ ညနေ ၃နာရီကနေ ၃နာရီခွဲ ထိ နာရီဝက်ကျော် ပိတ်မိနေပါတယ် ။တလမ်းလုံးကားပိတ်လိုက် စောင့်လိုက်နဲ့ မြို့ထဲကို ညနေ ၅နာရီလောက်မှ ပြန်ရောက်ပါကြောင်း ။
    သို့ပါ၍ ဒီအတိုင်းကြည့်နေသူများကို မကြေနပ်ကြောင်း ….။

    Reply

  • အလင်းဆက်

    August 9, 2012 at 8:12 pm

    စနစ်တကျရှိဖိ ု့…
    အတော်လိုသေးတယ်နော် ။

    လိုနေတာတွေ.အများကြိးပါ ။

    Reply

  • သမာဓိ

    August 9, 2012 at 11:10 pm

    taxi တွေကလဲ အဲ့ဒီဘက်ဆို သိပ်မလိုက်ချင်ကြဘူးဗျ
    ဈေးပိုတောင်းချင်ကြတယ် …

    Reply

  • ကိုသင်း

    August 14, 2012 at 9:52 am

    ယာဉ်ကြောပိတ်တိုင်း ဆဲဆိုနေယုံနဲ့ ပြိးမှာမဟုတ်ဘူး၊တစ်ကယ်
    အဓိကကျတဲ့ အချက်က ယာဉ်မောင်းတွေ အမြန်ရောက်ချင်စိတ်နဲ့
    အလုအယက်ကျော်တာက စတာပဲ၊အထူးသဖြင့် TAXI နဲ့လိုင်းကား
    သမားတွေကြောင့်ပဲ လက်ညိုးထောင် ခေါင်းထိုးထည့်လုပ်ရပ်တွေက
    ပိုဆိုသွားစေတာပဲ၊ နောက်ပြိး မျဉ်းကျားကိစ္မ မျဉ်းကျားကလူမကူးရင်
    ဖမ်းပြိးဒဏ်ရိုက်တယ်၊ဒါဆို မျဉ်းကျားမှာ ရပ်မပေးတဲ့ကား ဘာလုပ်ကြ
    မှာလည်း ၊စည်းကမ်းသည် လူ့တန်ဘိုးဆိုတာကို မေ့နေကြရင်တော့
    အရာရာကောင်းလာဖို့ မရှိဘူး၊စင်ကာပူရဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း
    ကို အတုယူသင့်တယ်။

    Reply

  • yadanar nwe

    August 15, 2012 at 10:41 am

    ကားပိတ်တာစိတ်မရှည်လွန်းလို့ ရောက်ဖို့ 5 မှတ်တိုင်လောက် အလိုဆို လမ်းဆင်းလျှောက်လိုက်ရော —–
    စီးလာတဲ့ ဘတ်စ်ကားထပ်တောင် အရင်ရောက်သေး း))

    Reply

Leave a Reply to ko khin kha Cancel Reply

Your email address will not be published.